9 w - Translate

"Used to", "be used to", "get used to" ဆိုတဲ့ စကားစုသုံးခုဟာ ပုံစံဆင်တူပေမယ့် အဓိပ္ပာယ်နဲ့ အသုံးပြုပုံက လုံးဝကွာခြားတာကြောင့် သေသေချာချာ ခွဲခြားနားလည်ထားဖို လိုအပ်ပါတယ်။
USED TO (အတိတ်က လုပ်ခဲ့ဖူး၊ ရှိခဲ့ဖူးတာတွေ)
"Used to" က အတိတ်ကာလ မှာ လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေ၊ ဒါမှမဟုတ် မှန်ကန်ခဲ့တဲ့ အခြေအနေတွေကို ဖော်ပြဖိုအတွက်သာ သုံးပါတယ်။ အခုတော့ မလုပ်တော့ဘူး၊ မရှိတော့ဘူး၊ မဟုတ်တော့ဘူး ဆိုတာကို အလေးပေးချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။
Used to + Base Verb (ကြိယာရင်း)
ဥပမာ:
"I used to take the bus to school." (ကျောင်းကို ဘတ်စ်ကားနဲ့ သွားလေ့ရှိခဲ့တယ်။)
(အခုတော့ ကျောင်းပြီးသွားလို မသွားတော့ဘူး/တခြားနည်းနဲ့ သွားနေပြီ)
"We used to be friends." (ကျွန်တော်တို သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတယ်။)
(အခုတော့ မဟုတ်တော့ဘူး၊ ဝမ်းနည်းစရာအခြေအနေ)
"I didn't use to..." လို သုံးရပါတယ်။ "Did" ဆိုတဲ့ auxiliary verb ပါလာပြီဆိုရင် "used to" က "use to" လို D ကို ဖြုတ်ပြီး Base form ပြန်ဖြစ်သွားတာကို သတိပြုပါ။
BE USED TO & GET USED TO (အသားကျခြင်း)
ဒီနှစ်ခုက "ညီအစ်မ စကားစု" တွေပါ။ နှစ်ခုလုံးက တစ်ခုခုကို အသားကျတာ၊ ရင်းနှီးကျွမ်းဝင်တာ၊ သက်သောင့်သက်သာရှိတာ ကို ရည်ညွှန်းပါတယ်။
BE USED TO (အသားကျနေသော အခြေအနေ)
အဓိပ္ပာယ်: တစ်ခုခုကို အသားကျပြီးသား အခြေအနေ (state of being accustomed) ၊ ရင်းနှီးပြီးသား၊ သက်သောင့်သက်သာ ရှိပြီးသား အခြေအနေကို ဖော်ပြပါတယ်။ အဆန်းမဟုတ်တော့ဘူး၊ ထူးဆန်းမှုမရှိတော့ဘူးလို ဆိုလိုတာပါ။ Past, Present, Future သုံးမျိုးလုံးမှာ သုံးနိုင်ပါတယ်။
(be-verb) used to + Verb-ing / Noun / Pronoun (be-verb ကို သက်ဆိုင်ရာ Tense အလိုက် ပြောင်းပေးရပါမယ် - am, is, are, was, were)
ဥပမာ:
"I'm not used to waking up this early." (ဒီလောက်စောစောထတာ ကျွန်တော့်အတွက် အသားမကျသေးဘူး။/ အဆန်းဖြစ်နေတယ်။)
"I went to Seattle. I wasn't used to the rain." (Seattle ကို ရောက်တုန်းက မိုးများတာကို ကျွန်တော် အသားမကျခဲ့ဘူး။)
GET USED TO (အသားကျလာသည့် လုပ်ငန်းစဉ်)
တစ်ခုခုကို အသားကျလာဖို သင်ယူနေတဲ့ လုပ်ငန်းစဉ် (process of becoming accustomed) ကို ဖော်ပြပါတယ်။ အသစ်အဆန်းဖြစ်နေတဲ့အရာတစ်ခုကို ဖြည်းဖြည်းချင်း ရင်းနှီးလာအောင် ကြိုးစားနေတာမျိုးပါ။ Past, Present, Future သုံးမျိုးလုံးမှာ သုံးနိုင်ပါတယ်။
(get-verb) used to + Verb-ing / Noun / Pronoun (get-verb ကို သက်ဆိုင်ရာ Tense အလိုက် ပြောင်းပေးရပါမယ် - get, gets, got, getting)
ဥပမာ:
"This isn't easy, but you'll get used to it." (ဒါက မလွယ်ဘူးဆိုတာသိတယ်။ ဒါပေမယ့် မင်းအသားကျလာမှာပါ။)
"I'm getting used to waking up early because this is a new habit for me."
(စောစောထတာကို ကျွန်တော် အသားကျအောင် လုပ်နေတယ်။ ဒါက ကျွန်တော့်အတွက် အလေ့အကျင့်အသစ်တစ်ခုဖြစ်လိုပါ။)

image