36 w - Translate

Don't be afraid to fail. Be afraid not to try

image

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၁၂/၂၀၂၅)
===============================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
-------------------------------------------------------------------------
၁။ လေပွေလှိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ်သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေပွေလှိုင်း အဖြစ် အားလျော့သွားခဲ့ပါသည်။
၂။ နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့သို့ ‌ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
၃။ သတိပေးနှိုးဆော်ချက်
အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

image
36 w - Translate

လားရှိုးမြို့ရောက် ကျောက်မဲမြို့က စစ်ရှောင်များကို ဆန်နဲ့ ငွေကြေး ထောက်ပံ့လှူဒါန်း ၂၁-၉-၂၀၂၅
ဆန်ကို ပြည်ထောင်၏ု သာသနာရေး ဒုဝန်ကြီး ဦးအေးထွန်း မိသားစုက လှူ‌ဒါန်းပြီး ငွေကိုတော့ ကျောက်မဲခရိုင် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုး ပါတီတို့ကနေ လှူဒါန်ပါတယ်

image
image
image
image

ခြေကျင်းဝတ်ဒဏ်ရာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ စပါးစ်တိုက်စစ်မှူးဆိုလန်ကီ

စက်တင်ဘာ ၃၀

စပါးစ်တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ကာ ဖြေရှင်းခဲ့ရပါတယ်။

ဆိုလန်ကီဟာ ဩဂုတ်လ ၂၃ ရက်နေ့က မန်စီးတီးနှင့်ပွဲတွင် စပါးစ်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

သူဟာ ယနေ့ည နော်ဝေကလပ် ဘိုဒို/ဂလမ့်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

စပါးစ်နည်းပြသောမတ်စ်ဖရန့်က "ဒွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ခြေကျင်းဝတ်ပြဿနာရှိနေခဲ့တယ်။ အခု ကျွန်တော်တို့ အသေးစား ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ကြပြီ။ အသေးစားလေးပါ။ ဒီပွဲ(ဘိုဒို/ဂလမ့်)အတွက် အသင့်မဖြစ်ဘူး။ လိဒ်ပွဲကိုပါ လွဲမယ်။ နိုင်ငံတကာပွဲအပြီးကစားနိုင်ဖို့တော့ အချိန်သတ်မှတ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ စပါးစ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အများစုကို လွဲချော်ခဲ့သူ ဖြစ်ပြီး ဩဂုတ်လအစ ပီအက်စ်ဂျီ၊ ဘန်လေ၊ မန်စီးတီးတို့နှင့်ပွဲများတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၁၁ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေကာ ခါရာဘောင်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း ဗီလာရီးရဲလ်အား ၁-၀ ဖြင့် အနိုင်ရထားပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image

❝မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက် မဲစာရင်းလာကြည့်ကြရန် UEC မေတ္တာရပ်ခံ❞

စက်တင်ဘာ ၃၀

ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်၍ မဲစာရင်းကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က မေတ္တာရပ်ခံအသိပေးထားသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ကြောင်း UEC က ဆိုထားသည်။

အလားတူ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း အသိပေးထားသည်။

လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်မည်ဖြစ်ပြီး ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်သလို မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့်သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လို

စက်တင်ဘာ ၃၀

နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့် သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လိုအပ်နေကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်း လုပ် ကိုင်သူများထံ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရသိရသည်။

ဂျပန်သို့ လုပ်သားစေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၁၅)ယောက်သာ ကန့်သတ် ထားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနမှ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand အများစုသည် ဂျပန် နိုင်ငံရှိ လုပ်ငန်းရှင်များမှ စာချုပ်ပယ်ဖျက်ထားသည့် Demand များပါဝင်နေကြောင်း သိရသည်။

အလားတူ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand များမှာ စာချုပ်ပယ်ဖျက်မှုမရှိသော် လည်း ပြည်ဝင်ခွင့်သက်တမ်းကုန်ဆုံးများနေသည့်အတွက် ဗီဇာပြုလုပ်၍မရသည့်အလုပ်ခေါ် စာများ ဖြစ်ကြောင်းသိရသည်။

“Cancel ဖြစ်တဲ့စာရင်းကောက် လိုက်တော့ (၃၀ဝဝ)ကျော်လောက်ထွက်လာတယ်။ စောင့်နေတဲ့ Demand တွေလည်းရှိတာပေါ့နော်။ ဌာနကနေ ခွင့်ပြုမိန့်အလှည့်ကျ ချပေးတာတွေရတယ်။ တချို့ဟာ တွေဆို ဘာမှ ဆက်လုပ်လို့မရတဲ့ ဟာတွေ။ အချို့အလုပ်ခေါ်စာတွေက ပြည်ဝင်ခွင့် ကုန်သွားပြီ။ သက် တမ်းမတိုးထားဘူး။ စာချုပ်လည်း မပယ်ဖျက်ဘူး အလုပ်ရှင်က သက်တမ်းမတိုးတော့ ဗီဇာကလည်း ဝင် လို့မရဘူး။ အလုပ်ခေါ်စာလည်း ဖြစ်ထားတော့ ဌာနကလည်း အစဉ်လိုက်ခေါ်တဲ့အခါ ကျတော့ မပါသေး ဘူးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အလုပ်ခေါ်စာတွေက အများကြီးပဲ။ သောင်း ဂဏန်းရှိတယ်။ စာချုပ် ဖျက်ပြီး တာတွေ၊ ငွေပြန် အမ်းပြီးတာတွေ အဲဒီလို Demand တွေ ခွင့်ပြုချက်‌ပေးပြီးတဲ့အထဲပါ ပါလာတော့ ဘာမှ ဆက် လုပ်မရတော့ဘူး။ အဲဒီလိုမဖြစ်အောင် စာရင်း ကောက်ပြီးတော့ နေပြည်တော်ကိုပို့ထားပေးတယ်။ လက်ခံထားပေးမယ့် အခုခွင့်ပြုတဲ့အထဲမှာ အဲဒါမျိုး တွေ ပြန်ပြန်ပါနေတယ်။ အဲဒါလည်း အခက်အခဲဖြစ် ရတာပေါ့။ လက်ရှိအေဂျင်စီတွေက ဘာမှမလုပ်ဘဲ ရပ်နေရတဲ့သဘောတွေရှိနေတာပေါ့” ဟု ပြည်ပ အ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ ပြောသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၅)လပိုင်းမှ စတင်၍ တင်ပြထားသည့်အလုပ်ခေါ်စာများကို လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသည့် အပြင် (၂၀၂၄) ခုနှစ်တွင်တင်ပြထားသည့် အလုပ် ခေါ်စာများတွင်လည်း စေလွှတ်ခွင့်မကျဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပါအဝင် အခက် အခဲအချို့ကြောင့် ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီအများအပြား ရပ်စဲထားရသည့် အခြေအနေရှိသော်လည်း နယ်စပ်လမ်းကြောင်းများမှ တစ် ဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေး မည်ဟုဆိုကာ အခကြေးငွေများယူ၍ဆောင်ရွက် နေသည့် ပြင်ပ ဂျပန်စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ပိုမိုများလာ သည့်အတွက် သင်တန်းကျောင်းများကို ထိထိရောက်ရောက်စိစစ်ကာ အရေးယူမှုများ ဆောင်ရွက်သင့် ကြောင်းလည်း ၎င်းကအကြံပြုထားသည်။

“အပြင်ကျောင်းတွေအများကြီးပဲ။ ကျောင်းတွေဖွင့်ကြတယ်။ အဲဒီလိုကျောင်းတွေက နေပြီး တော့ ကလေးတွေကို စမတ်ကတ် စောင့်စရာ မလိုဘူး။ OWIC ကတ်စောင့်စရာမလိုဘူးဆိုပြီး အမြန်ပို့ ပေးမယ်ဆိုပြီး နယ်စပ်ကပို့ပေးတဲ့ကျောင်း တွေ များလာတာပေါ့နော်။ အေဂျင်စီမှာ အင်တာ ဗျူးအောင် ထားတယ်။ စာချုပ်ချုပ်ထားတယ်။ ငွေသွင်းထားတယ်ဆိုတဲ့ကလေးတွေက စာချုပ် ပယ်ဖျက်ပြီး အပြင် ကျောင်းတွေကို ရောက်ကုန်တယ်။ ရောက်ပြီး တချို့တွေက ငွေတွေ အလိမ်ခံထားရတယ်။ အလိမ်ခံထား ရတယ်လို့ပြောပြန်ရင်လည်း ဟိုဘက်က ပြည်ဝင်ခွင့်မကျသေးလို့လို့။ အေဂျင်စီတွေနဲ့ချိတ်ထားပေမယ့် အေဂျင်စီတွေကမဖွင့်သေးလို့ဆိုပြီး ငွေတွေယူထားတဲ့ကျောင်းတွေအများကြီးရှိတယ်။ တချို့ကျတော့ အေဂျင်စီတွေနဲ့ပူးပေါင်းပြီးလုပ်တာရှိတယ်။ ဒါပေမဲ့ အေဂျင် စီတွေ မသိဘဲနဲ့ ငွေတွေလက်ခံထားတယ်။ သိန်း (၅၀၊ ၆၀၊ ၁၀ဝ)။ အဲဒီလိုတွေ လက်ခံထားပြီးတော့ ကလေးတွေက တစ်ခုခုသွားမေးရင် မဖွင့်သေး လို့ ဆိုတာမျိုးနဲ့ပဲ အချိန်ဆွဲပြီးငွေတွေယူထားကြတယ်။ စာချုပ်တွေချုပ်တယ် ငွေပြန်မအမ်းပါတို့ဘာတို့။ အပြင်ကျောင်းတွေလုပ်နေတာ။ အဲဒါတွေက လည်း ထိထိရောက်ရောက်စိစစ်ပြီးတော့ အရေး ယူဖို့လို တာပေါ့နော်။ အဲဒါတွေကလည်း MOEA နဲ့ချိတ်ဆက်ပြီး ကျောင်းစာရင်းတွေကောက်ပြီး သေချာ တင်း တင်းကြပ်ကြပ်လုပ်ရင် ကလေးတွေ အလိမ်ခံရတာလည်းလျော့သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြော သည်။

Credit - NP News Agency

#centralnewsnaypyitaw

image
36 w - Translate

ဖောင်းပြင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ကိုဗဟိုပြု၍ ယနေ့ စက်တင်ဘာ ၃၀ ရက်နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image

လေ့ကျင့်ရေးကွင်းသို့ RAF လေသူရဲအဖွဲ့ကို ဖိတ်ခေါ်ပြီး အသင်းကို တိုးတက်အောင် ပြုလုပ်လာမယ့် အာတီတာ

စက်တင်ဘာ ၃၀

မီခေးလ်အာတီတာဟာ RAF လေသူရဲများကို ကလပ်လေ့ကျင့်ရေးကွင်းသို့ ဖိတ်ကြားကာ သူနှင့် ကစားသမားများအကြား စကားပြောဆိုပုံအား ပိုမိုကောင်းမွန်လာရေး ပြုလုပ်လိုလျက် ရှိနေပါတယ်။

အာဆင်နယ်နည်းပြဟာ အာဆင်နယ်ကို ကိုင်တွယ်ပြီးနောက် အသေးစိတ်ကအစ ဂရုတစိုက် ပြုလုပ်ကာ အသင်းကို တိုးတက်အောင် ကြိုးပမ်းလာသူ ဖြစ်ပါတယ်။

သူဟာ Team Talk ကို အထူးဂရုတစိုက် ပြုလုပ်သူလည်း ဖြစ်ပါတယ်။

ယခုအခါ သူဟာ ဖိအားများအောက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြောနိုင်တဲ့ လေသူရဲများကို ဖိတ်ကြားပြီး သင်ယူလေလာမှု ပြုလုပ်လိုနေပါတယ်။

အာတီတာက "တစ်နေ့ကျရင် ကျုပ် ပွဲနေ့ လုပ်ဆောင်မှု သိပ်မကောင်းဘူးလို့ ပြောပြီး အိပ်ယာက နိုးလာနိုင်တယ်။ ဗြိတိန်လေသူရဲတွေက ဥပမာပါ။ ဒီလူတွေနဲ့ တွေ့ပါမယ်။ သူတို့ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားမှု အလုပ်လုပ်ရချိန်အတွင်း ဘယ်လို ဆက်သွယ် စကားပြောကြလဲ သင်ယူလိုတယ်။ သူတို့ ပြောစရာရှိတယ်ဆိုရင်တောင် စကားလုံး အလုံး ၂၀ သုံးကြမှာ မဟုတ်ဘူး။ လေက ဒီလမ်းကြောင်းအတိုင်း တိုက်ခတ်နေတယ်၊ အခု မင်း လှည့်ပြန်ရမယ် လို့ ရှည်ရှည်ဝေးဝေး ပြောနေကြမှာ မဟုတ်ဘူး။ ဒီလို ရှည်ရှည်ဝေးဝေး ပြောနေရင် သေပြီလေ။ ဒီတော့ စကားတစ်ုလုံးတည်းပဲ ပြောကြလိမ့်မယ်။ ကျွန်တော်တို့ကော ဒီလို ဘယ်လို လုပ်နိုင်မလဲ။ ဘယ်လို ရှင်းရှင်းလင်းလင်း ပြောကြမလဲ။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ဒီအပိုင်းမှာ ပိုကောင်းလာစေချင်တယ်"လို့ ပြောကြားသွားပါတယ်။

အာတီတာဟာ ယခင်တုန်းက အသင်းရဲ့ စားသောက်ခန်းသို့ ခါးပိုက်နှိုက်ငှားရမ်းလာခဲ့ပြီး ကစားသမားများအား အချိန်ပြည့် သတိရှိနေစေရေး သင်ကြားပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် စပိန်လူမျိုးနည်းပြဟာ မီးသီးအား အသုံးပြုကာ ကစားသမားများအကြား တစ်ဦးနှင့် တစ်ဦး အချိတ်အဆက် ရှိနေစေရေး ပြောဆို လုပ်ပြခဲ့ဖူးပါတယ်။

အာတီတာဟာ အန်ဖီးလ်တွင် လီဗာပူးနှင့် ရင်ဆိုင်ရမဲ့ ပွဲစဉ်မတိုင်မီ ကစားသမားများ အန်ဖီးလ်ကွင်းဆူညံသံဖြင့် အသားကျစေရေးအတွက် လေ့ကျင့်ရေးကွင်းတွင် စပီကာများဖြင့် ‘You’ll Never Walk Alone’ သီချင်းကို ကျယ်လောင်စွာ ဖွင့်ခဲ့ဖူးပါတယ်။

Credit - Playmaker News Journal

#ဘောလုံးသတင်းစုံ

image

ပဲခူးမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးခြေထောက်နှစ်ဖက် ပြင်းထန်ထိခိုက်ကာ သွေးထွက်လွန်သေဆုံးမှု ဖြစ်ပွားခဲ့

စက်တင်ဘာ ၃၀


Watch
Homeပဲခူးမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးခြေထောက်နှစ်ဖက် ပြင်းထန်ထိခိုက်ကာ သွေးထွက်လွန်သေဆုံးမှု ဖြစ်ပွားခဲ့
ပြည်တွင်းသတင်း
ပဲခူးမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦးခြေထောက်နှစ်ဖက် ပြင်းထန်ထိခိုက်ကာ သွေးထွက်လွန်သေဆုံးမှု ဖြစ်ပွားခဲ့
admin
September 29, 2025
photo_2025-09-29_16-10-02
◾️ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း လူမှူကူညီရေး အသင်းတစ်သင်းတည်းကပင် မုန်းမြို့မှ မြေမြုပ်မိုင်းအန္တရာယ်ကြုံတွေ့ရသူ ခုနစ်ဦးကို ကယ်ဆယ်ခဲ့ရပြီး လေးဦးက ကလေးငယ်တွေ ဖြစ်နေ

စက်တင်ဘာ ၃၀

ပဲခူးတိုင်း‌ဒေသကြီး၊ မုန်းမြို့ကနေ မြေမြုပ်မိုင်းထိတဲ့ အသက်လေးဆယ်ဝန်းကျင်အမျိုးသားတစ်ဦး သွေးထွက်လွန်ဝေဒနာနဲ့ မနေ့က ည ၆ နာရီကျော်အချိန်က တောင်ငူဆေးရုံကြီးမှာကွယ်လွန်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသားက စားဝတ်နေ‌ရေးအတွက် တောတက်ကာ ထင်းခုတ်ရင်း အခုလို အဖြစ်ကြုံခဲ့ရတာလို့ သိရပါတယ်။

တောင်ငူအခြေစိုက် Save The Trees Rescue Team မှ ကိုကျော်သူရက “ကျွန်တော်တို့က လူနာကို ဖြူးကနေ သွားစောင့်ခေါ်လာတာ။ ဖြစ်တာက နေ့လယ် ၃ နာရီလောက်က ဖြစ်တယ်ကြားတယ်။ ကျွန်တော်တို့နဲ့ ဆုံတော့ ၅ နာရီ ၂၅ မိနစ် ဖြစ်နေပြီ။ တောင်ငူဆေးရုံအရောက် ဆုံးတာပါပဲ။ အဓိက က သွေးထွက်လွန်တာပါ။ သူက အောက်ပိုင်းတစ်ခုလုံးထိတာ။ ခြေထောက် နှစ်ချောင်းလုံး အရိုးပေါ်သွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသားဟာ မိသားစုကလည်း ငွေကြေးခက်ခဲကြတာမို့ အလောင်းကို ရွာပြန်မသယ်ဘဲ တောင်ငူမှာတင် သင်္ဂြိုဟ်ဖို့ စီစဉ်တာမို့ အသင်းကပဲ နာရေးကိစ္စ အစစ စီစဉ်ဆောင်ရွက်ကူညီပေးသွားမယ်လို့လည်း သိရပါတယ်။

ကိုကျော်သူရတို့ရဲ့ Save The Trees Rescue Team ကနေ မြေမြုပ်မိုင်းထိ လူနာတွေကို အသက်ရှင်လျှက် ကူညီကယ်ဆယ်နိုင်တာ ၇ ဦးရှိခဲ့ပြီး အဲ့သည်အထဲက ၄ ဦးက ကလေးငယ် ယောက်ျားလေးတွေဖြစ်သလို နှစ်ဦးက သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ နောက်တစ်ဦးက အသက်နှစ်ဆယ်ကျော် အစိတ်ဝန်းကျင် အမျိုးသမီးပါ။ နောက်တစ်ဦးကတော့ သုံးဆယ်ကျော် အမျိုးသားတစ်ဦးလို့ သိရပါတယ်။ အားလုံးက မုန်းမြို့ပေါ်နဲ့ ရွာနီးစပ်ချုပ်ကသူတွေချည်းပါပဲ။

ကလေး လေးဦးမှာ ခြေတစ်ဖက် ဖြတ်ရတာ နှစ်ဦးနဲ့ ခြေနှစ်ဖက်စလုံး ဖြတ်တောက်ရတာက နှစ်ဦးပါ။ ထိခိုက်တဲ့ ကလေးတွေက ကိုယ့်ရွာခြေပတ်လည်မှာပဲ စစ်ပွဲတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းမရှိချိန် မိဘကိုကူရင်း ယာခင်းအစပ်တွေ၊ ချောင်းစပ်တွေမှာတင် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အဲဒီ ဖြစ်ရပ်တွေထဲကမှ အခု ၂၀၂၅ ခုနှစ် မတ်လအတွင်းက မတ်ပဲခင်းထဲ ပဲကျန်ကောက်ရောင်းရင်း မိသားစု စားဝတ်နေရေး ကူညီဖြေရှင်းနိုင်ဖို့ ကြိုးစားသူ အသက် ၁၁ နှစ်အရွယ် သားငယ် မောင်ကြယ်စင်ဟိန်းက လာမယ့် အောက်တိုဘာလထဲမှာ မြေမြှုပ်မိုင်းကြောင့် ‌ထိခိုက်သွားတဲ့ ခြေထောက် နှစ်ဖက်စလုံး ခြေတုတပ်ဆင်နိုင်တော့မှာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အသင်းက ‌ဒီမိုင်းကြောင့် ကိုယ်လက်အင်္ဂါပျက်စီးသူတွေကို ကူညီနေတာ အယောက် ၃၀ မကတော့ဘူး။ အသင်းကနေပဲ အစအဆုံး ကူညီရတာက ခုနစ်ဦး။ ကျန်တာတွေက မိတ်ဖက်အသင်းတွေ အကူအညီတောင်းလို့ ဝင်ကူညီရတာ၊ အလှူငွေ လှူပေးရတာ၊ ဒါတွေလည်းရှိတယ်။ စိတ်ဓာတ်ခွန်အား၊ ပြန်လည်သန်စွမ်းကျန်းမာရေး၊ ထူထောင်ရေးကအစ ဆေးရုံဆင်းတဲ့အထိ စားဝတ်နေရေး၊ ခြေတု တပ်ဆင်နိုင်ရေး၊ နောက်ပြီး ပြန်လည်သန်စွမ်းကျန်းမာပြီး ဘဝရပ်တည်ရေးအထိ စီစဉ်ပေးသွားဖို့ ဆောင်ရွက်မှာပါ” လို့ Save The Trees Rescue Team မှ ကိုကျော်သူရက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလက မုန်းမြို့ပေါ် (၁) ရပ်ကွက်မှာ နေထိုင်သူ မစန်းစန်းဦး မုန်းချောင်းစပ်မှာ ရေခပ်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့လို့ Save The Trees Rescue Teamက အရေးပေါ်သွားရောက်ခေါ်ယူ ကယ်ဆယ်ပေးခဲ့ရပါတယ်။ အဆိုပါမြို့ကို ဝင်ရောက်စဉ် အရင်က အတန်အသင့် စီးပွားရေးကောင်းပြီး စည်ကားခဲ့တဲ့ မုန်းမြို့က မြို့ပျက်ကြီးသဖွယ် ခြောက်ကပ်တိတ်ဆိတ်နေပြီး မရွှေ့မပြောင်းမနိုင်တဲ့ အခြေခံလူတန်းစားတွေသာ စစ်ဧရိယာအတွင်း ကြိတ်မှိတ်ခါးစည်း နေထိုင်ကျန်ရစ်ခဲ့ကြတာလို့ အသင်းက မျက်မြင်တွေ့ရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်သူအရေအတွက်ကို ယူနီဆက်ဖ်ရဲ့ စစ်တမ်းတွေအရ ၁၀၈၂ ဦးလို့ ဖော်ပြထားတာကို သိရှိရပြီး အဲဒီထဲကမှ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ထိခိုက်ခံစားရသူဦးရေ အများဆုံးဖြစ်ကာ ပဲခူးတိုင်းကလည်း တစ်ရာမှာ ကိုးရာခိုင်နှုန်းခန့် ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ ထိခိုက်ခံစားရသူတွေထဲက ၂၉ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်ရန် တရုတ်နှင့်မြောက်ကိုရီးယား သဘောတူ

ဘေကျင်း၊ စက်တင်ဘာ ၃၀

ဗိုလ်ကျစိုးမိုးမှု ပုံစံများအားလုံးကို ဆန့်ကျင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဖို့ တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများက စက်တင်ဘာ ၂၉ ရက်တွင် သဘောတူညီခဲ့ကြသည်ဟု DW မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi)နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟွေ( Choe Son Hui)တို့ ဘေကျင်းမြို့တော်တွင် တွေ့ဆုံချိန်၌ သဘောတူခဲ့ကြခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) ဦးဆောင်သည့် ဘေကျင်းမြို့တော်၌ ပြုလုပ်သော စစ်ရေးပြ အခမ်းအနား သို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un )နှင့် ရုရှားသမ္မတ ပူတင်(Vladimir Putin )တို့ တက်ရောက်လာခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် တရုတ်နှင့်မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်း၊ ခိုင်မာစေခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အမြဲတစေ တရုတ်အစိုးရ၏ အဓိကမူဝါဒဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ကမ္ဘာ့အရေးနှင့် ဒေသဆိုင်ရာ အရေးများ အပြင် မြောက်ကိုရီးယားနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းကို ဆန့်ကျင်ခြင်းနှင့် သာတူညီမျှရှိမှု၊ တရားမျှတမှု အပါအဝင် နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားကို ပူးပေါင်းကာကွယ်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ပြောသည်။

နှစ်နိုင်ငံဝန်ကြီးများသည် ပြဿနာ အများအပြားနှင့်ပတ်သက်ပြီး သဘောတူညီချက်များ ရရှိခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အနေဖြင့်လည်း နိုင်ငံပေါင်းစုံ အရေးကိစ္စများတွင် တရုတ်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ တစ်ဖက်သတ်ဝါဒနှင့် အာဏာနိုင်ငံရေးကို တိုက်ဖျက်ကာ ပိုမိုမျှတသော ကမ္ဘာ့စည်းမျဉ်းတစ်ခု ရရှိစေရန် ချိုက ပြောကြားခဲ့သည်။

တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံလုံးက အမေရိကန်ကို ဘုံရန်သူအဖြစ် ရှုမြင်ထားပြီး အမေရိကန်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းကို ဆန့်ကျင်သည့်အပြင် တရုတ်နိုင်ငံအနေဖြင့်လည်း ကုန်သွယ် ရေးနှင့် မဟာဗျူဟာတွင် အမေရိကန်နှင့် ပြိုင်ဘက်အဖြစ် တည်ရှိနေသည်။

မြောက်ကိုရီးယားက ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲ၌ ရုရှားကို ကူညီထောက်ပံ့ပေးခဲ့သောကြောင့် ကင်မ် သည် လက်ရှိ၌ တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရရှိလိုကြောင်း၊ လာမည့်လတွင် ပြုံယမ်းမြို့တော်၌ ပြုလုပ်မည့် နှစပေါင်း ၈၀ ပြည့် အလုပ်သမားပါတီ အထိမ်းအမှတ်ပွဲကို တက်ရောက်ရန် တရုတ်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားဖွယ်ရှိသည်။

Source: DW

Credit - Central News Independence News Agency

#centralnewsnaypyitaw

ပုံ - တရုတ်နဲ့မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်

image