#မရမ်းသီးစိမ်းငါးသလောက်ပေါင်း

အခုလို မရမ်းသီး ပေါတဲ့အချိန်မှာ ငါးသလောက်ကို မရမ်းသီး လေးနဲ့ ပေါင်းတဲ့အခါ မရမ်းသီးကြောင့် အအီပြေတဲ့အပြင် ငါးသလောက်ပေါင်းကို အခြားဟင်းနဲ့တွဲဖက်စရာမလိုအောင် လိုက်ဖက်လှပါတယ်ရှင်။

ပါဝင်ပစ္စည်း
၁။ ငါးသလောက် ၃၀သားအရွယ် တစ်ကောင်
၂။မရမ်းသီး အရွယ်တော် ၆လုံး
၃။ဆား လက်ဖက်စားဇွန်း၁ဇွန်း
၄။စိမ်းစားငပိ လက်ဖက်စားဇွန်း တစ်ဇွန်း
၅။ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
၆။နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်း
၇။သကြား လက်ဖက်စားဇွန်း တစ်ဇွန်း
၈။ကြက်သွန်နီ ဥသေး ၁၀လုံး
၉။ကြက်သွန်ဖြူ တစ်လုံး
၁၀။ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
၁၁။နနွင်း လက်ဖက်စားဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

၁။ငါးသလောက်ကို ဗိုက်ဖောက်အူထုတ် အကြေးထိုး ဆေးကြောသန့်စင်ပြီး တက်ကြောထုတ်ထား၍ အနေတေါ်တုံးထားပါ။ ( ခေါင်းနဲ့ကိုယ် ဆက်တဲ့နေရာက လှီးချပြီး ဘေးနှစ်ဖက် အရေပြားနဲ့အောက်ကပ်လျက်မှာ အကြောဖြူဖြူလေး တစ်ဖက်ကို တစ်ချောင်းစီရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ အသာလေးဆွဲထုတ်ရင် တစ်ချောင်းလုံးအရှည်ကြီးထွက်လာပါတယ်။ တက်ကြောထုတ်ပုံကို first comment မှာ ပုံပြထားပေးပါ့မယ်။)

၂။မရမ်းသီး ကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ။
၃။ကြက်သွန်နီ ၃လုံးနှင့် ကြက်သွန်ဖြူ ၁လုံးကို ရောထောင်းပါ။
၄။ငါးသလောက်ကို ဆား၊ ငါးငံပြာရည်၊ သကြား၊ နနွင်း တို့နဲ့ အရသာဝင်အောင် နယ်ထားပါ။

ချက်ပြုတ်ပုံ

Pressure cooker ထဲ နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်းထည့် ဆီဆူရင် ကြက်သွန်ဖြူနီထောင်းထားတာထည့် ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ဆီသတ်ပါ။ ဆီသတ်တာမွှေးလာပြီဆို ငါးသလောက် ထည့် မရမ်းသီး တစ်ဝက် ( ၃လုံး ခြမ်းထားတာ)ထည့် ရေကို ငါးမြုပ်ရုံထည့်ပြီး ၁နာရီ တည်ပါ။ ၁နာရီ ပြည့်ရင် အရသာမြည်းကြည့် မရမ်းသီးကျန် ၃လုံးခြမ်းထားတာထည့်၊ကြက်သွန်နီ ဥသေးကျန်တာထည့်၊ ရေခမ်းပြီးဆီပြန်အောင် အဖုံးဖွင့် ပြီး ၅မိနစ်ထပ်တည်ပါ။

အချိန်ပြည့်ရင်တော့ အရိုးလဲနူး မရမ်းသီး အရသာလေးနဲ့ မအီတဲ့ မရမ်းသီးစိမ်းငါးသလောက်ပေါင်း ရပါပြီရှင်။

image
10 w - Translate

Odela 2 (2025) ဇာတ်ကားသစ်
“မိစ္ဆာဝိညာဉ်”

အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို
ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်

သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက
တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့
နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို ပါဝင်ထားပါတယ်

အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတိုသမီးပျိုတွေကို
အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ
သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက
စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို ဆုံးဖြတ်လိုက်ကြတယ်

အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို
တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ

အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့
တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ
တစ်ရွာလုံးကို လက်စားချေပါတော့တယ်

ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ
စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်

Movie Link ⬇️⬇️⬇️
https://t.me/movieworld20217/90

image
10 w - Translate

Elevation (2024)

ကမ္ဘာကြီးပေါ်ကို ရုတ်တရက်ကျလာတဲ့ ဂြိုလ်သားတွေကြောင့် လူသားတွေ အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်

သိုသော် ထို ဂြိုလ်သားတွေဟာ အမြင့်ပေ ၈၀၀၀ ကျော်ကို မတက်နိုင်တာဖြစ်လို လူသားတွေဟာ တောင် တွေပေါ်မှာ အိမ်များကို ဖြစ်သလိုဆောက်ကာ စခန်းချပြီး ၃နှစ်တာ ခိုလှုနေထိုင်ခဲ့ကြပါတယ် ။

ဝဲလ် ဆိုတဲ့ လူတစ်ယောက်ဟာ နာမကျန်းဖြစ်နေသော သူ့သားလေးကို စောင့်ရှောက်နေရာ ဆေး ပစ္စည်းတွေ ကုန်ဆုံးတော့လျင် သူ့သား အသက်ဆုံးရှုးမည်ဖြစ်ရာ မဖြစ်မနေ တောင်အောက်ကိုဆင်းပြီး အခြားမြိုကို သွားရတော့မယ့် အခြေအနေ ဖြစ်လာပါတော့တယ် ။

ဇနီးသည်ရဲ့ အသက်ကိုဆုံးရှုးလိုက်ရသောကြောင့် ‌ဖအေ တစ်ခု သားတစ်ခု သာ ရှိတော့တဲ့ ဝဲလ် တစ်ယောက် ဂြိုလ်သားတွေရဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ ၊ ထို စွန့်စားခန်းတွေမှာ ဘယ်သူတွေပါဝင်ကြမလဲ ၊

ထို ဂြိုလ်သားတွေဟာ ဘာလို အမြင့်ပေ ၈၀၀၀ ကျော်ကို မတက်တာလဲ ၊ ထို ဂြိုလ်သား တွေကို ဘယ်လိုအနိုင်ယူရမလဲ ဆိုတာကိုတော့ ။
#crd


ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+swXuvnS-RhBiZWU1


ကြည့်ရန်⬇️⬇️⬇️
https://t.me/c/2538243892/66

image
10 w - Translate

အဖေများနေ့မှာ ဖခင်အတွက်ဆုတောင်းပေးခဲ့တဲ့ အလင်းရောင်
Happy Father Day
ကမ္ဘာပေါ်က အဖေတိုင်း ကျန်းမာ၊ချမ်းသာ အသက်ရှည်ကြပါစေ❤️

image

ဆိတ်သားဟင်း ချက်နည်းလေး 😋😋😋

ပထမဆုံး
ဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီး
ညက်အောင်ထောင်းထားပါ
ဆိတ်သားတွေကို
ဆား၊နနွင်း၊အရသာမှုန့်၊ညက်ညက်ထောင်းထားတဲ့ဂျင်း၊
လှော်ထောင်းထားတဲ့အမှုန့်၊ဒိန်ချဉ်အနည်းငယ်တို့နဲ့နယ်ပြီး
တစ်နာရီခန့်နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုထောင်းပြီးဆီသပ်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ၊ ကရဝေးရွက်၊သစ်ဂျပိုးခေါက်တို့
ထည့်ပြီးမွှေးလာအောင်ခဏကြော်ပါ
ပြီးရင်ဆိတ်သားတွေထည့်ပြီးချက်ပါ
အသားကထွက်တဲ့အရည်တွေခမ်းခြောက်တဲ့ထိချက်ပါ
မီးသွေးမီးနည်းနည်းနဲ့သာချက်ပါ
အရည်တွေခမ်းပြီဆိုမှ
အသားတွေမြုပ်အောင်ရေထည့်ချက်ပါ
အိုးကိုအဖုံးအုပ်ချက်ပါ
မီးနည်းနည်းနဲ့ကြာကြာချက်မှ
အသားတွေနူးအိတဲ့အရသာကိုစားရပါမယ်
ချက်စားကြည့်ကြပါ။

image
10 w - Translate

မေမေထက်လို အရမ်းတော်သူလေး

image

#ဆိတ်ကလီစာဆီပြန်ဟင်း

ဆိတ်ကလီဇာကို ရှာလကာရည်လေးနဲ့ဆားနဲ့ နယ်ပြီး ရေဆေးပစ်ပါ။ ကြက်သွန်ဖြူနီ ကို ငရုတ်စိမ်းမှုန့်နဲ့ဆီသတ် ဆားထည့်ပြီးမွှေ ပြီးရင် ဆိတ်ကလီစာထည့် ဆား အချိုမှုန့် ရေထည့် အုပ်ထား။ ၂ရည်ထိ ခမ်းပြီဆိုမှ မဆလာအုပ် ပျဉ်းတော်သိမ်းကြိုက်ရင်လည်းထည့် အဆီပြန်ဆိုစားလို့ရပါပြီ။

image
10 w - Translate

Snake Island Survival (2025) ဇာတ်ကားသစ်
မြွေကျွန်းမှ ရှင်ကျန်ရစ်သူများ

ပင်လယ်ကာကွယ်ပေးတဲ့ စောင့်ကြည့်ရေး
အဖွဲဝင်တစ်ယောက်က တစ်နေ့ လေပြင်းမုန်တိုင်းက ကယ်ဆယ်ရင်း ဇနီးသည်ကို ဆုံးရှုးခဲ့ရတာကြောင့်... တောက်လျှောက် သူ့သမီးလေးကိုရော သူကိုယ်တိုင်ပါ ပင်လယ်နဲ့ အဝေးမှာ နေလာခဲ့တယ်...

ဒါပေမယ့်လည်း သမီးလေးကလည်း ပင်လယ်ရဲ့အဝေးမှာမနေသလို... သူကိုယ်တိုင်ကလည်း ပင်လယ်ပတ်ဝန်းကျင်က ညစ်ညမ်းပြီ းပျက်စီးလာတာကြောင့် နောက်ဆုံးမှာတော့ သူလည်း ပင်လယ်ကို ကာကွယ်ဖိုအရေးပါဝင်လာပါတယ်...

သူတိုရင်ဆိုင်ရတာကတော့ သဘာဝအတိုင်းမွေးလာတဲ့ မြွေတွေရဲ့ မွေးဖွားနှုန်းကို ပြောင်းလဲတဲ့အပြင် မြွေအဆိပ်နဲ့ ဆေးဖော်တာရော သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးဖိုရော ကြိုးစားနေတဲ့ လူမဆန်တဲ့ လူအရေခွံခြုံထားတဲ့ မကောင်းဆိုးဝါးတွေကို ပေါ့...

ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+swXuvnS-RhBiZWU1


Movie Link ⬇️⬇️⬇️
https://t.me/c/2538243892/68

image
10 w - Translate

ချစ်စရာ အသည်းယားစရာ ကောင်းလွန်းလှတဲ့ ကာရန်လေး .. 💕
အဆိုတော် နီနီခင်ဇော် ရဲ့ သမီးလေး
#ninikhinzaw

image

ဆီးဖြူသီး နဲ့ ငါးရံ့ဟင်း
*********************

ဆီးဖြူသီးကို လှီးရလွယ်အောင်လို့
ပွက်ပွက်ဆူတဲ့ ရေနွေးထဲ ခဏထည့်မွှေပီးရင်
သူ့မှာပါတဲ့ အရာလေးအတိုင်း လှီးထားပါ။

ငါးရံ့ကို အချွဲတွေပြောင်အောင် ဆားပွတ်ပြီး
ပြောင်အောင်ဆေးပြီးရင် ခုတ်ထစ်ထားပါ။

ငံပြာရည်, ဟင်းချိုမှုန့် , နနွင်း နဲ့ ဆုပ်နယ်ထားပါ။

အိုးထဲဆီထည့်ပြီး ငရုတ်သီးအစိမ်းမှုန့် နဲ့ နနွင်း ထည့်မွှေပါ။

ထောင်းထားတဲ့ ကြက်သွန်ဖြူ , ကြက်သွန်နီ ထည့်ပြီး
ပျော့လာအောင် ဆီသတ်ပြီးရင်

လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်မွှေပါ။

ခရမ်းချဉ်သီး အိအိထွေးထွေးလေးဖြစ်လာရင်
ငါးရံ့ ခဏ ထည့်လုံးပေးပြီးတာနဲ့
လှီးထားတဲ့ ဆီးဖြူသီး နဲ့ ရေနွေးပူပူလေးထည့်ပေးပါ။

ငါးရံ့အသားကျက်ပြီး ဆီးဖြူသီးလေး ပျော့အိလာရင်
ငရုတ်တောင့်ရှည် , ရှမ်းနံနံ , နံနံပင်လေးအုပ်ပြီး
ခဏနေရင် အိုးချလို့ရပါပြီ။

ဆီးဖြူသီးက ချဉ်တဲ့ အရသာရှိတာမို့
အကုန်ကျေအောင်ချက်လိုက်ရင်
ဟင်းအရသာ အချဉ်စူးသွားတတ်ပါတယ်။
ဆီးဖြူသီးပျော့အိလာရင် အိုးချလို့ ရပါပြီ။
ငါးရံ့ ၁ ပိဿာဆိုရင် ဆီးဖြူသီး အနေတော် ၁၀ လုံးလောက်ဆို ရပါပြီ။

__________________________________________________

ခုချက်တဲ့ပုံစံလေးကတော့
လူကြီး / ကလေး စားလို့ရအောင် ချက်ထားတာပါ။

ငါးပိကြိုက်သူများကတော့ ငါးပိထည့်ချက်စားလို့ရပါတယ်။

ငါးကတော့ မိမိနှစ်သက်ရာငါးနဲ့ ချက်စားလို့ရသလို
ငါးခြောက်နဲ့ ချက်စားလို့လည်း ရပါတယ်။

အစပ်စားချင်သူများကတော့
ငရုတ်သီးစိမ်း ထောင်းထည့် / ညှပ်ထည့် လို့ရပါတယ်။

image