ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်ကစားသမားများ အခွင့်အရေး ရရှိမှု စံချိန်တင်နည်းပါးလာမှုအပေါ် တူချယ် စိုးရိမ်နေ

အောက်တိုဘာ ၁၂

ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်ကစားသမား အရေအတွက် စံချိန်တင်နည်းပါးလာပြီးနောက် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ပရီးမီးယားလိဂ်ကလပ်များအား အင်္ဂလိပ်ကစားသမားများအား ပိုမို အားပြု အသုံးပြုရန် တိုက်တွန်းလာပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အင်္ဂလိပ်ကစားသမားများ ပွဲထွက်ခွင့်ရမှုက လေးပုံတစ်ပုံပင် မပြည့်လာမှုနှင့်အတူ တူချယ်အတွက် အင်္ဂလန်အသင်းအား ရွေးချယ်ရာတွင် အခက်တွေ့စေလျက်ရှိပါတယ်။

ဆောက်ဂိတ်လက်ထက်တုန်းက အင်္ဂလိပ်ကစားသမား ၃၀ မှ ၃၃ ရာခိုင်နှုန်းအကြား ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း တူချယ်လက်အောက်တွင်တော့ ၂၃.၂ ရာခိုင်နှုန်းတည်းသာ အံ့ဩသင့်ဖွယ် ရရှိနေပါတယ်။

ဒါကြောင့်လည်း တူချယ်က "ကျွန်တော် စိုးရိမ်နေတယ်။ အင်္ဂလိပ်ကစားသမားတွေ ပိုကစားခွင့်စေချင်တယ်။ ပိုကစားခွင့် ရလေ ကောင်းလေပါ။ ဒါပေမယ့် ကျွန်တော်ကလည်း ကလပ်ဘောလုံးလောကက လာတဲ့သူပါ။ ဘယ်သူမှ ထိန်းချုပ်လို့ မရဘူးဆိုတာ သိပါတယ်။ တယောက်ယောက် ကစားခွင့်ရလာပြီဆိုရင် ကစားခွင့်ရလာမှာပါ။ ဒီတော့ နေရာအတွက် သူတို့ တိုက်ပွဲဝင်ရမယ်။ အရည်အသွေးရှိတဲ့သူတွေအတွက် လမ်းဆိုတာ ရှိပြီးသားပါ"လို့ ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာ ကြားရက်တုန်းက ဝေးလ်နှင့် ခြေစမ်းပွဲတွင် ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

တူချယ်ဦးဆောင်တဲ့ အင်္ဂလန်ဟာ တနင်္လာနေ့မှာ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမှာ ဖြစ်ပြီး ယင်ပွဲ အနိုင်ရရှိပါက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါမယ်။

#ဘောလုံးသတင်းစုံ

image