"AI ပြင်/ညာ ရှင်များ"
ခေါင်းစဉ်ကိုကြည့်ပြီး စာလုံးပေါင်းမှားနေတယ်ထင်ကြပါလိမ့်မယ်။ တကယ်က မမှားပါဘူး။
အခုပြောပြမယ့်အကြောင်းက AI ကိုသုံးပြီး သတင်းမှားတွေ သတင်းအတုတွေ ဖြန့်လာတဲ့ လူတွေအဖွဲ့အစည်းတွေအကြောင်းပါ။ဒါကြောင့်မို့ AI ပြင်/ညာရှင်တွေအကြောင်းပေါ့။
လတ်တလော ခေတ်စားနေ လူစိတ်ဝင်စားနေတဲ့ သတင်းတွေကိုကြည့်လိုက်ရင် ဒီသတင်းတွေရဲ့ ၇၀% က AI ကိုသုံးပြီး ဘာသာပြန်ထားတာ / AI ကို အသုံးချပြီး အလိမ်အညာတွေလုပ်ဖို့ သုံးထားတာ တွေဖြစ်ပါတယ်။
အခုခေတ် ဆိုရှယ်မီဒီယာတွေ တိုးတက်လာတာနဲ့အမျှ က ကမ္ဘာပေါ်က လူတွေ အများကြီးကို တစ်နေရာတည်းမှာ စုပေးနိုင်တဲ့ နေရာတု ( Virtual space ) တွေဖြစ်လာပါတယ်။
ဒီsocial media အသုံးပြုသူတွေများလာအောင် ဒီ Social media company တွေက နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ဒီထဲက ကြိုးစားတဲ့နည်းလမ်းတစ်ခု က Misinformation လို့ခေါ်တဲ့ သတင်းအမှားတွေကို ပေးဖြန့်တာမျိုးပါ။
အရင်က သတင်းအမှားတွေကို Social media တွေက တိုက်ဖျက်ပေမယ့် အခုသူတို့ကိုယ်တိုင်က AI ထုတ်နေတဲ့ Company တွေဖြစ်လာတဲ့အခါ ဒီ AI တွေ ကို သုံးတဲ့သူတွေများဖို့ အတွက် သတင်းအမှားတွေ သတင်းအတုတွေကို တမင်လွှတ်ပေးတာမျိုးတွေ တွေ့လာရပါတယ်။
ဒီ မီဒီယာပလက်ဖောင်းတွေကို လူများများသုံးလေလေ ဒီသုံးစွဲသူတွေရဲ့ သတင်းအချက်အလက် ( ဥပမာ အသက်၊နေရပ်လိပ်စာ၊စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ စတဲ့ Digital footprint ) တွေကို ဒီကုမ္ပဏီတွေက ရယူပြီး သူတို့ရဲ့ AI တွေကို ထပ် အဆင့်မြင့်ဖို့အတွက် ပြန်သုံးပါတယ်။ပြန်ရလာတဲ့ AI ကို နောက်ထပ် လူတွေကို အသုံးချဖို့ ထပ်သုံးပါတယ်။
တဖက်ကလည်း AI ကို အသုံးချပြီးတိုးတက်လာတဲ့ခေတ်ရဲ့ နောက်ဆက်တွဲတွေကြောင့် social media စာမျက်နှာတွေဟာ သတင်းအတုတွေကို အဓိက ဖြန့်ဖြူးပေးနေတဲ့ ဌာနကြီးတွေဖြစ်လာပါတယ်။
အရင်က သတင်းအမှားတွေထုတ်နေတဲ့ မီဒီယာဌာနတွေရှိပေမယ့် AI တိုးတက်လာတဲ့ ၂၀၂၃ တစ်နှစ်ထဲမှာတင် သတင်းအမှားဖောင်းပွနှုန်းက အရင်ကထက် ၂၅၀% တိုးလာပါတယ်။ အခု ၂၀၂၅ အတွက်ဆိုရင်တော့ပြောမနေနဲ့တော့ပေါ့။
နေ့စဉ်နဲ့အမျှ မဟုတ်တမ်းသတင်းတွေ၊ AI ကို အသုံးပြုပြီးရေးထားတဲ့ အတုအယောင်သတင်းတွေဟာ ဖုန်းစာမျက်နှာတွေပေါ်ကနေ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ အတွေးတွေထဲကို စိမ့်ဝင်နေပါတယ်။အမုန်းတရားတွေ၊စာနာစိတ်ကို နိုးဆွပေးမယ့် အလိမ်အညာ Poverty porn တွေဟာ လွယ်လွယ်ကူကူပဲ ကျွန်တော်တို့ဆီရောက်ရှိနေပါတယ်။
နာမည်ကြီးသတင်းဌာနတစ်ချို့က အမှန်တစ်ဝက်အမှားတစ်ဝက်ပါတဲ့သတင်းတွေကို သိသိလျက်ကော မသိမသာပါ AI ကို အသုံးပြုပြီးတော့ ရေးသားနေတာကိုအခုနောက်ပိုင်းမှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ဥပမာ တိရစ္ဆာန်နှစ်ကောင် ရန်ဖြစ်ကြတဲ့ Video တွေ၊ AI နဲ့လုပ်ထားတဲ့ လူသိများတဲ့ အနုပညာရှင်တွေရဲ့ သူတို့တကယ်မပြောခဲ့တဲ့ စကားလုံးတွေ ကို Video တွေ မြင်လာရကြမှာပါ။
ဆိုတော့ ဒီ လို သတင်းအမှားတွေကို ဘယ်လို တိုက်ဖျက်ကြမလဲ ?
AI က ကျွန်တော်တို့နဲ့အတူရှိနေတော့မှာမလို့ သူ့ကို ဘယ်လိုအသုံးချပြီးကောင်းတဲ့နေရာမှာသုံးမလည်းဆိုတာ အရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ်။တကယ်တမ်းလည်း AI ကမကောင်းတာမဟုတ်ပဲ အသုံးချတဲ့လူတွေရဲ့ ရည်ရွယ်ချက်က AI ကိုမကောင်းစေတာပါ။
ဒါရဲ့အဖြေက Critical thinking လို့ခေါ်တဲ့ ကျိူးကြောင်းစပ်ဆက်တွေးခေါ်နည်းပါ။
စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို ကိုယ်ကဖတ်ရတယ်ဆိုရင် ဒီသတင်းကိုမယုံလိုက်ခင် ကိုယ်ချစ်ရတဲ့သူတွေကို မပြောခင် မှာ ဒီသတင်းက ဘယ်သူကရေးတာလဲ ? ဒီလူက ဒီသတင်းမရေးခင်မှာ ဘယ်လိုလူမျိုးလဲ ?
ဒီသတင်းနဲ့ပတ်သက်ပြီးသူဟာ ဘယ်လောက်အကျွမ်းတဝင်ရှိလည်း? ရှေ့က သတင်းရေးဖူးတယ်ဆို သူ့သတင်းတွေက အမှားဘယ်လောက်များလည်းဆိုတာမျိုး၊ ဒီသတင်းရေးသားတဲ့ သတင်းရတဲ့ နေရာက ယုံကြည်စရာ ဌာနလား ?
နောက်ဆုံး AI generate လုပ်ထားတယ်လို့ သံသယဝင်စရာ (ဥပမာ စာအရေးအသား မဆီလျော်ဖြစ်နေတာ၊ အမှားတွေပါနေတာ )နေတယ်ဆိုရင် အဲ့လို သတင်းကို ယုံဖို့မသင့်တော့ပါဘူး။
ဆိုရှယ်မီဒီယာတွေရဲ့ အခုနောက်ပိုင်း အသုံးချရမယ့် ဒေတာ လိုအပ်ချက်ကြောင့် လူတွေကို များများသုံးနေအောင်၊ဒီလို သုံးအောင်ဆွဲဆောင်ပေးတဲ့ သူတွေကို မက်လုံးအနေနဲ့ အခကြေးငွေပေးပြီး အသုံးချလာကြပါတယ်။
ကျားဖြန့်လိုမျိူးကိစ္စတွေ ဒီAi သတင်းအတုတွေရဲ့ တူညီတဲ့ အချက်က လူတွေစိတ်ဝင်စားမယ့် မက်လုံးတစ်ခုခု အယူအဆတစ်ခုခုကို ပြောပြီးစည်းရုံးတာပါ။အယုံလွယ်တဲ့သူ သဘောကောင်းတဲ့သူတွေဆီဆို ခပ်မြန်မြန် သတင်းရောက်ပါတယ်။
ယုံလိုက်မိတဲ့ သူတွေကတော့ ဘဝပျက်ကြတာရှိသလို ကိုယ်ကိုယ်တိုင်က ဒီမီဒီယာအတုတွေ ကျားဖြန့်လူလိမ်ဂရုတွေရဲ့ အသုံးချခံဖြစ်လာတာမို့ သတင်းအမှားတွေကို မယုံမိ မရှယ်မိအောင် ဆင်ခြင်စူးစမ်းပြီး အမှန်တရားကို ရှာဖွေနိုင်ဖို့တော့လိုပါလိမ့်မယ်။
အောက်မှာတော့ သတင်းနမူနာအချို့ပြပေးထားပါမယ်။

image
image
image