ဘိုစားပဲမျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူရှင်

image

အမြဲတမ်း ချဲလ်ဆီးပရိသတ်လို့ မော်ရင်ဟို ပြောကြားလာ

စက်တင်ဘာ ၃၀

ချဲလ်ဆီးနည်းပြဟောင်းဟိုဆေးမော်ရင်ဟိုက ၎င်းမှာ ချဲလ်ဆီးပရိသတ်တစ်ဦးအဖြစ် အမြဲရှိနေမှာ ဖြစ်ကြောင်း၊ သို့ရာတွင် အင်္ဂါနေ့ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အနိုင်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားလာပါတယ်။

ချဲလ်ဆီးဟာ အသင်းကို မော်ရင်ဟိုကိုင်တွယ်တဲ့ ၂ ကြိမ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခါရာဘောင်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၆၂ နှစ်ရှိ မော်ရင်ဟိုဟာ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ စပါးစ်၊ ရိုးမားနှင့် ဖီနာဘာချီတို့ကိုလည်း ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဩဂုတ်လတုန်းက တူရကီကလပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းဟောင်းဘင်ဖီကာသို့ ရောက်လာပါတယ်။

ဘင်ဖီကာတွင် နည်းပြဘဝစတင်ခဲ့တဲ့ မော်ရင်ဟိုဟာ ဘင်ဖီကာအား ကိုင်တွယ်တဲ့ ပထမဆုံး ၃ ပွဲတွင် ၂ ပွဲနိုင်၊ ၁ ပွဲသရေကျ ရရှိထားပါတယ်။

ချဲလ်ဆီးနှင့် ဆက်ဆံရေးအား မေးမြန်းလာချိန်တွင် မော်ရင်ဟိုက "အပြာတစ်ယောက်အနေနဲ့ အမြဲရှိနေမယ်။ ကျွန်တော်က သူတို့သမိုင်းရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ သူတို့ကလည်း ကျွန်တော့်သမိုင်းရဲ့အစိတ်အပိုင်းပါ။ သူတို့က ပိုကြီးတဲ့ ချဲလ်ဆီးဖြစ်လာအောင် ကျွန်တော် ကူညီခဲ့တယ်။ သူတို့ကလည်း ပိုကြီးတဲ့ ဟိုဆေးဖြစ်လာအောင် ကူညီခဲ့တယ်။ ဒီပွဲမတိုင်ခင်နဲ့ ဒီပွဲပြီးချိန်မှာ ချဲလ်ဆီးအဖြစ် ရှိနေမယ်။ ဒါပေမယ့် ပွဲချိန်ထဲမှာတော့ ဘင်ဖီကာပါ။ အပြာတစ်ယောက် မဟုတ်ဘူးလို့ ပြောလာချိန်မှာ ကျွန်တော်က မနက်ဖြန်လုပ်ရမယ့်အလုပ်အကြောင်းပဲ ပြောလာမယ်"လို့ ပြောကြားသွားပါတယ်။

မော်ရင်ဟိုဟာ ပေါ်တိုနှင့်အတူ ၂၀၀၄ ခုနှစ် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို အင်တာမီလန်နှင့်အတူ ၂၀၁၀ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage

​မြန်မာနိုင်ငံမှ ကိုးကန့်တရုတ် မြီမိသားစု ရာဇဝတ်ဂိုဏ်းနှင့် ဆက်နွှယ်သူ ၁၆ ဦးကို တရုတ်တရားရုံးက သေဒဏ်ချ

စက်တင်ဘာ ၃၀

​နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ မြီမိသားစုအပါအဝင် ဆက်နွှယ်သူ တရားခံ ၁၆ ဦးကို အွန်လိုင်းလိမ်လည်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းများ အပါအဝင် ရာဇဝတ်မှုများစွာအတွက် တရုတ်တရားရုံးက တနင်္လာနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

​တရုတ်နိုင်ငံပိုင် CCTV ၏ သတင်း ဖော်ပြချက်အရ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ အစိုးရရှေ့နေများက ၂၀၁၅ ခုနှစ်မှစ၍ မြီ မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသရှိ ၎င်းတို့၏ သြဇာအာဏာကို အသုံးပြု၍ ကျားဖြန့်ဂိုဏ်းများစွာကို တည်ထောင်ပြီး ဘဏ္ဍာရေး အထောက်အပံ့ပေးသူများနှင့် ပူးပေါင်းကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

ထို့အတွက် တရုတ်အစိုးရက မြီမိသားစု ရာဇဝတ်ဂိုဏ်းမှ မြီရှောက်ချန်း၏သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်၊ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် လူ ၃၉ ဦးကို ဖမ်းဆီး စွဲချက်တင်ခဲ့သည်။ အဆိုပါ ဂိုဏ်းများက ကျူးလွန်သော ရာဇဝတ်မှုများတွင် လူသတ်မှု၊ တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းများလည်း ပါဝင်ခဲ့ပြီး ထိုလုပ်ငန်းများတွင် ယွမ် ၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်) ကျော် ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း သတင်းများက ဖော်ပြသည်။

​အစီရင်ခံစာအရ မြီမိသားစုသည် အခြားရာဇဝတ်ဂိုဏ်းများနှင့်အတူ "ထွက်ပြေးရန် ကြိုးစားသူ သို့မဟုတ် ၎င်းတို့၏ စကားကို မနာခံသော လိမ်လည်မှုနှင့်ပတ်သက်သည့် လူများကို သတ်ဖြတ်ခြင်းနှင့် ဒဏ်ရာရစေခြင်း" တို့ကို ပြုလုပ်ခဲ့သည်။

​ဝမ်ကျိုး အလယ်အလတ်ပြည်သူ့တရားရုံး၏ ကြားနာချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အဆိုပါဂိုဏ်းသည် တရုတ်လူမျိုး ဖမ်းဆီးခံထားရသူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းမှ တားဆီးရန်အတွက် ပစ်ခတ်မှုကျူးလွန်ခဲ့ပြီး ထိုပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့သည်ဟုလည်း ပြောသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်ခန့်မှ စတင်ခဲ့သော ကျားဖြန့်ဂိုဏ်းလုပ်ရပ်များကြောင့် လူ ၁၄ ဦးသေဆုံးခဲ့မှုများအတွက် တာဝန်ရှိသည်ဟုလည်း တရားရုံးက စီရင်ချက်တွင် ဖော်ပြခဲ့သည်။

ယနေ့ ​သေဒဏ်ချမှတ်ခံရသူများအနက် ငါးဦးကို နှစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ထိုငါးဦးသည် သေဒဏ်ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲကျခံရနိုင်သည်။ ဆိုင်းငံ့ပြစ်ဒဏ် မပါဝင်သော သေဒဏ်ကျခံရသည့် ကျန် ၁၁ ဦးတွင် မြီမိသားစု ရာဇဝတ်အုပ်စုကို ဦးဆောင်ခဲ့သူ တရုတ်-မြန်မာနိုင်ငံသား မြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင်လည်း ပါဝင်သည်။ ထို့အတူ ကျန် ၂၃ ဦးကိုလည်း ထောင်ဒဏ် ငါးနှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။

Ref, SCMP & BBC & AFP

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

❝မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက် မဲစာရင်းလာကြည့်ကြရန် UEC မေတ္တာရပ်ခံ❞

စက်တင်ဘာ ၃၀

ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်၍ မဲစာရင်းကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က မေတ္တာရပ်ခံအသိပေးထားသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ကြောင်း UEC က ဆိုထားသည်။

အလားတူ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း အသိပေးထားသည်။

လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်မည်ဖြစ်ပြီး ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်သလို မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit - MHT News Agency

#centralnewsnaypyitaw

image
36 w - Translate

ပြင်ဦးလွင် ၈ ထပ်ရေတံခွန် တောင်ချချောင်းရေမြင့်တက်မှုမှာ ပျောက်ဆုံးနေသူ အမျိုးသမီးအချို့ကို ဒီနေ့မှာ ဆက်လက်ရှာဖွေမယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်းက ဖြစ်တဲ့အဲဒီဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ရုရှားနိုင်ငံသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

image
36 w - Translate

ပြင်ဦးလွင် ၈ ထပ်ရေတံခွန် တောင်ချချောင်းရေမြင့်တက်မှုမှာ ပျောက်ဆုံးနေသူ အမျိုးသမီးအချို့ကို ဒီနေ့မှာ ဆက်လက်ရှာဖွေမယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်းက ဖြစ်တဲ့အဲဒီဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ရုရှားနိုင်ငံသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

image
36 w - Translate

ပြင်ဦးလွင် ၈ ထပ်ရေတံခွန် တောင်ချချောင်းရေမြင့်တက်မှုမှာ ပျောက်ဆုံးနေသူ အမျိုးသမီးအချို့ကို ဒီနေ့မှာ ဆက်လက်ရှာဖွေမယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်းက ဖြစ်တဲ့အဲဒီဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ရုရှားနိုင်ငံသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

image
36 w - Translate

ပြင်ဦးလွင် ၈ ထပ်ရေတံခွန် တောင်ချချောင်းရေမြင့်တက်မှုမှာ ပျောက်ဆုံးနေသူ အမျိုးသမီးအချို့ကို ဒီနေ့မှာ ဆက်လက်ရှာဖွေမယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်းက ဖြစ်တဲ့အဲဒီဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ရုရှားနိုင်ငံသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

image
image
image

နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ
တစ်နေ့တာ ဖြတ်ကျော်လာတဲ့
ငါ့ရဲ့ဘဝဟာ တစ်နေ့တာအချိန်အတွင်း
သူများအသက်ကို သတ်မိသလား
သူများဥစ္စာကိုမပေးဘဲနဲ့ ယူမိတာ ရှိသလား
သူများသားမယားကို စိတ်နဲ့ ပစ်မှားမိတာရော ရှိလား
လိမ်ပြီး ပြောမိသလား၊
ရိုင်းပြဆဲရေးတဲ့ စကား ပြောမိသလား”လို့
ကိုယ့်ကိုယ်ကို ပြန်စစ်။
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု
လောဘနဲ့ တွေးမိသလား
လူတစ်ဦး တစ်ယောက်ကို
ပျက်စီးအောင် တွေးမိသလား
ကံကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့
အတွေးအမြင်များ ပေါ်မိသလား
ကိုယ့်ကိုယ်ကို အမှန်အတိုင်း
ဆန်းစစ်ကြည့်ဖို့ လိုတယ်။
ဒီလို ဆန်းစစ်ကြည့်ရင်
ကိုယ်လုပ်တဲ့ အလုပ်တွေ
ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။
ပေါ်လာတဲ့အခါကျရင်
မကောင်းတဲ့ အကုသိုလ်အလုပ်တွေ
လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့
ကောင်းတာလုပ်မိရင် ဆက်လုပ်ဖို့
ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ
အဲဒါကိုပြောတာ။
မကောင်းတာလုပ်မိရင်
ကိုယ့်ကိုယ်ကို ဆုံးမရတယ်။
“ဒါမျိုး မလုပ်နဲ့” လို့။
လူဆိုတာ ဘာပဲဖြစ်ဖြစ်
သူများကျတော့ ပြောတတ်တယ်။
ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွှတ်တတ်တယ်။
ဆိုပါစို့...။
ပန်းကန်လေး လွတ်ကျသွားရင်
သူများကျ နမော်နမဲ့ နိုင်တယ်တဲ့။
ကိုယ့်ကျတော့ မတော်တဆတဲ့။
ကိုယ့်ကိုယ်ကျတော့
ခွင့်လွှတ်ရင် သူများကိုလည်း
ခွင့်လွှတ်တတ်အောင် ကြိုးစားကြရမယ်။
ခုတော့ သူများလည်း မတော်တဆ
ကိုယ်လည်း မတော်တဆ၊ အဲဒီလို မထားနိုင်ဘူး။
“သူက ဒီလိုချည်းပဲ၊
ငါက ဂရုစိုက်တယ်၊ သူက ဂရုမစိုက်ဘူး”
အဲဒါ ဘာဖြစ်လို့လဲဆိုတော့
လူရဲ့သဘာဝက ကိုယ့်ကိုယ်ကို ဦးစားပေးချင်တဲ့ သဘောရှိလို့။
ကိုယ့်ကိုယ်ကို အမှန်မြင်ဖို့ လိုအပ်တယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ကုသိုလ်ကောင်းမှုနေ့တိုင်းပြု
#မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

image

လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ်(၁၁/၂၀၂၅)
-----------------------------------------------------------
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
၁။ လေဖိအားနည်းဆဲလ်အခြေအနေ
=======================
ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံကုန်းတွင်း ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် ယမန်နေ့ ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ကာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပါသည်။
၂။ နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
======================
အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း လေပွေလှိုင်းအဖြစ် အားလျော့သွားနိုင်ကာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့သို့ ‌ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
၃။ သတိပေးနှိုးဆော်ချက်
================
အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၅ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
========
သို့ဖြစ်ပါ၍ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

image