မပျော်ရတဲ့ မြစ်ထဲ မင်းခုန်ဆင်းတယ်ဆိုတာ
တကယ်က ပျော်ချင်နေတာ ဖြစ်မှာ ။

ကျနော်ဆို ခဏ ခဏ ရေမွန်းပြီး ပြန်တက်လာရဖူးတယ် ။

နာမည် နှစ်မျိုး ရှိတယ် ။
တခုက အချစ် ဖြစ်ပြီး တခုက ဘဝပဲ ။

- ကျော်မျိုး