စပါးစ်ကို ဝယ်ယူရေး ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ဒီဂျေသမားဟောင်းဦးဆောင်တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးအဖွဲ့ ကမ်းလှမ်း

စက်တင်ဘာ ၂၆

ဒီဂျေသမားဟောင်းတစ်ဦး ဦးဆောင်တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ခုဟာ စပါးစ်ကို ဝယ်ယူရေး ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ကမ်းလှမ်းလာပါတယ်။

ရင်းနှီးမြှပ်နှံရေးသမား ၁၂ ဦး ပါဝင်တဲ့ ယင်းအဖွဲ့ကို နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် ဘရွတ်ကလင်းအဲရစ်က ဦးဆောင်ကာ စပါးစ်ကို ဝယ်ယူရေး ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲရစ်နှင့် အပေါင်းအပါတို့ဟာ စပါးစ်ကလပ်တစ်ခုလုံးအား ENIC နှင့် လီဝစ်မိသားစုထံမှ ပေါင် ၃.၃ ဘီလီယံဖြင့် ဝယ်ယူရေး ကမ်းလှမ်းထားတာပါ။

၎င်းတို့ရဲ့ ကမ်းလှမ်းမှုတွင် နောက်ထပ် ပေါင် ၁.၂ ဘီလီယံအား ကစားသမားလုပ်ခ၊ ပြောင်းရွှေ့ကြေး၊ အေးဂျင့်ခတို့အဖြစ် အသုံးပြုပေးလာမှာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ စပါးစ်အား ဝယ်ယူရေး အောင်မြင်လာပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် သောမတ်စ်ဖရန့်အတွက် ပြောင်းရွှေ့စရိတ်အမြောက်အမြားချပေးလာမှာလည်း ဖြစ်ပါတယ်။

၎င်းတို့ ကမ်းလှမ်းလာတဲ့ ပေါင် ၄.၅ ဘီလီယံမှာ ဘောလုံးလောကတွင် စံချိန်တင်ကြေးလည်း ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိသာ ရှိသေးတဲ့ အဲရစ်ဟာ NBA နှင့် NFL တို့မှာ အားကစားရင်းနှီးမြှပ်နှံသူများကို စုစည်းပြီး ရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ မြောက်လန်ဒန်ကလပ်အား အပြီးသတ်ဝယ်ပြီး “Tottenham 3.0” စီမံကိန်းဖြင့် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်မယ့် အသင်းအဖြစ် တည်ဆောက်ပေးလာမှာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ စပါးစ်ကွင်းအမည်ကိုလည်း ပေါင်သန်း ၂၅၀ ဖြင့် ဝယ်ယူရန် စီစဉ်ထားပါသေးတယ်။

အဲရစ်ဟာ စပါးစ်ကို ဝယ်ယူရေးအတွက် လွန်ခဲ့တဲ့ လအတန်ကြာကတည်းက ဥက္ကဌဟောင်းဒါနီရယ်လီဗိုင်းအပါအဝင် အကြီးအကဲများနှင့် ဆွေးနွေးလာခဲ့တာပါ။

စပါးစ်ကို ပိုင်ဆိုင်တဲ့ ENIC ဟာ ဥက္ကဌရာထူးမှ ဒါနီရယ်လီဗိုင်း ထွက်ခွာသွားပြီးနောက် အတန်ကြာတွင် ကလပ်ကို ဝယ်ယူရေး ကမ်းလှမ်းမှုများ ရှိလာခဲ့ပေမဲ့ ကလပ်ကို လုံးဝ ရောင်းချမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image