Bio ball အသုံးပြုပုံ
လူတော်တော်များများက မသိကြပါဘူး ဒီbio ball လေးတွေရဲ့အသုံးဝင်ပုံကိုပေါ့ ဒီပလတ်စတစ်အလုံးမဲမဲလေးက ဘာလေးလဲ ဒီဟာလေးက ငါးကန်ရဲ့ရေကိုကြည်စေတယ်ပေါ့ ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ဒီတိုင်းရေစစ်ဖော့ဂွမ်း ၂ထပ်လောက်ခံတာကိုတောင်ရေကတော်တော်နဲ့မကြည်နိုင်တာကို ဒီပလတ်စတစ်မဲမဲလုံးလေးက ကြည်စေနိုင်တယ်ပေါ့ ဆိုပြီး မယုံသင်္ကာဖြစ်ကြပါတယ်
ဟော တချို့ကျတော့လဲယုံကြည်ကြပါတယ် အဲ့တော့ လိုက်သုံးကြတာပေါ့ ငါးကန်ထဲဒီတိုင်း ပစ်ထည့်သူကထည့် ကန်ထဲအိတ်လိုက်စိမ်ထားသူကစိမ်ထားနဲ့ အသုံးပြုနည်းမမှန်ကြတော့ ထိရောက်မှုမရှိဘဲ ပစ္စည်းမကောင်းဘူးဆိုပြီး စိတ်ပျက်သွားကြသူတွေလဲတစ်ပုံကြီးပါ
အဲ့တော့ ဒီပစ္စည်းလေးတွေက ငါးကန်ရေနဲ့ငါးကို ဘယ်လိုအကျိုးပြုတယ် ဘာကြောင့်သုံးသင့်တယ် ဘယ်လိုအသုံးပြုရမလဲ စတဲ့မေးခွန်းတွေကို ဒီpost လေးနဲ့ဖြေရှင်းပေးလိုက်ပါတယ်
No.1. ဒီplastic မဲမဲလုံးတွေ ( bio ball ) လေးတွေက ငါးကန်အတွင်းမှာရှိတဲ့ oxygen နဲပါးမှု ငါးမစင်များ အရွက်ပုပ်အရွက်ဆွေး အစာကျန်များကြောင့် ပေါက်ဖွားလာတဲ့ ammonia(ငါးများကိုအဆိပ်သင့် ရောဂါများစေနိုင်သော) ဓာတ်တွေကို nitrite အဖြစ်သို့ပြောင်းပေးပါတယ်
အဲ့ဒီnitrite တွေကို စားသုံးပြီး ငါးအကျိုးပြု ရေအရည်အသွေးအကျိုးပြုစေတဲ့ nitrate ဓာတ်ကိုဖြစ်စေတဲ့Good bacteria တွေကို bio ball မှာပေါက်ဖွားစေပါတယ်
အဲ့ဒီ good bacteria လေးတွေကပဲ ငါးကန်ရဲ့ nitrogen cycle ကို လည်ပတ်နေအောင်ထိန်းထားပေးပါတယ်
ဟုတ်ပါပြီ ပြောသလို good bacteria တွေကပေါက်ဖွားပါပြီရဲ့ သူတို့က ဘယ်လိုနေရာတွေမှာနေမှာလဲ မေးလို့ရတာပေါ့ ဟုတ်ကဲ့ပါ ဒီ Nitrifying bacteria (good bacteria) တွေက oxyggen ပျော်ဝင်မှုလုံလောက်စွာရရှိနိုင်တဲ့ ငါးကန်အတွင်း အရာဝတ္ထု ကျောက်တုံး ရေမျက်နှာပြင်နားစတဲ့နေရာတွေမှာ ကောင်းကောင်းရှင်သန်နေထိုင်နိုင်ကြပါတယ်
အကယ်၍များ bio ring တပ်ထားတဲ့ filter စနစ်မှာမီးပျက်တဲ့အချိန် တစ်နာရီကျော်ကြာရင်ဒါမှမဟုတ် အညစ်အကြေးများပြီး ပုံမှန်ရေလှယ်လေ့မရှိဘဲမည်သည့် mechanical filtration စနစ်မှ မသုံးထားတဲ့ ငါးကန်တွေမှာဆိုရင် ငါးကို အန္တရာယ်ဖြစ်စေတဲ့ အကျိုးမပြုတဲ့ bacteria တွေပေါက်ဖွားပြီး ငါးကန်ရေကိုထိခိုက်စေပါတယ်
ဒီbacteria တွေကတော့ oxygen မရှိနိုင်တဲ့အခြေအနေတွေမှာပေါက်ဖွားကြပါတယ်
bio ring တပ်ထားတဲ့ filter စနစ်မှာမီးပျက်ချိန်ကြာသွားရင် ငါးကန်ထဲကရေနှင့် bio ring ကို အသာလှုပ်ဆေးပြီး ပြန်သုံးနိုင်ပါတယ် သတိပြုရမှာကလbioring ကိုပြန်ဆေးတဲ့အခါ ရေအသစ်အသုံးပြုခြင်း ဆပ်ပြာနှင့်ဆေးခြင်း တို့မပြုလုပ်ရပ်ဘူ လုပ်မိတဲ့အခါ အကျိုပြု bacteria တွေသေကုန်ပြီး nitrogen cycle ပြန်ဖြစ်ရန် အချိန်ပြန်စောင့်ပေးရပါမယ်
Good bacteria တွေက ၇ရက်ခန့်ကြာလျှင်ပေါက်ဖွားနိုင်ပါတယ်
filter media box ထဲထည့်တဲ့အခါ များများထည့်လေ bacteria အကောင်ရေအုပ်စုပိုများလေဖြစ်ပါတယ်
bioball တွေကို ဆေးရမဲ့အချိန်တွေကတော့ မီးပျက်တာကြာရင် Ballတွေမှာ ရေညှိ စွဲကပ်တဲ့အခါ အထက်ပါနည်းအတိုင်းဆေးပေးရပါမယ်
bio ball ကိုရေအမြဲစီးဆင်းနေတဲ့ filter media box ထဲ ထည့်မှသာ အသုံးပြုနည်းမှန်ပြီး အကျိုးရှိစေမှာပါ ကန်ထဲဒီတိုင်းထည့်ထားယုံနှင့်တော့အကျိုးမရှိပါ
ရေချိုနဲ့ရေငံကန်၂မျိုးလုံးအသုံးပြုနိုင်ပါတယ်
Bio Ball ဆိုဒ် စုံကို Shadow Aquarium Shop မှာဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ 🥰
Bio Ball Mini 1 Pcs - 250 Ks
Bio Ball Small 1 Pcs - 500 Ks
Bio Ball Medium 1 Pcs - 800 Ks
*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ*





