မာလာကာရွက်ရဲ့ အမျိုးသားများအတွက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ.......
​၁။ မျိုးပွားနိုင်စွမ်းနှင့် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ပေးခြင်း...။
မာလာကာရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် သုက်ပိုးအရည်အသွေးနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပါတယ်။
၎င်းတို့ဟာ ဝှေးစေ့တွေမှာရှိတဲ့ ဓာတ်တိုးမှုဖိအားတွေကို လျှော့ချပေးနိုင်ပြီး ကျန်းမာတဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။
​၂။ ဆီးကျိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း...။
ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆီးကျိတ်ကြီးထွားခြင်းနဲ့ ဆက်စပ်ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ပုံမှန်သောက်သုံးခြင်းက အသက်ကြီးလာတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
​၃။ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း...။
သွေးလည်ပတ်မှုကောင်းစေခြင်းဖြင့် မာလာကာရွက်ဟာ ပိုမိုကောင်းမွန်တဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်းကို ပိုကောင်းစေပြီး ခံနိုင်ရည်ကို ထောက်ပံ့ပေးနိုင်ပါတယ်။
ဒါ့အပြင် သဘာဝအလျောက် ကာမအားတိုးဆေးအဖြစ်လည်း လုပ်ဆောင်နိုင်ပြီး လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်ပါတယ်။
​၄။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း...။
မာလာကာရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဆီးချိုရောဂါဟာ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။
​၅။ ကိုယ်အလေးချိန်ထိန်းညှိမှုကို ကူညီခြင်း...။
မာလာကာရွက်ဟာ ကစီဓာတ်ကို သကြားအဖြစ် ပြောင်းလဲခြင်းမှ ကာကွယ်ပေးပြီး အဆီစုပုံခြင်းကို လျှော့ချပေးပါတယ်။
ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းက ပိုမိုကောင်းမွန်တဲ့ ဟော်မုန်းမျှတမှုနဲ့ အလုံးစုံသော အားအင်ကို ထောက်ပံ့ပေးပါတယ်။
​၆။ နှလုံးကို သန်မာစေခြင်း...။
မာလာကာရွက်ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တိုးတက်စေတာကြောင့် အမျိုးသားတွေကို နှလုံးရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
ကောင်းမွန်တဲ့ နှလုံးသွေးကြောကျန်းမာရေးဟာ လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုက်ရိုက်အထောက်အကူပြုပါတယ်။
​၇။ စွမ်းအင်နဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း...။
ပိုလီဖီနောနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တဲ့ သစ်တော်ရွက်ဟာ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ပေးပါတယ်။
​၈။ အစာခြေကျန်းမာရေးကို တိုးတက်စေခြင်း...။
မာလာကာရွက်ဟာ အူလမ်းကြောင်းကျန်းမာရေးကို ကူညီပေးပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အစာအိမ်ဖောရောင်ခြင်းတွေကို ကာကွယ်ပေးတာကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေပါတယ်။
​✅ အမျိုးသားများ မာလာကာရွက်ကို ဘယ်လိုအသုံးပြုနိုင်လဲ
​လက်ဖက်ရည်လုပ်သောက်ခြင်း - လတ်ဆတ်သော သို့မဟုတ် အခြောက်ခံထားတဲ့ မာလာကာရွက်တွေကို ၁၀-၁၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပါ။
​ပြုတ်ရည်လုပ်သောက်ခြင်း - အရွက်တွေကို တစ်ညလုံး ရေစိမ်ထားပြီး မနက်ပိုင်းမှာ သောက်ပါ။
​အမှုန့်- အခြောက်ခံပြီး အမှုန့်ကြိတ်ထားတဲ့ အရွက်တွေကို ရေနွေး ဒါမှမဟုတ် ဖျော်ရည်တွေနဲ့ ရောစပ်ပြီး သောက်နိုင်ပါတယ်။
​⚠️ သတိပြုရန်- အလွန်အကျွံသောက်သုံးခြင်းဟာ ဝမ်းချုပ်ခြင်း သို့မဟုတ် ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသင့်အတင့်သာ သောက်သုံးသင့်ပါတယ်။

image
14 ပတ် - ဘာသာပြန်ပါ။

ငါးပေါင်းထုပ် အလွယ်လုပ်နည်း.......။
ကျွန်တော်တို့မွန်ပြည်နယ်မှာ ငါးပေါင်းထုပ်ကို ဒီလိုပုစွန်နဲ့ပဲ ထုပ်တာများပါတယ်။ သူချည်း သီးသန့်စားလို့ကောင်းသလို ထမင်းနဲ့တွဲဖက်စားရင်လည်း ထမင်းမြိန်စေပါတယ်။ အိမ်မှာ ပေါင်းကြည့်တာ လွယ်ကူတာမို့ ငါးပေါင်းထုပ်အလွယ်ထုပ်နည်း မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ.........
- ပုစွန်
- မျှစ်
- ငှက်ပျောဖူး
- ဆိတ်ဖူး (မထည့်လည်းရ)
- ပဲပင်ပေါက်
- ရဲယိုရွက်
- ကြက်သွန်နီ
- ငရုတ်သီးစိမ်းတောင့်
- ဆား
- ကြက်သားမှုန်.
- ဆန်နှစ်မှုန့်
- ဆီ
ပြုလုပ်နည်း.........
အရင်ဆုံး မျှစ်၊ ငှက်ပျောဖူး၊ ဆိတ်ဖူး၊ ကြက်သွန်နီတို့ကို အနေတော်လှီးထားပါ။
ပြီးရင် ဇလုံတစ်ခုထဲသို့ ပုစွန်၊ မျှစ်၊ ငှက်ပျောဖူး၊ ဆိတ်ဖူး၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ဆား၊ ကြက်သားမှုန့်၊ ဆန်နှစ်မှုန့်၊ ရေအနည်းငယ်ထည့်ပြီး သမအောင် နယ်ပေးပါ။ပြီးရင် ရဲယိုရွက်ကို ဆီသုတ်ပြီး နယ်ထားတာတွေ ပုစွန်လေးတစ်ထုပ်ချင်းစီပါအောင် အနေတော်လေး ထုပ်ပြီး ငှက်ပျောဖက်နဲ့ပြန်ထုပ်ပါ။ ပြီးရင် အထုပ်တွေကို ပေါင်းအိုးနဲ့နာရီဝက်ခန့်ပေါင်းပြီးရင် အရသာရှိတဲ့ ငါးပေါင်းထုပ်လို့ခေါ်တဲ့ ပုစွန်ငါပေါင်းထုပ်လေး စားလို့ရပါပြီး..........။
ဒါကတော့ အိမ်မှာထုပ်တဲ့နည်းပါ။ ပါဝင်ပစ္စည်းတွေက ကိုယ်ကြိုက်နှစ်သက်ရာ အဆင်ပြေသလို ထုပ်စားလို့ရပါတယ်။

image

၃၀ နှစ်အောက် မူလတန်းအောင် မှ ဘွဲ့ရအထိ
လျှောက်ထားလို့ရသော သမဝါယမဦးစီးဌာနက
လစ်လပ်ရာထူး ၃၀၈ နေရာ အလုပ်ခေါ်စာ

#အလုပ်အကိုင်အခွင့်အလမ်း

imageimage

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။

ဒယ်လီအလီကို ခေါ်ယူဖို့ အသင်း ၃ သင်း ချိတ်ဆက်

စက်တင်ဘာ ၁၀

ပြီးခဲ့တဲ့ရက်ပိုင်းက စီးရီးအေကလပ် ကိုမိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီကို ခေါ်ယူဖို့ ကလပ်အသင်း ၃ သင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဗြိတိန်မီဒီယာတွေက ချန်ပီယံရှစ် ကလပ်အသင်းတွေဖြစ်တဲ့ ရက်စ်ဟမ်း၊ ဘာမင်ဂမ်နဲ့ ဝက်စ်ဘရွမ်းအသင်းတို့ဟာ ဒယ်လီအလီကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက်နေတယ်လို့ ဖော်ပြထားတာပါ။

ဟောလီးဝုဒ် နာမည်ကြီးတွေဖြစ်တဲ့ ရေနိုးလ်စ်နဲ့ မက်အယ်ဟန်နေတို့ ပိုင်ဆိုင်ထားတဲ့ ရက်စ်ဟမ်းအသင်းဟာ ဒယ်လီအလီရဲ့ ကစားသမားဘဝကို ပြန်လည်ရှာဖွေနိုင်အောင် ကူညီပေးနိုင်ဖွယ်ရှိနေပါတယ်။

ဒါအပြင် NFL ဂန္ထဝင် တွမ်ဘရာဒီအစုရှယ်ယာပိုင်ဆိုင်တဲ့ ဘာမင်ဂမ်အသင်းကလည်း လူစာရင်းအင်အား ပိုကောင်းအောင် ဒယ်လီအလီကို ခေါ်ယူချင်နေတာပါ။

ရက်စ်ဟမ်းအသင်းနဲ့ ဘာမင်ဂမ်အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန် တက်ခဲ့ပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဝက်စ်ဘရွမ်းအသင်းကတော့ ဒီရာသီ ချန်ပီယံရှစ် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာကြောင့် သူတို့ဟာ ဒယ်လီအလီကို ခေါ်ယူချင်နေတဲ့ ရက်စ်ဟမ်းနဲ့ ဘာမင်ဂမ်အသင်းတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင် တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဝက်စ်ဘရွမ်းအသင်းကို ဒယ်လီအလီရဲ့ စပါးအသင်းဖော်ဟောင်း ရိုင်ယန်မေဆန်က ကိုင်တွယ်နေပြီး သူဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် စပါးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒယ်လီအလီဟာ စပါးအသင်းထံ မပြောင်းရွှေ့မီ အင်္ဂလန်ထိပ်တန်းလိဂ် အပြင်မှာရှိတဲ့ MK ဒွန်းစ်အသင်းမှာ ကစားခဲ့ဖူးတာကြောင့် ချန်ပီယံရှစ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို စဉ်းစားဖွယ်ရှိနေတာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောထား တာကြောင့် ဘယ်အသင်းမှာ ကစားဖို့ ရွေးချယ်မလဲဆိုတာ မကြာမီမြင်တွေ့ရဖို့ ရှိနေတာဖြစ်ပါတယ်။

Source: Thesun

ပုံ - ဒယ်လီအလီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

SNA အယောင်ဆောင် ငွေတောင်းသူများကို အရေးယူမည်ဟု ပြော

စက်တင်ဘာ ၁၀

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အယောင်ဆောင်၍ ပြည်သူလူထုထံ စာများ‌ပေးပို့ကာ ခြိမ်းခြောက် ငွေတောင်းဆိုနေသူများကို ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်ဟု SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် လူတစ်စုက နေအိမ်များကို SNA တပ်ရင်း(၄)ဟုဆိုကာ စာများချိတ်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အတွင်း 09687167565 ကို ဆက်သွယ်၍ ကျပ်သိမ်း ၃၀၀ ပေးဆောင်ရန် ခြိမ်းခြောက်စာများ ပေးပို့နေသည်။

အဆိုပါ လုပ်ရပ်များသည် ရန်သူမှ SNA အယောင်ဆောင်ပြီး လူထုအပေါ်မှာ ခြိမ်းခြောက် ငွေညှစ်နေခြင်း ဖြစ်ကြောင်း၊ SNA ကို နာမည်ပျက်အောင် တမင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လူထုကြားထဲ စိုးရိမ်ထိတ်လှန့်မှု များ မဖြစ်ကြစေလိုကြောင်း SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။

ထိုဒေသတွင် SNA တပ်ရင်း ၄ မရှိကြောင်း၊ နာမည်များ သုံးနှုန်းထားသည်မှာလည်း လွှဲမှားနေကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးဆေဝမ်းဖှက “ ယနေ့အချိန်ထိ မိမိတို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် မိမိတို့ ပြည်သူ လူထုအပေါ် စိုးစင်းမျှ မထိခိုက် မနစ်နာစေသည့်အပြင် မည်သည့် အခါမျှ ပြည်ထောင်စုအပေါ် ဒုက္ခရောက်စေမည့် အဖွဲ့အစည်း မဟုတ်ပါဘူး။ ယခုလို SNA အယောင်အဆောင်ဖြင့် ဒေသတွင်းတွင် အမျိုးသားရေးသိက္ခာ ကျဆင်း စေရန် ဆောင်ရွက်မှုအား ပြုလုပ်သည့် ပုဂ္ဂိုလ်နှင့် နောက်ကွယ်မှ စီစဥ်ညွှန်ကြားသည့် အဖွဲ့အစည်းအား ပြင်းထန် စွာရှုံ့ချပြီး ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်”ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ SNA ၏ တပ်မဟာ ၅၆၅ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ကာကွယ်ရေးအတွက် ကြိုးပမ်းနေရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ ဟုမ္မလင်းနှင့် တမူးမြို့နယ်များ အတွင်းမှာလည်း SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မဟာ ၅ ခုထိ ဖွဲ့စည်းထားကြောင်း သိရသည်။

Credit - Central News Indepedence News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
14 ပတ် - ဘာသာပြန်ပါ။

ဒေါ်စန္ဒာမင်း ဝင်ပြိုင်မည့် NDF ပါတီအပါ ၄ ပါတီကို UEC ဖျက်သိမ်း

စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေထွက်သွားသည့် ဒေါ်စန္ဒာမင်း ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက် ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။

UEC က ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီ ၄ ပါတီတွင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၃ ပါတီ ပါဝင်ပြီး တိုင်းဒေသကြီး/ပြည်နယ် တစ်ခုကိုသာ ဝင်ပြိုင်မည့် ပါတီ ၁ ပါတီ ပါဝင်သည်။

ထိုပါတီများမှာ NDF ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့သည် ပြည်ထောင်စုတစ်ဝန်း ပြိုင်မည့်ပါတီများဖြစ်ပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုမှာသာ ပြိုင်မည့်ပါတီဖြစ်သည်။

NDF ပါတီသည် ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်၊ ဒေါက်တာမျိုးဆက်သွေးတို့ ဦးဆောင်ကြပြီး DNP မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးမောင်(ငြိမ်း) ဦးဆောင်သည်။

အဆိုပါ ပါတီများ ဖျက်သိမ်းရခြင်းမှာ သတ်မှတ် ပါတီဝင် ဦးရေ မပြည့်မီခြင်းနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေ အတွက် မပြည့်မီခြင်းတို့ကြောင့် ဖြစ်သည်ဟု UEC က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား တင်ရန် ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ထား သည်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၉)နှင့်(၁၀) အရ သတ်မှတ် ရက်ဖြစ်သည့် စက်တင်ဘာ ၇ ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ပါတီဝင် ဦးရေ မပြည့်မီသည့် NDF ပါတီ နှင့် ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသော DNP၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။

အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော(USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။

Credit - Central News Indepdndence News Agency

#centralnewsnaypyitaw

image
14 ပတ် - ဘာသာပြန်ပါ။

အစ္စရေးနဲ့အီတလီပွဲကို ရူးသွပ်ဖွယ် အကောင်းဆုံးပွဲလို့ ပြော

စက်တင်ဘာ ၁၀

အီတလီအသင်းနည်းပြ ဂတ်တူဆိုက အီတလီအသင်းက အစ္စရေးအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ နည်းပြတစ်ဦးအနေနဲ့ သူရရှိခဲ့တဲ့ ရူးသွပ်ဖွယ် အကောင်းဆုံးပွဲလို့ ပြောခဲ့ပါတယ်။

ဂတ်တူဆိုက “နည်းပြတစ်ဦးအနေနဲ့ ကျနော် ပါဝင်ခဲ့တဲ့ ရူးသွပ်ဖွယ် အကောင်းဆုံးပွဲပါပဲ။ ဒါပေမယ့် ဒါက ကစား သမားတွေရဲ့ ပြဿနာမဟုတ်ဘဲ ကျနော့်ရဲ့ ပြဿနာပါ။ ကျနော်တို့အနေနဲ့ တိကျတဲ့ပုံစံနဲ့ ကစားချင်ရင် ပိုပြီး ကောင်းအောင် လုပ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ဟာ တိုက်စစ်ဆင်မှုတွေကို စနစ်တကျလုပ်ဖို့ ရူးသွပ်ခဲ့တာ ကြောင့် အစ္စရေးက စောင့်ဆိုင်းပြီး အချိန်တိုင်းတန်ပြန်တိုက်စစ်တွေနဲ့ ဂိုးသွင်းဖို့လုပ်ခဲ့ပါတယ်။ ကျနော်တို့ ပိုပြီး တိုးတက်အောင်လုပ်ဖို့ လိုပါတယ်”လို့ ပြောခဲ့တာပါ။

အီတလီအသင်းဟာ ဒီပွဲမှာ အစ္စရေးအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ ဦးဆောင်ထားပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၄ ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ နယူးကာဆယ်အသင်း ကွင်းလယ်လူ တိုနယ်လီက အီတလီအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

အဲဒါကြောင့် အီတလီအသင်းဟာ အစ္စရေးအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး အရေးပါတဲ့ ၃ မှတ်ကို ရယူနိုင်ခဲ့ ပါတယ်။

အီတလီအသင်းဟာ နည်းပြသစ် ဂတ်တူဆို လက်ထက်မှာ ကစားထားတဲ့ ၂ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့ တာပါ။

အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ နော်ဝေအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးနိုင်ပွဲ ရယူထားနိုင်ပါတယ်။

အီတလီအသင်းဟာ ခြေစစ်ပွဲ အုပ်စုတွင်းမှာ နော်ဝေအသင်းရဲ့နောက် အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အီတလီအသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အက်စ်တိုးနီးယား၊ အစ္စရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

#ဘောလုံးသတင်းစုံ

image