ဓနရှင်စနစ်ကြီးစိုးရာ ဘူဇွာလူ့အဖွဲ့အစည်းကို နာကျည်းစိတ်နဲ့ ကျောခိုင်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အနောက်တိုင်းသား ဟစ်ပီလူငယ် လေးတစ်ဦးဟာ
ဒလိုင်းလားမားနေထိုင်ရာ ဒါရမ်ဆာလာမြို့ဆီသို့
စွန့်စွန့်စားစား ထွက်ခွာလာပြီး သစ္စာတရားကို ရှာဖွေခဲ့တယ် ။ အဲဒီနောက် တွေ့ ကြုံသိရှိလာတဲ့ ဘာသာရေးအမြင်များ ၊ အရှေ့တိုင်း နဲ့ အနောက်တိုင်း အတွေးအခေါ်များကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်တွေးဆ ၊ ကျင့်ကြံအား ထုတ်မှုတွေပြုလုပ်ရင်း နောက်ဆုံးမှာ လူ့ဘောင်အကျိုးပြု ဗုဒ္ဓဝါဒီ (Secular Buddhist) တစ်ဦးအဖြစ်
ခံယူလာခဲ့ပုံကို တစ်ခန်းချင်း ရင်သပ်ရှုမောဖွယ် ဒဿနဝတ္ထုရှည်တစ်ပုဒ်လို ဖတ်ခဲ့ရလို့ စာဖတ်ပရိသတ်ကြီးလည်း အလွယ်တကူ ဖတ်ရှုတွေးခေါ် ဆင်ခြင်သုံးသပ်ပြီး အတွေးသစ် ၊ အမြင်သစ်တွေ ရရှိစေလိုတဲ့ စေတနာနဲ့ အတော်လေး အားထုတ်အပင်ပန်းခံကာ မြန်မာပြန် ဆိုလိုက်ရပါကြောင်း လေးစားစွာ အစီရင်ခံတင်ပြအပ်ပါတယ် ခင်ဗျား။
#ဝင်းသိန်းဦး #ဗုဒ္ဓဝါဒီဘာသာမဲ့တစ်ဦးရဲ့ဖွင့်ဟဝန်ခံချက်
