လူတွေကို သူတို့ပုံစံအတိုင်းပဲ လက်ခံပြီး
ဆက်ဆံတတ်ရင် စိတ်သက်သာရာရစေတယ် ။
လူတွေနဲ့ ပတ်သက်ပြီး စိတ်အလိုမကျ ဖြစ်ရတာတွေဟာ သူတို့ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ မြင်ချင် ၊ တွေ့ချင် ၊ ဆက်ဆံစေချင်နေလို့ပါပဲ ။
ကိုယ် ပြောစေချင်တဲ့ စကားမျိုး သူ့ကိုပြောစေချင်တယ်
ကိုယ် မျှော်လင့်သလိုမျိုး စိတ်ထားစေချင်တယ် ။ ကိုယ့်ဘက်က ဆက်ဆံစေချင်သလိုမျိုး သူ ဆက်ဆံတာ လိုချင်တယ် ။ အပေးယူ မျှစေချင်တယ် စသဖြင့် အလေးထားမှု ၊ ဂရုစိုက်မှုတွေ အားလုံးကို ကိုယ်မျှော်လင့်ထားတဲ့ အကောင်းဘက်ပိုင်းတွေဆီပဲ ဆွဲယူနေလို့သာ ပင်ပန်းရတာ
ကျွန်တော်တို့ မေ့နေတာက လူတွေဟာ မတူဘူးဆိုတာပဲ ။ အခြေခံ လူ့ကျင့်ဝတ် အားနည်းသူတွေ ရှိတယ် ။ စကားပြောရိုင်းသူတွေ ရှိတယ် ။ စိတ်ကို ခပ်မြင့်မြင့်
မထားနိုင်သူတွေရှိတယ် ။
အဲဒီလိုမျိုး မတူတဲ့လူတွေ ၊ အားနည်းချက်ကိုယ်စီနဲ့ လူတွေကို သူကတော့ စကားပြောရိုင်းလို့ သူကတော့ အလေးနက်မထားလို့ သူ့ပုံစံက ဘာဖြစ်လို့ဆိုတာမျိုးတွေနဲ့ စိတ်ပင်ပန်းခံမနေပဲ ဪ သူစကားပြောတာက ဒီလိုကိုး ၊ သူ့စိတ်ထားက ဒါမျိုးပဲ ၊ သူ့အတွေးခေါ်က ဒီလောက်ပဲ ၊
သူကတော့ဖြင့် မွန်မြတ်လိုက်တာ ၊ သူက သစ္စာမဲ့လိုက်တာ စသဖြင့် သူတို့ရဲ့ ရှိရင်းစွဲ အပြုမူ အကျင့်သိက္ခာအတိုင်းကို ငြိမ်ငြိမ်သက်သက် လက်ခံပြီး ဆက်ဆံလိုက်ရင် မပင်ပန်းရတော့ဘူး ။
သူတို့နဲ့ ကိုယ်က ကီးမကိုက်ဘူး ၊ သူ့ပုံစံနဲ့ ကိုယ်က အဆင်မပြေဘူးဆိုရင် ၊ သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ စိတ်အတိုင်းတာနှင့် Energy ကို လျော့ချပစ်လိုက်ရုံပါပဲ ။ သူ့ကို ကိုယ်ပြောစေချင် ၊ လုပ်စေချင် ၊ ဖြစ်စေချင်သလို သွားထိန်းချုပ်လို့မရဘူး ။
ကိုယ် မကြိုက်တာတွေကို လေ့လာနေပြီး ၊ ကိုယ်မို့လို့
သူ့အကျင့်တွေကို အလိုက်တသိ ပြင်ပေးတဲ့သူရှိရင်တော့ ဂုဏ်ယူစရာပေါ့ ။ သူ့စိတ်နဲ့ သူကိုယ် ကိုယ်သွားပြင်ပေးလို့ မရဘူးလေ ။ အဲဒီအပေါ် ခံစားနေလို့လည်း မရဘူး ။ လူတွေမှာ manner နှင့် behavior တွေက သူ့အလိုလို ပါလာပြီးသား ။ Character ကလည်း သူကိုယ်တိုင်ကလွဲရင် ဘယ်သူမှ ပြင်ပေးလို့မရနိုင်တဲ့အမျိုး ။
ဆိုတော့ လူတွေကို အရှိတိုင်းကြည့်မြင်ပြီး ၊ သူတို့ရဲ့ ပုံစံလေးအတိုင်း လက်ခံပြီး သူ့အပေါ်ပေးထားတဲ့ အမှတ်တွေကို ကိုယ်စိတ်နဲ့ကိုယ်သာ လျော့ပစ်လိုက်ပါ ။
အမှားတွေ လိုက်မပြင်နဲ့ ။ Drama တွေလုပ်ပြီး မခံစားနဲ့ ကိုယ်ပဲ ပင်ပန်းရပါတယ် ။ တစ်ဖက်လူရဲ့ အပြုမူတွေကြောင့် စိတ်အလိုမကျ ဖြစ်ရတိုင်း ဒီအရာတွေဟာ ကိုယ်ထိန်းချုပ်လွှမ်းမိုးလို့ရနိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာ သတိရပါ ။
#tharhtwe
#optimistic machine
#ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း စာအုပ်မှ
