ခန္ဓာကိုယ်ရဲ့အာယု‌ဗ္ဗေဒ ဒြပ်သဘာဝ Dosha တွေကို နားလည်ခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို ထိန်းညှိကြရအောင်!!!!
Dosha ဆိုတဲ့ ဝေါဟာရဟာ သက္ကတဘာသာ မှဆင်းသက်လာတဲ့ အာယုဗ္ဗေဒ ဆေးပညာ၏အဓိကကြသောအသုံးအနှုန်းတစ်ခုဖြစ်ပြီး "ပြဿနာများဖြစ်စေနိုင်သောအရာ" သို့မဟုတ်အမှားအယွင်း၊ ရောဂါ ဟူ၍ဘာသာပြန်ဆိုနိုင်ကာလူတစ်ဦး၏ခန္ဓာကိုယ်နှင့်စိတ်တွင်စီးဆင်းလည်ပတ်နေသော အဓိကဒြပ်စွမ်းအင်အမျိုးအစားသုံးမျိုးကိုရည်ညွှန်းပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ အာယု‌ ဗ္ဗေဒဆေးပညာမှာ ဒြပ်ကြီး (၅) ခုနဲ့ ဖွဲ့စည်းထားတာကိုတွေ့ရှိရပါတယ်။ ရေဒြပ်၊ မြေဒြပ်၊လေဒြပ်၊ မီးဒြပ် နဲ့ အာကာသဒြပ်ဆိုပြီးရှိကြပါတယ်။ အဲ့ဒီ ဒြပ်တွေစုပေါင်းဖွဲ့စည်းကြပြီး ခန္ဓာကိုယ်ကိုတစ်လုံးဖြစ်ပါ်လာဖို့ တည်ဆောက်ကြရာမှာ ပေါ်ထွက်လာတဲ့ စွမ်းအင် ကို Dosha လို့ခေါ်ပြီး အခြေခံအားဖြင့် စွမ်းအင်အမျိုးအစား (၃) ခုဖြစ်ပေါ်လာပါတော့တယ်။ ၎င်းအခြေခံစွမ်းအင် အမျိုးအစားပေါ်မူတည်ပြီး ကျွန်မတို့လူတစ်ဦးနဲ့ တစ်ဦးဟာ မတူညီ‌သော ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေ၊ အမူအကျင့်စရိုက်တွေ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေရှိတတ်ကြပါတယ်။
အဲ့ဒီ Dosha ‌(၃) မျိုးရဲ့ နာမည်က ဘာတွေလဲဆိုလို့ရှိရင်___
💗1. Kapha Dosha (ရေဒြပ်နှင့် မြေဒြပ်ပေါင်းစည်းခြင်း)
💗2. Pitta Dosha (ရေဒြပ်နှင့် )
💗3. Vata Dosha (လေဒြပ်နှင့် အာကာသဒြပ်ပေါင်းမီးဒြပ်ပေါင်းစည်းခြင်းစည်းခြင်း)
တို့ပဲဖြစ်ပါတယ်။
လူတစ်ဦးစီမှာလည်း Dosha အမျိုးအစားတစ်ခု ဒါမှမဟုတ် Dosha အမျိုးအစားတစ်ခုထက်ပိုတဲ့ပေါင်းစပ်မှုတွေနဲ့လဲဖွဲ့စည်းတည်ရှိတတ်ကြပါတယ်။ အဲ့ဒီ အာယုဗ္ဗေဒ Dosha တွေညီညွတ်မျှတစွာစီးဆင်းလည်ပတ်နေမှသာလျှင် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာဟာလည်း ရောဂါဖောက်ပြန်မှုမရှိပဲ သင့်တင့်စွာကျန်းမာနေမှာဖြစ်ပါတယ်။
💓Kapha Dosha စွမ်းအင် လွှမ်းမိုးမှူများသူ‌တွေဟာဆိုရင် သန်မာတဲ့ ကိုယ်ခန္ဓာအချိုးအစားများရှိကြပြီး သူတို့ဟာ အများအားဖြင့်ကိုယ်အလေးချိန်များတဲ့ သူတွေဖြစ်ကြပြီးတော့ လေ့ကျင့်ခန်းအားကစားတွေကိုကောင်းမွန်စွာပြုလုပ်နိုင်ကြပါတယ်။ မြေဒြပ်စင်နှင့်ရေဒြပ်စင်ပေါင်းစပ်လွှမ်းမိုးမှုတို့ကြောင့်သူတို့ဟာ ငယ်စဉ်ကတည်းက တည်ငြိမ်ခြင်း၊ သနားကြင်နာတတ်ခြင်းနှင့် သစ္စာရှိတတ်သောသူများဖြစ်တတ်ကြပါတယ်။ Energy Balance မဖြစ်တော့ဘူးဆိုရင်တော့ အလုပ်လုပ်ချင်စိတ်မရှိတော့ခြင်း၊ ခေါင်းမာနေတတ်ခြင်း တို့ဖြစ်နေတတ်ကြပြီး လိုအပ်တဲ့ ပြောင်းလဲမှုတွေဖြစ်နေရင်တောင်စိတ်ကျေနပ်နေတတ်ကြပါတယ်။
💓Pitta Dosha အမျိုးအစားများကတော့ မီးဒြပ်စင်များ လွှမ်းမိုးထားသောကြောင့် ၎င်းတို့ဟာ ပင်ကိုယ်စိတ်အားထက်သန်မှု၊ စိတ်ဓာတ်ပြင်းထန်မှုနှင့် စိတ်ဆက်စေမှုတို့ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာဆိုရင် အားကောင်းတဲ့ ကြွက်သားများဖြင့် တည်ဆောက်မှုရှိကြပြီးနှင့် ကိုယ်ခန္ဓာအချိုးအစားအလယ်အလတ်ရှိသောသူများဖြစ်တတ်ကြသည်။ ခိုင်မာသော စိတ်ဓာတ်ပိုင်ရှင်များဖြစ်ကြပြီးတော့ ကိုယ်မှန်တယ်ထင်ရာကိုလုပ်တတ်သောသူများလည်းဖြစ်ကြပြန်ပါသည်။ အများစုမှာ အစာစားချိန်ကျော်လွန်ပြီးမှစားသောက်ခြင်း၊ အစာလွန်ခြင်းများဖြစ်တတ်ကြ၍ ၎င်း၏နောက်ဆက်တွဲဖြစ်သောကျန်းမာရေးဆိုးကျိုးများဖြစ်ကြသည့် ဆက်စပ်သောရောဂါများခံစားရလေ့ရှိတတ်ကြသည်။ ဒါကြောင့် Pitta Dosha များဟာ ထစ်ကနဲရှိစိတ်ဆက်တတ်သောအကျင့်ကို ထိန်းချုပ်နိုင်ပြီးကောင်းမွန်သောနေရာတွင် ပါးနပ်စွာပြန်လည်အသုံးချနိုင်မှသာ အကျိုးရှိစေမှာဖြစ်ပါတယ်။
💓Vata Dosha လူများကတော့ လေဒြပ်စင်၏စိုးမိုးမှု‌အလျှောက် ခန္ဓာကိုယ်အချိုးအစားပုံစံများမှာ ပိန်ပိန်သွယ်သွယ်များဖြစ်ကြ၍ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါတက်ကြွမှုရှိနေတတ်ပြီး တီထွင်ဖန်တီးမှုအားကောင်းခြင်း၊ လူသစ်များနှင့်တွေ့ဆုံရခြင်းနှင့် နေရာဒေသသစ်များကို ခရီးသွားရ‌ခြင်းကိုအထူးနှစ်သက်ကြပေသည်။ Vata Dosha သမားတွေ Energy ညီမျှနေတဲ့အခါမှာဆိုရင်တော့ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး တက်ကြွသောစိတ်ကူးစိတ်သန်းပိုင်ဆိုင်ကာ မူလအတွေးအခေါ်ရှိသူများဖြစ်တတ်ကြသည်။ Energy မညီမျှတော့တဲ့အခါ စိုးရိမ်စိတ်များခြင်း၊ သေချာမှုမရှိသော မျှော်လင့်ချက်များပေးတတ်ခြင်း၊ လုပ်ရိုးလုပ်စဉ်တစ်ခုထဲကိုပဲ ဆွဲမြဲစွာပြုလုပ်နေတတ်ခြင်းတို့ပဲဖြစ်ပါတယ်။ အိပ်မပျော်ခြင်းရောဂါနဲ့ ခုခံအားနည်းတတ်ခြင်းတို့သည် Vata Dosha လွှမ်းမိုးမှုများသော သူတို့အဖို့ဖြစ်လေ့ဖြစ်ထရှိသော ဝေဒနာများဖြစ်ကြပါသည်။
ဒါကြောင့်ကိုယ်က ဘယ် Dosha လွှမ်းမိုးမှုအများဆုံးလဲဆိုတာကို ယေဘုယနားလည်ထားပြီး မိမိကျန်းမာရေးအတွက်လိုအပ်တဲ့ ကုသမှုမျိုးကို မှန်ကန်စွာပြုလုပ်နိုင်ကြပါစေလို့ အကြံပြုတိုက်တွန်းလိုပါတယ်ရှင်။
#newgoalyoga
#doshaenergy
#kaphadosha
#pittadosha
#vatadosha

image

သိပ်လှသောမြို့ငယ်လေးဆီ
အရောက်လာပါအုန်းမယ်...
🌧️🌨️

image

သိပ်လှသောမြို့ငယ်လေးဆီ
အရောက်လာပါအုန်းမယ်...
🌧️🌨️

image

သိပ်လှသောမြို့ငယ်လေးဆီ
အရောက်လာပါအုန်းမယ်...
🌧️🌨️

image

သိပ်လှသောမြို့ငယ်လေးဆီ
အရောက်လာပါအုန်းမယ်...
🌧️🌨️

image

သိပ်လှသောမြို့ငယ်လေးဆီ
အရောက်လာပါအုန်းမယ်...
🌧️🌨️

image
image
image
image
8 w - Translate

၁၉၂၀ ပြည့်နှစ်များအတွင်း ကိုလံဘီယာနိုင်ငံက Hotel del Salto ဟာ ခမ်းနားထည်ဝါတဲ့ ဟိုတယ်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံအတွင်းက ချမ်းသာကြွယ်ဝတဲ့သူတွေအတွက် အပန်းဖြေစခန်းတစ်ခု ဖြစ်ခဲ့ပါတယ်
ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ သွားရောက်ရာနေရာတစ်ခုအဖြစ် နာမည်ဆိုး ထွက်ပေါ်လာခဲ့ပါတယ်
ဒေသခံတွေရဲ့ ပြောပြချက်တွေအရ ဒီဟိုတယ်ကို စပိန်ကိုလိုနီနယ်ချဲ့တွေလက်ကနေ လွတ်မြောက်ဖို့အတွက် မူအိစ်ကာ (Muisca) တိုင်းရင်းသား အင်ဒီးယန်းအများအပြားဟာ ခုန်ချပြီး အဆုံးစီရင်ခဲ့ကြတယ်လို့ သိရပါတယ်
နောက်ပိုင်းနှစ်တွေမှာတော့ အချစ်ကြောင့် စိတ်ကျနေသူတွေဟာ ဟိုတယ်ရဲ့ ပေ ၅၀၀ အမြင့်ရှိတဲ့ မတ်စောက်တဲ့ ကျောက်ဆောင်တွေပေါ်ကနေ ခုန်ချဖို့ လာရောက်ကြတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သxတ်​ေxသမှုတွေနဲ့ ရှင်းပြမရနိုင်တဲ့ မတော်တဆမှုတွေကြောင့် ဒီဟိုတယ်ကို ၁၉၉၀ ပြည့်နှစ်များတွေမှာ စွန့်ပစ်ခဲ့ပြီး အဲ့ဒီအချိန်ကစလို့ ဒီနေ့အချိန်ထိ လူသူကင်းမဲ့နေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

အိမ်က ပေး စာ : လို့သာ ယူ ထာ: ရတာပါအေ
အချစ်ပါတာ မဟုတ်ဘူး...😼

image
8 w - Translate

Rainbow World(2024) ဟာဆိုရင် နာမည်ကြီး youtube cartoon series ဖြစ်တဲ့ rainbow high seriesရဲ့ spin off version ပဲဖြစ်ပါတယ်။Rainbow Highရဲ့ ဇာတ်လိုက်(Bella, Ruby, Poppy, Sunny, Jade, Skyler, Violet, Amaya) တိုက တစ်နေ့မှာတော့ Rainbow Worldဆိုတဲ့သက်တံ့တွေနဲ့ပြည့်နေတဲ့မှော်ကမ္ဘာတစ်ခုထဲကိုရောက်သွားပါတယ်။နောက်တော့သူတိုက Miss Morton နဲ့တွေ့ပြီး ဒီ Rainbow Worldထဲက ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေကို ပြန်လည်ပျော်ရွှင်နိုင်အောင် ကူညီပေးကြရမယ့် Shimmerတွေဖြစ်လာပါတော့တယ်။
သူတိုတွေ Shimmerဖြစ်လာဖို လေ့ကျင့်တဲ့နေရာမှာရော ဘာအခက်အခဲတွေတွေ့ရမလဲ…ကူညီတဲ့မစ်ရှင်မှာ ဘာတွေကြုံလာရမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။အကောင်းမြင်စိတ်နဲ့ သူငယ်ချင်းသံယောဇဥ်ကိုအလေးပေးတဲ့ ​animation လေးတွေနဲ့အတူ musical ဆန်ဆန်တွေ့မြင်ရမှာမို Rainbow High ရဲ့ပရိတ်သက်တွေအနေနဲ့ သေချာပေါက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

image
8 w - Translate

ကျွန်တော်ဟာ
ဘာမှမတက်နိုင်တော့တဲ့ အခါ
ရယ်ပဲ ရယ်နေလိုက်တော့တယ်။
အနည်းဆုံးတော့
ကိုယ်ပြိုလဲတာ
ဘယ်သူမှ မသိတော့ဘူးပေါ့.....။
💭 || 20.11.2024
#စစ်ငြိမ်း #စာတို