နောက်ထပ် ဂိုးသွင်းစံချိန်သစ်တစ်ခု ရေးထိုးလာပြန်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

အောက်တိုဘာ ၁၅

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညတုန်းက ဟန်ဂေရီနှင့်ပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် နောက်ထပ် ဂိုးသွင်းစံချိန်တစ်ခု ရေးထိုးလာပြန်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီဟာ ဟန်ဂေရီနှင့် ၂ ဂိုးစီသရေကျခဲ့မှုနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေး စောင့်ဆိုင်းလာရပါဦးမယ်။

အသက် ၄၀ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဟန်ဂေရီနှင့်ပွဲမှ ၂ ဂိုးကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုး ၄၁ ဂိုးအထိ ရှိလာကာ ဂွါတီမာလာတိုက်စစ်မှူးကားလို့စ်ရုဇ်ရဲ့ ကမ္ဘာ့လားခြေစစ်ပွဲတွင် ဂိုးအများဆုံးသွင်းယူထားသူစံချိန်(၃၉)အား ရိုက်ချိုးကာ စံချိန်သစ်ရေးထိုးလာတာ ဖြစ်ပါတယ်။

မနေ့ညက ပွဲတွင် ဟန်ဂေရီဟာ ပွဲအစ ၈ မိနစ်တွင် ဆလိုင်းရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာပင် ခရစ္စတီယာနိုရော်နယ်ဒိုက ၂ ဂိုးသွင်းကာ ၂-၁ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး ၉၁ မိနစ်တွင် ဆိုဘိုဆလိုင်းက ချေပဂိုးသွင်းယူခဲ့လို့ ၂ ဂိုးစီသရေဖြင့် ကျေနပ်ခဲ့ရပါတယ်။

ပေါ်တူဂီဟာ သရေကျခဲ့ပေမယ့်လည်း ၂ ပွဲတည်းသာ ကစားရန် ကျန်တဲ့အချိန်တွင် ဒုတိယနေရာမှ ဟန်ဂေရီကို ၅ မှတ်အထိ ဖြတ်ထားတာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး အကောင်းဆုံးအခွင့်အရေးပိုင်ဆိုင်ထားတုန်း ဖြစ်ပါတယ်။

ပေါ်တူဂီဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒဗ္ဗလင်မှာ အိင်ယာလန်နှင့် ရင်ဆိုင်ကစားရပါမယ်။

ရော်နယ်ဒိုဟာ မနေ့ညကပွဲမှ ၂ ဂိုးကြောင့် ပေါ်တူဂီအတွက် သွင်းဂိုး ၁၄၃ ဂိုးအထိ ရှိလာတဲ့အပြင် ကစားသမားဘဝ သွင်းဂိုး ၉၄၈ ဂိုးအထိ ရှိလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ဂိုး ၁၀၀ ပြည့်အောင် သွင်းရေး ၅၂ ဂိုးတည်းသာ လိုပါတော့တယ်။

#ဘောလုံးသတင်းစုံ

imageimage