မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage
12 w - Translate

ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် mRNA-အခြေခံ ကင်ဆာကာကွယ်ဆေး Enteromix သည် အူမကြီးကင်ဆာဝေဒနာရှင် ၄၈ ဦးပါဝင်သည့် ကနဦးစမ်းသပ်မှုများတွင် ၁၀၀% ထိရောက်မှုရှိကြောင်း ကြေညာခဲ့သည်။
ရုရှားနိုင်ငံ၏ National Medical Research Radiological Centre နှင့် Engelhardt Institute of Molecular Biology တို့မှ ပူးပေါင်းတီထွင်ခဲ့သော အဆိုပါ ကာကွယ်ဆေးသည် လူတစ်ဦးချင်းစီ၏ အကျိတ်ပုံစံများကို တိုက်ဖျက်နိုင်ရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးရန်အတွက် COVID ကာကွယ်ဆေးများနှင့် ဆင်တူသော mRNA နည်းပညာကို အသုံးပြုထားသည်။
အစီရင်ခံစာများအရ လူနာများသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမရှိဘဲ အကျိတ်များ ကျုံ့သွားသည်ကို တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း ကနဦးစမ်းသပ်မှု၏ အောင်မြင်မှုသည် ရေရှည်ထိရောက်မှု သို့မဟုတ် ပိုမိုကျယ်ပြန့်သော ထိရောက်မှုကိုမူ အာမမခံနိုင်သေးပါ။
ဤကာကွယ်ဆေးသည် လူနာတစ်ဦးချင်းစီ၏ အကျိတ်မျိုးရိုးဗီဇပေါ်မူတည်၍ တစ်ဦးစီအတွက်သီးသန့် ထုတ်လုပ်ရန် လိုအပ်သဖြင့် အအေးခန်းသိုလှောင်မှုနှင့် မျိုးရိုးဗီဇဆိုင်ရာ ပရိုဖိုင်လ်ရယူခြင်းကဲ့သို့သော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေ‌သေးသည်။
ကမ္ဘာလုံးဆိုင်ရာ ကင်ဆာကုသမှုအတွက် အလားအလာကောင်းများ ရှိနေသော်လည်း စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက်နှင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရေးအတွက် ပိုမိုကြီးမားသော တင်းကျပ်သည့် စမ်းသပ်မှုများ လိုအပ်နေသေးသည်။
Russia announced that its mRNA-based cancer vaccine Enteromix achieved 100% efficacy in early trials involving 48 colorectal cancer patients.
Developed by Russia’s National Medical Research Radiological Centre and Engelhardt Institute of Molecular Biology, the personalized vaccine uses mRNA technology similar to COVID vaccines to train immune systems against individual tumor profiles.
Patients reportedly experienced tumor shrinkage without serious side effects. However, early trial success doesn’t guarantee long-term efficacy or broader effectiveness.
The vaccine requires personalized manufacturing based on each patient’s tumor genetics, presenting logistical challenges including cold-chain storage and genomic profiling.
While promising for global cancer treatment, larger rigorous trials are needed before regulatory approval and widespread implementation.

image

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပူးတွဲဂိုးသွင်း အများဆုံးအဖြစ် ရော်နယ်ဒို ရပ်တည်

စက်တင်ဘာ ၁၀

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပူးတွဲဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းဂိုးပေါင်း ၃၉ ဂိုးအထိ ရှိလာခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ သူအဖြစ် အရင်က စံချိန်တင်ထားတဲ့ သူကတော့ ဂွာတီမာလာအသင်းက ကားလို့စ်ရုပ်ဇ်ဖြစ်ပြီး အခုအချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ၃၆ ဂိုး သွင်းယူထားပြီး ရော်နယ်ဒိုနဲ့ ၃ ဂိုး ကွာဟနေတာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အာမေးနီးယားအသင်းနဲ့ ခြေစစ်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားပါတယ်။

ရော်နယ်ဒိုဟာ အသက် ၄၀ နှစ်ကျော်ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ သွင်းဂိုးတွေနဲ့ ပေါ်တူဂီအသင်းကို အကူအညီ ပေးနိုင်သေးကြောင်း ပြသထားတာပါ။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၂၃ ပွဲကစားထားပြီး ၁၄၁ ဂိုး သွင်းယူထားပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုဟာ ၉၄၃ အထိ သွင်းယူ ထားတာပါ။

ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစား အပြီးမှာ ၂ ပွဲစလုံး နိုင်ပွဲရရှိကာ အုပ်စုတွင်း အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ပေါ်တူဂီအသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အိုင်ယာလန်နဲ့ ဟန်ဂေရီ အသင်းတို့ကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နီပေါတွင် Gen Z လူငယ်များဆန္ဒပြမှု လူ ၁၉ ဦးသေဆုံး

ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၀

နီပေါနိုင်ငံ၊ ခန္တမန္ဒူ (Kathmandu) မြို့တော်တွင် စက်တင်ဘာ ၈ ရက်က Gen Z မျိုးဆက် ကျောင်းသား လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုများကြောင့် ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

နီပေါတွင် အဂတိလိုက်စားမှုနှင့် ဆင်ဆာဖြတ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် ပြီးခဲ့သည့်နှစ်များအတွင်း သွေးထွက်သံယို အများဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၈ ရက် ညပိုင်းအထိ ထွက်ပေါ်ခဲ့သည့် သတင်းများအရ ခတ္တမန္ဒူ (Kathmandu) မြို့တော်နှင့် အခြား မြို့များတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် ဆန္ဒပြသူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကာ လူ ၃၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ထိခိုက်နစ်နာသူ အများစုမှာ ကျောင်းဝတ်စုံများ ဝတ်ထားသည့် ကျောင်းသားများဖြစ်သည်။

လူမှုမီဒီယာများပေါ်တွင် ထွက်ပေါ်ခဲ့သည့် ဗွီဒီယိုများ၌ ရဲတပ်ဖွဲ့သည် လမ်းကြိုလမ်းကြားများထဲမှာ ဆန္ဒပြ သူများကို နံပါတ်တုတ်များဖြင့် လိုက်လံရိုက်နှက်ခြင်း၊ လွှတ်တော် အဆောက်အအုံ အပြင်ဘက်တွင် ဒဏ်ရာ ရသူများကို လူနာတင်ကားများပေါ်သို့ တင်ဆောင်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများအား ပစ်ခတ်ခြင်းတို့ ပြုလုပ်နေ သည့် ရုပ်သံမှတ်တမ်းများကို မြင်တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို တရားမဝင် အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

“လက်နက်မရှိတဲ့ လူငယ်တွေကို အစိုးရက အခုလိုပုံစံမျိုးနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ကျနော်တို့ ထင်မထားခဲ့ပါဘူး။ သူတို့ မြေးအရွယ်လောက်ပဲရှိတဲ့ ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့ကြတာပါ” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့ သည်။

“Gen Z တွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပေမယ့် ထိခိုက် သေဆုံးမှုတွေအတွက် အစိုးရက တာဝန်ယူရပါ လိမ့်မယ်။ အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ လက်တွေမှာ သွေးစွန်းခဲ့ကြပါပြီ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က နီပေါအစိုးရသည် Facebook ၊ X ၊ YouTube ၊ Instagram နှင့် WhatsApp တို့ အပါအဝင် လူမှုမီဒီယာ ၂၆ ခုကို တားမြစ်ပိတ်ပင်ခဲ့သဖြင့် ဆန္ဒပြမှုများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

နီပေါအစိုးရက ထိုလူမှုမီဒီယာများသည် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

TikTok၊ Viber နှင့် အခြားလူမှုမီဒီယာ ၃ ခုမှာမူ မှတ်ပုံတင်ခဲ့သဖြင့် ပိတ်ပင်ခံခဲ့ရခြင်းမရှိပေ။

စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင်မူ လူမှုမီဒီယာများအား ပိတ်ပင်မှုကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နီပေါပြန်ကြားရေးဝန်ကြီး ပရစ်သ်ဗီ ဆပ်ဘာ ဂူရန် (Prithvi Subba Gurung) က ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ရာမက်ရှ် လက်ခ်ဟက်ခ် (Ramesh Lekhak) သူသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အကြောင်း ပြချက်များဖြင့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: South China Morning Post

ပုံ - နီပေါ ဆန္ဒပြမှု ထိပ်တိုက်တွေ့နေကြစဉ်

#သတင်းဟင်းလေးအိုးကြီး

image

❝အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံမည်❞

စက်တင်ဘာ ၁၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံခြင်းကို ယခုနှစ်တွင်လည်း ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသစာရီကြွချီပူဇော်ခံခြင်းကို ဆောင်ရွက်ရာတွင် သီတင်းကျွတ်လဆန်း ၁ ရက် စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီတွင် မူလသီတင်းသုံး စံပယ်တော်မူရာရတနာစံကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားဖြင့် စတင်ဆောင်ရွက်မည်ဖြစ်သည်။

ထို့နောက် ယင်းနေ့ နံနက် ၇ နာရီတွင် ရတနာစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် ကျေးပေါခုံဌာနသို့ စတင်ပင့်ဆောင်ပူဇော်မည်ဖြစ်သလို သီတင်းကျွတ်လဆန်း ၇ ရက် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ဌာနသို့ဆိုက်ရောက်၍ သုံးရက်ကိန်းဝပ်ပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက် အောက်တိုဘာ ၉ ရက်တွင် မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပွဲတော်ကာလအတွင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အကြိုပွဲစဉ်များအဖြစ် သီတင်းကျွတ်လဆန်း ၅ ရက် စက်တင်ဘာ ၂၆ ရက်တွင် ရေလယ်ဧည့်ခန်းမရှေ့ရေပြင်ကျယ်၌ ကျင်းပပြုလုပ်သွားမည်ပြီး ညောင်ရွှေမြို့ဌာနသို့ ဆိုက်ရောက်သည့် စက်တင်ဘာ ၂၈ ရက်တွင် ညောင်ရွှေမြို့ နန်းကပ်ချောင်း၌လည်းကောင်း၊ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရတနာစံကျောင်းတော်ရှေ့ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image

image
12 w - Translate

၁၁၃ ကြိမ်ဆက်တိုက်ရှုံးလို့ နာမည်ကြီးတဲ့ ဂျပန်ပြိုင်မြင်းမလေး ဟာရူ အုရာရာ သေဆုံး
မြင်းပြိုင်ပွဲမှာ တစ်ခါမှ အနိုင်မရခဲ့ပေမဲ့ မယိမ်းယိုင်တဲ့စိတ်ဓာတ်ရှိတဲ့ ဂျပန်ပြိုင်မြင်း (Racehorse) ဟာရူ အုရာရာဟာ အသက် ၂၉ နှစ်မှာ သေဆုံးသွားခဲ့ပါပြီ။ လူသက်တမ်းနဲ့ တွက်မယ်ဆိုရင် အသက် ၉၀ နီးပါးအထိ‌ နေနိုင်ခဲ့ပါတယ်။ သူဟာ ချိဘခရိုင်ရှိ ၂၀၁၃ ခုနှစ်ကတည်းက သူ နေထိုင်နေခဲ့တဲ့ Martha ခြံမှာ စက်တင်ဘာ ၉ ရက်နေ့က သေဆုံးခဲ့တာပါ။
ဟာရူဟာ စက်တင်ဘာ ၈ ရက်နေ့မတိုင်ခင်အထိ ကျန်းမာရေးကောင်းခဲ့တယ်။ စက်တင်ဘာ ၈ ရက်နေ့ကျမှ နေမကောင်းဖြစ်ခဲ့တယ်။ ဆေးကုသမှုတွေလုပ်ခဲ့ပေမဲ့ သူ့အခြေအနေ ဆိုးရွားခဲ့ပြီး နောက်နေ့အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးသူ ယူခို မီရာဟာရာက ပြောကြားခဲ့ပါတယ်။
ဟာရူက ၁၁၃ ကြိမ်ဆက်တိုက်ရှုံးခဲ့တဲ့မှတ်တမ်းကြောင့် ၂၀၀၀ ခုနှစ် အစောပိုင်းမှာ အမျိုးသားသင်္ကေတဖြစ်လာခဲ့တာပါ။ ရှုံးပွဲတွေများခဲ့ပေမဲ့ သူ့ရဲ့မယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ ခံနိုင်ရည်ရှိမှုတွေက လူအများရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး သူ့ကို ဂျပန်ရဲ့ ဇွဲလုံ့လရဲ့သင်္ကေတအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။
မကြာသေးခင်နှစ်တွေမှာ ဟာရူက သူ ဇာတ်ကောင်တစ်ခုအဖြစ် ပါဝင်ထားတဲ့ မိုဘိုင်းလ်ဂိမ်း Uma Musume: Pretty Derby ကတဆင့် အောင်မြင်မှုရခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းလေးနဲ့ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပြီး Martha Farm ကို လာလည်တဲ့သူများလာစေခဲ့ပါတယ်။

image
12 w - Translate

✅ 🎬 HI-FIVE (2025) — Official Trailer, Review, and Quote
The official trailer for HI-FIVE (2025) presents a quirky, heartwarming, and action-packed comedy-drama starring Jinyoung, Ra Mi-ran, Ahn Jae-hong, and Oh Jung-se—a dream cast with charm and comedic timing. The story follows an unlikely team of five misfits, each with unique psychological or physical quirks, who are forced to work together on a mission to stop a criminal syndicate threatening their city.
The trailer offers laugh-out-loud moments as the characters fare poorly in training, bicker endlessly, and fail miserably at teamwork, until real danger forces them to find their inner strength. Ra Mi-ran shines as the gruff, no-nonsense leader, while Jinyoung's youthful optimism and awkward bravery bring warmth to the group's chaotic energy. Ahn Jae-hong and Oh Jung-se bring their signature comedic brilliance, balancing slapstick humor with surprising depth.
With brilliant visuals, witty dialogue, and an inspiring message about friendship and resilience, HI-FIVE is shaping up to be a crowd-pleasing film that combines comedy, heart, and a touch of superhero fun.
⭐ Initial rating: 8.3/10: Funny, heartwarming, and full of life.
🎥 Release: 2025. Five hearts. One mission. High five!
#hifive2025 #jinyoung #ramiran #ahnjaehong #ohjungse #kmovie

image