အိမ်ကအမေပါ သူ့အမေဖြစ်သွားတယ်

image
38 ပတ် - ဘာသာပြန်ပါ။

၁၉၂၈ ခုနှစ်ကတည်းက ပျောက်ကွယ်သွားပြီး မျိုးသုဉ်းသွားပြီလို့ ထင်ခဲ့ကြတဲ့ ရှားပါးသစ်ပင် သားပိုက်ကောင် တစ်ကောင်ဟာ နှစ် ၉၀ ကြာမှ ၂၀၁၈ ခုနှစ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။
ဒီ Wondiwoi tree-kangaroo မျိုးစိတ်ကို သူ့ရဲ့ မူလနေရင်းဒေသတွေမှာ ပြန်တွေ့ရတာပါ။ ဒါဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးသမားတွေအတွက် ကြီးမားတဲ့ မျှော်လင့်ချက်ကို ပေးခဲ့ပါတယ်။
သူ့ရဲ့ ပြန်ပေါ်လာမှုက ကမ္ဘာပေါ်က ဝေးလံတဲ့ဒေသတွေမှာ မတွေ့ရသေးတဲ့ ဒါမှမဟုတ် ပြန်တွေ့နိုင်တဲ့ ရှားပါးမျိုးစိတ်တွေ အများကြီး ရှိနေသေးကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။

image
38 ပတ် - ဘာသာပြန်ပါ။

ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ကွာရှင်းလိုက်တဲ့ မင်းသမီးကြီး နီကိုးလ်ကစ်မန်း
အသက် ၅၈ နှစ်အရွယ် နာမည်ကြီးမင်းသမီးကြီး နီကိုးလ်ကစ်မန်းဟာ အသက် ၅၇ နှစ်အရွယ် ဂီတပညာရှင် ခင်ပွန်းဖြစ်သူ ကိတ်သ်အာဘမ်နဲ့ ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပြတ်စဲလိုက်ပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ကွဲလွဲနေတဲ့ အလုပ်အချိန်ဇယားတွေရှိနေတဲ့အတွင်း လတော်တော်ကြာ ခွဲနေခဲ့ပြီးနောက် ပြတ်စဲခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သမီး ၂ ယောက်ရှိပါတယ်။
နီကိုးလ်က အခုလိုကွာရှင်းရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မကွာရှင်းချင်ခဲ့ဘူး။ သူကလည်း ဇာတ်ကားရိုက်ကူးနေတာ၊ ကိတ်သ်ကလည်း ကမ္ဘာ့လှည့်ဖျော်ဖြေပွဲရှိနေတာတွေကြောင့် သူတို့နှစ်ဦးမတွေ့ဖြစ်ကြတာများပါတယ်။ သူတို့ကြားမှာ အချစ်တွေအများကြီးရှိခဲ့ကြပြီး ကွာရှင်းဖို့ မဖြစ်နိုင်ပေမဲ့ သူတို့နှစ်ဦးလုံးက နှစ်ယောက်အတူမရှိတဲ့နေရာမှာ နေထိုင်တဲ့ကမ္ဘာတစ်ခုရှိနေတယ်လို့ အရင်းအမြစ်တွေက ဆိုထားပါတယ်။
နီကိုးလ်နဲ့ ကိတ်သ်ကို ၂၀၂၅ ခုနှစ်မေလက Academy of Country Music Awards မှာ အတူမြင်တွေ့ခဲ့ရသလို ဇွန်လကလည်း ဘောလုံးပွဲတစ်ခုမှာ မြင်တွေ့ခဲ့ရပါသေးတယ်။ နီကိုးလ်က Practical Magic နောက်ဆက်တွဲဇာတ်ကားကို ရိုက်ကူးရင် လန်ဒန်မှာပဲ လတော်တော်ကြာနေနေခဲ့တာပါ။ Hampstead အိမ်မှာ တစ်လကို ဒေါ်လာ ၈၇၂၈၈ ပေးကာ နေခဲ့တာပါ။ ကိတ်သ်ကတော့ အောက်တိုဘာလအထိ အမေရိကန်နဲ့ ကနေဒါအနှံ့ High and Alive ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ဆောင်နေပါတယ်။
နီကိုးလ်ဟာ အရင်က ၁၉၉၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တွမ်ခရုစ်နဲ့လက်ထပ်ခဲ့ဖူးပါတယ်။ သူတို့လက်ထပ်ခဲ့စဉ်အတွင်း ကလေး ၂ ဦးကို မွေးစားခဲ့ပါသေးတယ်။
Ref: Nicole Kidman and Keith Urban separate after nearly 2 decades together

image
38 ပတ် - ဘာသာပြန်ပါ။

Don't be afraid to fail. Be afraid not to try

image

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၁၂/၂၀၂၅)
===============================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
-------------------------------------------------------------------------
၁။ လေပွေလှိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ်သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေပွေလှိုင်း အဖြစ် အားလျော့သွားခဲ့ပါသည်။
၂။ နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့သို့ ‌ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
၃။ သတိပေးနှိုးဆော်ချက်
အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

image
38 ပတ် - ဘာသာပြန်ပါ။

လားရှိုးမြို့ရောက် ကျောက်မဲမြို့က စစ်ရှောင်များကို ဆန်နဲ့ ငွေကြေး ထောက်ပံ့လှူဒါန်း ၂၁-၉-၂၀၂၅
ဆန်ကို ပြည်ထောင်၏ု သာသနာရေး ဒုဝန်ကြီး ဦးအေးထွန်း မိသားစုက လှူ‌ဒါန်းပြီး ငွေကိုတော့ ကျောက်မဲခရိုင် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုး ပါတီတို့ကနေ လှူဒါန်ပါတယ်

image
image
image
image
38 ပတ် - ဘာသာပြန်ပါ။

ခြေကျင်းဝတ်ဒဏ်ရာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ စပါးစ်တိုက်စစ်မှူးဆိုလန်ကီ

စက်တင်ဘာ ၃၀

စပါးစ်တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ကာ ဖြေရှင်းခဲ့ရပါတယ်။

ဆိုလန်ကီဟာ ဩဂုတ်လ ၂၃ ရက်နေ့က မန်စီးတီးနှင့်ပွဲတွင် စပါးစ်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

သူဟာ ယနေ့ည နော်ဝေကလပ် ဘိုဒို/ဂလမ့်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

စပါးစ်နည်းပြသောမတ်စ်ဖရန့်က "ဒွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ခြေကျင်းဝတ်ပြဿနာရှိနေခဲ့တယ်။ အခု ကျွန်တော်တို့ အသေးစား ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ကြပြီ။ အသေးစားလေးပါ။ ဒီပွဲ(ဘိုဒို/ဂလမ့်)အတွက် အသင့်မဖြစ်ဘူး။ လိဒ်ပွဲကိုပါ လွဲမယ်။ နိုင်ငံတကာပွဲအပြီးကစားနိုင်ဖို့တော့ အချိန်သတ်မှတ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ စပါးစ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အများစုကို လွဲချော်ခဲ့သူ ဖြစ်ပြီး ဩဂုတ်လအစ ပီအက်စ်ဂျီ၊ ဘန်လေ၊ မန်စီးတီးတို့နှင့်ပွဲများတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၁၁ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေကာ ခါရာဘောင်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း ဗီလာရီးရဲလ်အား ၁-၀ ဖြင့် အနိုင်ရထားပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image

❝မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက် မဲစာရင်းလာကြည့်ကြရန် UEC မေတ္တာရပ်ခံ❞

စက်တင်ဘာ ၃၀

ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်၍ မဲစာရင်းကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က မေတ္တာရပ်ခံအသိပေးထားသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ကြောင်း UEC က ဆိုထားသည်။

အလားတူ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း အသိပေးထားသည်။

လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်မည်ဖြစ်ပြီး ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်သလို မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
38 ပတ် - ဘာသာပြန်ပါ။

နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့်သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လို

စက်တင်ဘာ ၃၀

နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့် သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လိုအပ်နေကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်း လုပ် ကိုင်သူများထံ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရသိရသည်။

ဂျပန်သို့ လုပ်သားစေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၁၅)ယောက်သာ ကန့်သတ် ထားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနမှ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand အများစုသည် ဂျပန် နိုင်ငံရှိ လုပ်ငန်းရှင်များမှ စာချုပ်ပယ်ဖျက်ထားသည့် Demand များပါဝင်နေကြောင်း သိရသည်။

အလားတူ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand များမှာ စာချုပ်ပယ်ဖျက်မှုမရှိသော် လည်း ပြည်ဝင်ခွင့်သက်တမ်းကုန်ဆုံးများနေသည့်အတွက် ဗီဇာပြုလုပ်၍မရသည့်အလုပ်ခေါ် စာများ ဖြစ်ကြောင်းသိရသည်။

“Cancel ဖြစ်တဲ့စာရင်းကောက် လိုက်တော့ (၃၀ဝဝ)ကျော်လောက်ထွက်လာတယ်။ စောင့်နေတဲ့ Demand တွေလည်းရှိတာပေါ့နော်။ ဌာနကနေ ခွင့်ပြုမိန့်အလှည့်ကျ ချပေးတာတွေရတယ်။ တချို့ဟာ တွေဆို ဘာမှ ဆက်လုပ်လို့မရတဲ့ ဟာတွေ။ အချို့အလုပ်ခေါ်စာတွေက ပြည်ဝင်ခွင့် ကုန်သွားပြီ။ သက် တမ်းမတိုးထားဘူး။ စာချုပ်လည်း မပယ်ဖျက်ဘူး အလုပ်ရှင်က သက်တမ်းမတိုးတော့ ဗီဇာကလည်း ဝင် လို့မရဘူး။ အလုပ်ခေါ်စာလည်း ဖြစ်ထားတော့ ဌာနကလည်း အစဉ်လိုက်ခေါ်တဲ့အခါ ကျတော့ မပါသေး ဘူးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အလုပ်ခေါ်စာတွေက အများကြီးပဲ။ သောင်း ဂဏန်းရှိတယ်။ စာချုပ် ဖျက်ပြီး တာတွေ၊ ငွေပြန် အမ်းပြီးတာတွေ အဲဒီလို Demand တွေ ခွင့်ပြုချက်‌ပေးပြီးတဲ့အထဲပါ ပါလာတော့ ဘာမှ ဆက် လုပ်မရတော့ဘူး။ အဲဒီလိုမဖြစ်အောင် စာရင်း ကောက်ပြီးတော့ နေပြည်တော်ကိုပို့ထားပေးတယ်။ လက်ခံထားပေးမယ့် အခုခွင့်ပြုတဲ့အထဲမှာ အဲဒါမျိုး တွေ ပြန်ပြန်ပါနေတယ်။ အဲဒါလည်း အခက်အခဲဖြစ် ရတာပေါ့။ လက်ရှိအေဂျင်စီတွေက ဘာမှမလုပ်ဘဲ ရပ်နေရတဲ့သဘောတွေရှိနေတာပေါ့” ဟု ပြည်ပ အ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ ပြောသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၅)လပိုင်းမှ စတင်၍ တင်ပြထားသည့်အလုပ်ခေါ်စာများကို လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသည့် အပြင် (၂၀၂၄) ခုနှစ်တွင်တင်ပြထားသည့် အလုပ် ခေါ်စာများတွင်လည်း စေလွှတ်ခွင့်မကျဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပါအဝင် အခက် အခဲအချို့ကြောင့် ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီအများအပြား ရပ်စဲထားရသည့် အခြေအနေရှိသော်လည်း နယ်စပ်လမ်းကြောင်းများမှ တစ် ဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေး မည်ဟုဆိုကာ အခကြေးငွေများယူ၍ဆောင်ရွက် နေသည့် ပြင်ပ ဂျပန်စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ပိုမိုများလာ သည့်အတွက် သင်တန်းကျောင်းများကို ထိထိရောက်ရောက်စိစစ်ကာ အရေးယူမှုများ ဆောင်ရွက်သင့် ကြောင်းလည်း ၎င်းကအကြံပြုထားသည်။

“အပြင်ကျောင်းတွေအများကြီးပဲ။ ကျောင်းတွေဖွင့်ကြတယ်။ အဲဒီလိုကျောင်းတွေက နေပြီး တော့ ကလေးတွေကို စမတ်ကတ် စောင့်စရာ မလိုဘူး။ OWIC ကတ်စောင့်စရာမလိုဘူးဆိုပြီး အမြန်ပို့ ပေးမယ်ဆိုပြီး နယ်စပ်ကပို့ပေးတဲ့ကျောင်း တွေ များလာတာပေါ့နော်။ အေဂျင်စီမှာ အင်တာ ဗျူးအောင် ထားတယ်။ စာချုပ်ချုပ်ထားတယ်။ ငွေသွင်းထားတယ်ဆိုတဲ့ကလေးတွေက စာချုပ် ပယ်ဖျက်ပြီး အပြင် ကျောင်းတွေကို ရောက်ကုန်တယ်။ ရောက်ပြီး တချို့တွေက ငွေတွေ အလိမ်ခံထားရတယ်။ အလိမ်ခံထား ရတယ်လို့ပြောပြန်ရင်လည်း ဟိုဘက်က ပြည်ဝင်ခွင့်မကျသေးလို့လို့။ အေဂျင်စီတွေနဲ့ချိတ်ထားပေမယ့် အေဂျင်စီတွေကမဖွင့်သေးလို့ဆိုပြီး ငွေတွေယူထားတဲ့ကျောင်းတွေအများကြီးရှိတယ်။ တချို့ကျတော့ အေဂျင်စီတွေနဲ့ပူးပေါင်းပြီးလုပ်တာရှိတယ်။ ဒါပေမဲ့ အေဂျင် စီတွေ မသိဘဲနဲ့ ငွေတွေလက်ခံထားတယ်။ သိန်း (၅၀၊ ၆၀၊ ၁၀ဝ)။ အဲဒီလိုတွေ လက်ခံထားပြီးတော့ ကလေးတွေက တစ်ခုခုသွားမေးရင် မဖွင့်သေး လို့ ဆိုတာမျိုးနဲ့ပဲ အချိန်ဆွဲပြီးငွေတွေယူထားကြတယ်။ စာချုပ်တွေချုပ်တယ် ငွေပြန်မအမ်းပါတို့ဘာတို့။ အပြင်ကျောင်းတွေလုပ်နေတာ။ အဲဒါတွေက လည်း ထိထိရောက်ရောက်စိစစ်ပြီးတော့ အရေး ယူဖို့လို တာပေါ့နော်။ အဲဒါတွေကလည်း MOEA နဲ့ချိတ်ဆက်ပြီး ကျောင်းစာရင်းတွေကောက်ပြီး သေချာ တင်း တင်းကြပ်ကြပ်လုပ်ရင် ကလေးတွေ အလိမ်ခံရတာလည်းလျော့သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြော သည်။

Credit - NP News Agency

#centralnewsnaypyitaw

image
38 ပတ် - ဘာသာပြန်ပါ။

ဖောင်းပြင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ကိုဗဟိုပြု၍ ယနေ့ စက်တင်ဘာ ၃၀ ရက်နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image