Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်နိုင်ငံက ချန်စီ လို့အမည်ရတဲ့ သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကစပြီး နန်ကျင်းယန်ဇီမြစ်ကူးတံတားပေါ်မှာ ကင်းလှည့်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ် နန်ကျင်းယန်ဇီမြစ်ကူးတံတားဟာ "နန်ကျင်းမြို့ရဲ့ကောင်းကင်တမန်" လို့လူသိများ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုယ်သxတ်ေxသမှုအများဆုံးပြုလုပ်တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ် သူဟာ စနေ၊ တနင်္ဂနွေရက်တွေမှာ အဲဒီတံတားပေါ်မှာနေပြီး ကိုယ့်ကိုယ်ကိုယ်သxတ်ေxသကြိုးစားတဲ့ ရာနဲ့ချီတဲ့လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးခဲ့ပါတယ်
ချန်စီ ဟာ ညအိပ်ယာဝင်ချိန်တွေအထိ တံတားပေါ်မှာ လှည့်ပတ်ကြည့်ရှုပြီး အကူအညီလိုအပ်နေတဲ့သူတွေကို ရှာဖွေတတ်ပါတယ် သူဟာ သူ့ရဲ့ကားလေးနဲ့ အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါး စတာတွေကို အမြဲတမ်းဆောင်ထားပြီး လိုအပ်တဲ့သူတွေကိုလည်း ကူညီပေးပါတယ်
ချန်စီဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားနေတဲ့သူတွေကို တွေ့ရင် စိတ်ရှည်လက်ရှည်နဲ့ စကားပြောပြီး သူတို့ရင်ထဲက ခံစားချက်တွေကို နားထောင်ပေးပါတယ် အဲဒီလို နားထောင်ပြီးတဲ့အခါမှာ ဘဝရဲ့ တန်ဖိုးရှိပုံနဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို ရှင်းပြပေးပါတယ် တချို့ကိုလည်း သူ့အိမ်မှာ ခေါ်ထားပြီး အလုပ်အကိုင်ရှာဖွေပေးတာ ဒါမှမဟုတ် ငွေကြေးအကူအညီပေးတာ စတဲ့ နည်းလမ်းတွေနဲ့လည်း ကူညီပေးပါတယ်
ချန်စီရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးကပါ လူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ် အစပိုင်းမှာတော့ သူတစ်ယောက်တည်း လုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုကူညီဖို့ စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ကြပါတယ် ချန်စီကတော့ ဒီလိုလုပ်တာကိုသူ့ရဲ့ဘဝပေးတာဝန်တစ်ခုအနေနဲ့ သတ်မှတ်ပြီးဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်
ကျွန်တော်ငယ်ငယ်က
ကိုယ့်ကိုယ်ကို ပိုက်ဆံရှိသားသမီးလို့ထင်ခဲ့တယ်၊
မူလတန်းအရွယ်ကျောင်းသွားရင် ဆွဲခြင်းလေးထဲမှာ
မုန့်တွေအပြည့်၊လက်ညိုးထိုးသမျှရခဲ့တယ်၊
ကျွန်တော်သိတတ်တဲ့ အထက်တန်းကျောင်းသားအရွယ်ရောက်လာတော့ ကျွန်တော်တို့မိသားစုသိပ်မချမ်းသာဘူးဆိုတာကိုနားလည်လာတယ်၊
ကျွန်တော်သတ်မှတ်တာအလယ်အလတ်တန်းစားပေါ့၊
ပိုလျှံမနေပေမယ့်ကျွန်တော်တို့အဆင်ပြေပြေနေနိုင်သားပဲ၊
ကျွန်တော်ရင့်ကျက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့မိသားစုက
ဘယ်လောက်ခက်ခဲလဲဆိုတာသိသွားခဲ့တယ်၊
အခုမှခက်ခဲလာတာမဟုတ်ဘူး၊အရင်ကတည်းက
ကျွန်တော်ငယ်ငယ်လေးကတည်းကပါပဲ၊
ကျွန်တော့်မိဘတွေက ကျွန်တော်လိုသမျှကိုကြိုးစားဖြည့်ဆည်းပြီး
ကျွန်တော့်ကိုယ်ကျွန်တော်ချမ်းသာတယ်ထင်အောင်လုပ်ပေးထားတာ၊
အဲ့တာကျွန်တော့်မိဘတွေရဲ့အရည်အချင်းပါပဲ။
#စာတို
အောက်ပိုင်းကြွက်သားကောင်းခြင်းသည် ခန္ဓာကိုယ် တခု၏ foundation ကောင်းခြင်းပါ။ အသက်ငယ်ငယ်၊ အသက်ကြီးကြီး ကစားသမားတိုင်းအတွက် အရေးကြီးသည့် မာဆယ်ဖြစ်သလို၊ လူသားတိုင်းအတွက် functional muscle ပါ။
အောက်ပိုင်းကြွက်သားကြီးအောင် ၁ ပတ်လျှင် ၁ ရက်/ ၂ ရက် ကစားပေးပါ။ ပင်ပန်းသည့်အတွက် ကယ်လိုရီလောင်ကျွမ်းမှု များသလို၊ အဆီလောင်ကျွမ်းမှုနှင့် မာဆယ်ကြွက်သား ထုထည်ကို မြန်မြန် တက်လာစေပါသည်။
အောက်ပိုင်းကစားနည်းများတွင် လူငယ်ကစားသမားများအတွက် squat ထိုင်ခြင်းသည် ကစားသင့်ဆုံး ဖြစ်သည်။ အကြမ်းအားဖြင့် အောက်ပိုင်းကြွက်သားများသာမက၊ အပေါ်ပိုင်းကြွက်သားအချို့ကိုလည်း ကောင်းလာစေပါသည်။
အောက်တွင် squat လုပ်နည်း ပုံစံ ( ✅ )၊ ပုံစံ (❌) ကို ပြထားပေးပါသည်။ သတိထားရမည့်အချက်မှာ အလေးများများနှင့် ကစားနိုင်ခြင်းထက် ပုံစံ မှန်မှန် ကန်ကန်နှင့် ကစားနိုင်ရန် လိုအပ်ပါသည်။
ကစားသည့်ပုံစံ ကောင်းလျှင်၊ ရေရှည် မာဆယ်ကြွက်သားကောင်းလာသလို၊ ဒဏ်ရာအနာတရ ရခြင်းမှလည်း ကင်းဝေးလာပါမည်။
စေတနာဖြင့် မျှဝေပေးခြင်းသာဖြစ်ပါသည်၊
#ironvibes #squat #motivation #fitness