3 d - Translate

၁၉၉၅ ခုနှစ်တုန်းက အသက် ၃၃ နှစ်အရွယ် တယ်ရီကော့တဲလ် (Terry Cottle) ဆိုသူအမျိုးသားတစ်ဦးဟာ မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီးအဆုံးစီရင်ခဲ့ပါတယ်
အဲ့ဒီအခါ ဆရာဝန်တွေက သူ့ရဲ့နှလုံးကို နှလုံးရောဂါကြောင့် ေxသလုနီးပါး ဖြစ်နေတဲ့ အသက် ၅၇ နှစ် အရွယ် ဆွန်နီဂရေဟမ် (Sonny Graham) ဆီအစားထိုးကုသပေးခဲ့ပါတယ်
နှလုံးအစားထိုးကုသမှု အောင်မြင်ပြီးနောက် ကျေးဇူးတင်စိတ်နဲ့ ဂရေဟမ်ဟာ အလှူရှင်ရဲ့မိသားစုဆီကို စာတွေရေးပြီးပေးပို့ခဲ့ပါတယ် ၁၉၉၇ ခုနှစ် ဇန်နဝါရီလမှာတော့ ဆွန်နီဂရေဟမ် ဟာ တယ်ရီကော့တဲလ် ရဲ့ ကျန်ရစ်သူ ဇနီးသည် ရှယ်ရီကော့တဲလ် (Cheryl Cottle) နဲ့တွေ့ဆုံခဲ့ပါတယ်
ဂရေဟမ် ဟာ ရှယ်ရီကို ပထမဆုံး တွေ့မြင်ချိန်မှစပြီး ချစ်မိသွားကြောင်း နောက်ပိုင်းမှာဝန်ခံခဲ့ပါတယ် သူတို့နှစ်ဦးဟာ အချိန်အတော်ကြာ ရင်းနှီးတဲ့ဆက်ဆံရေး တွေရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်
အဲ့လိုနဲ့၂၀၀၈ ခုနှစ် ဧပြီလ နှလုံးအစားထိုးကုသမှု ခံယူပြီး ၁၃ နှစ်ခန့် အကြာမှာ ဆွန်နီဂရေဟမ် ဟာလည်းမိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ် ထူးခြားတာက သူအဆုံးစီရင်တဲ့ ပုံစံဟာလည်း သူ့ရဲ့နှလုံးအလှူရှင် တယ်ရီကော့တဲလ် အဆုံးစီရင်ခဲ့တဲ့ ပုံစံအတိုင်း သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်
ဒီဖြစ်ရပ်က သိပ္ပံပညာရှင်တွေနဲ့မီဒီယာတွေအကြား အငြင်းပွါးဖွယ်ရာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ် အချို့ သတင်းမီဒီယာတွေနဲ့ လူအများက နှလုံးအလှူရှင်ရဲ့ စိတ်နေစိတ်ထား ဒါမှမဟုတ် မှတ်ဉာဏ် ဟာ နှလုံးအစားထိုးကုသမှုမှတစ်ဆင့် လက်ခံသူထံသို့ ကူးပြောင်းသွားတဲ့ "ဆဲလ်မှတ်ဉာဏ်" (Cellular Memory) သီအိုရီကြောင့် ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြပါတယ်
ဆွန်နီဂရေဟမ် အဆုံးစီရင်ရခြင်း အဓိက အကြောင်းရင်းကို ဘယ်သူမှ တိတိကျကျမသိခဲ့ပါဘူး ဒါပေမဲ့ သူဟာ လက်ထပ်ပြီးနောက်ပိုင်း ခက်ခဲတဲ့ဘဝအခြေအနေတွေ ဆက်ဆံရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းလည်း အချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image