Entropy လူသား သို့ The man who behind the beauty of entropy (အပိုင်း -၂)
တစ်ဖက်မှာတော့ စတာတစ်စတစ်ကယ်မက္ကင်းနစ် က အင်ထရိုပီ အပေါ်ရှုမြင်တဲ့နည်းကကွဲပြားပါတယ်။
ဒီနေရာမှာ ပါလာတာက ဘော့စ်မန်း(၁၈၄၄-၁၉၀၆) ဆိုတဲ့သီအိုရီရူပဗေဒပညာတစ်ယောက်ဖြစ်ပါတယ်။ စတာတစ်စတစ်ကယ်မက္ကင်းနစ်က အင်ထရိုပီ ကို ဘော့စ်မန်းရဲ့အင်ထရိုပီ လို့ခေါ်ပါတယ်။
ဘော့စ်မန်းအင်ထရိုပီ ဆိုတာ probabilistic entropy (ဖြစ်တန်စွမ်း အင်ထရိုပီ) လို့ခေါ်ပါတယ်။ ဒီ အင်ထရိုပီ က microstate point of view ကနေ စဉ်းစားတာဖြစ်ပါတယ်။
ဆိုလိုတာက စနစ်တစ်ခုထဲမှာ ပါတဲ့ microstate (မော်လီကျူး (or) အက်တမ်) တွေရဲ့ ကျပန်းရွေ့လျားမှုတွေ များလာတဲ့အခါ disorder တန်ဖိုးက ပိုများလာတာဖြစ်ပါတယ်။
တစ်နည်းပြောရရင် disorder ပိုဖြစ်လာလေလေ အင်ထရိုပီတန်ဖိုးက များလေလေ ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။
ဒါက အင်ထရိုပီဆိုတာ မော်လီကျူးတွေရဲ့ စုစုပေါင်းရွေ့လျားမှုတွေအပေါ်မှာ မူတည်နေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဘော့စ်မန်းရဲ့အင်ထရိုပီက “Classical Thermodynamics” ရှုထောင့်အရကြည့်ရင် အင်ထရိုပီတန်ဖိုးက အမြဲတမ်းတိုးလာနေရမယ် (သို့) တည်ငြိမ်နေရမယ်ဆိုတဲ့ ဖော်ပြချက်ကို အနည်းငယ်ဆန့်ကျင်နေပါတယ်။
ဆန့်ကျင်တဲ့အကြောင်းအရာကို မပြောခင်မှာ တူညီနေတဲ့ အချက်ကို အရင်ကြည့်ကြပါမယ်။ တူညီနေတဲ့အဓိက အချက်ကတော့ သီအိုရီနှစ်ခုလုံးမှာပါတဲ့ အင်ထရိုပီ က နောက်ဆုံးအဖြေအရ အင်ထရိုပီ တန်ဖိုးက အတူတူနီးပါးဖြစ်ပါတယ်။
တစ်ဖက်က macroscopic view ကနေ တွက်တာဖြစ်ပြီးတော့ နောက်တစ်ဖက်မှာတော့ microscopic view ကနေ တွက်ချက်ခြင်းဖြစ်ပါတယ်။
ဘာကြောင့်အနည်းငယ်ဆန့်ကျင်နေတာလည်းဆိုတော့ Classical Thermodynamics အရကြည့်ရင် စနစ်တစ်ခုရဲ့ အင်ထရိုပီ (entropy) တန်ဖိုးက မနည်းရဘူးလို့ပြောနေတာဖြစ်ပါတယ်။ အနည်းဆုံးတော့ reversible process တစ်ခုမှာ တူညီနေရမှာဖြစ်ပါတယ်။
သို့သော် စတာတစ်စတစ်ကယ် (statistical) အမြင်အရဆိုရင် မော်လီကျူးတွေရဲ့ ရွေ့လျားမှုတွေက orderly ဖြစ်လာမယ်ဆိုရင်ရောဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ အဲ့အခါမှာဆိုရင်တော့ အင်ထရိုပီ
တန်ဖိုးက နည်းသွားပါလိမ့်မယ်။
~MASES / Kaung Khant Naing

image