အသင်းဟောင်းလီဗာပူးနှင့်ပွဲတွင် ထရန်းအလက်ဇန္ဒားအာနိုး ပါဝင်လာနိုင်ဖွယ်ရှိ
======================
ထရန်းအလက်ဇန္ဒားအာနိုးဟာ အသင်းဟောင်းလီဗာပူးနှင့် ရင်ဆိုင်ရမယ့် နိုဝင်ဘာလ ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားလာနိုင်မယ့် အခွင့်အရေး ရှိနေကြောင်း သိရပါတယ်။
အသက် ၂၇ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မာဆေးနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိပြီးနောက် အနားယူနေရသူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နိုဝင်ဘာလ ၄ ရက်နေ့တွင် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ကစားရပါမယ်။
ထရန်းအလက်ဇန္ဒားအာနိုးဟာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်နေမှုနှင့်အတူ ဒဏ်ရာကာလ ၇ ပတ်အကြာတွင် ကစားရမယ့် အသင်းဟောင်းနှင့်ပွဲတွင် ပါဝင်ရန် အသင့် ရှိနေမှာ ဖြစ်ကြောင်း သိရပါတယ်။
အလက်ဇန္ဒားအာနိုးဟာ ငယ်စဉ်ကတည်းက လီဗာပူးသို့ ရောက်လာခဲ့သူ ဖြစ်ပြီး ၃၅၄ ပွဲကစားပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ် ၅ ပွဲကစားထားရာမှာ ၁၅၆ မိနစ်ကစားခွင့်ရထားပါတယ်။