ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိမ်နီးချင်းနိုင်ငံများကြောင့် EAO အချို့ ရပ်တည်ရန် ခက်လာ
စက်တင်ဘာ ၁၀
အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO) များသည် ရပ်တည်ရန် ခက်ခဲလာကြသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် PDF အမည်ခံ အဖွဲ့အစည်းများသည်လည်း နိုင်ငံတော်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဖိအားပေးမှုများကြောင့် ပိုမိုဒုက္ခရောက်လာကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာ/လုံက “ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းနှင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာရခြင်းသည် လက်နက်ကိုင် လမ်းစဥ် ကြောင့် ဖြစ်သည်ကို အမှန်တိုင်း ရှုမြင်ကြရန် အချိန်တန်ပြီ”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
ထိုကြောင့် PDF များနှင့် လက်နက်ကိုင်အုပ်စုများ အနေဖြင့် နိုင်ငံတော်အကျိုးနှင့် ဒေသအကျိုးကို ဖော်ဆောင်ရန် ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်လမ်းစဥ်သို့ လျှောက်လှမ်းနေသော အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များနှင့် အလားတူ လိုလားကြသည် ဖြစ်သည့်အတွက် ရည်မှန်းချက်ချင်း တူညီကြသည်ဟုလည်း ၎င်းက ပြောသည်။
သို့ဖြစ်ပါ၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို မျှော်မှန်းပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြရန် ထပ်မံဖိတ်ခေါ်လိုက်ကြောင်း ကာ/လုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်၏စေတနာ အစစ်အမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံများ အပါအဝင် လက်နက်ကိုင် အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီး ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီခရီးလမ်း နှောင့်နှေး ကြန့်ကြာရခြင်းသည် ရွေးကောက်ခံ အစိုးရဆိုသည့် ရပ်တည်မှု မပျောက်ဆုံးရေး အတွက် အကြမ်းဖက်လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်နေကြသည့် CRPH, NUG တို့၏ နှောင့်ယှက်မှုများ ကြောင့်သာ ဖြစ်သည်ဟု ကာ/လုံက ထုတ်ပြန်ထားသည်။
ထို့ပြင် CRPH, NUG တို့သည် PDF အမည်ခံ အဖွဲ့များကို အချို့သော EAO များ လက်အောက်သို့ လက်နက်များ ရရှိရေးအတွက် သွတ်သွင်းပြီး နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချကာ ၎င်းတို့၏ဘဝကို စတေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများ အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ဆန္ဒရှိပါက မိမိတို့ဘက်မှ ကြိုဆိုလက်ခံမည်ဟု ကာ/လုံက ပြောသည်။
#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်
ပုံ - ချင်းညီနောင်အဖွဲ့နဲ့ NUG ခေါင်းဆောင်တချို့ကို တွေ့ရစဉ်
Credit - CNI News Agency
#centralnewsnaypyitaw