10 w - Translate

Melissa Hortman, the 55-year-old speaker emerita of the Minnesota House of Representatives, and her husband Mark were killed over the weekend when a masked gunman disguised as a police officer shot and killed them at their house, police say.
Close friends – many of them her former colleagues – tell ABC News that they're devastated and bewildered that, in an instant, their confidant, mentor and companion is now gone – gunned down in her own home in senseless tragedy.
https://abcnews.visitlink.me/gxalpA

image
10 w - Translate

Melissa Hortman, the 55-year-old speaker emerita of the Minnesota House of Representatives, and her husband Mark were killed over the weekend when a masked gunman disguised as a police officer shot and killed them at their house, police say.
Close friends – many of them her former colleagues – tell ABC News that they're devastated and bewildered that, in an instant, their confidant, mentor and companion is now gone – gunned down in her own home in senseless tragedy.
https://abcnews.visitlink.me/gxalpA

image
image
image
image

Transformers One ဟာအစကSequel လာမှာလိုလိုဘာလိုလိုteaseခံရပေမဲ့ Director Josh Cooleyရဲ့ပြောကြားချက်အရတော့ Paramount ဖက်က Transformers One ကိုsequelအတွက်အစီအစဉ်ရှိပုံမရပါဘူး အဲ့အပြင် Transformers X G.I.Joe Crossover ရုပ်ရှင်ဟာလဲလက်ရှိမှာ ဘာသတင်းမှထပ်ထွက်မလာတော့ပါဘူး အကြောင်းကBox office မှာနှစ်ကားလုံးထင်သလောက်မရခဲ့လို့ပါ fanတွေတကယ်ဘဲ Transformers franchise ကိုလက်လျှော့သွားကြပြီလား? တကယ်က Transformers ဆို Live ActionမှာBayverseကိုဘဲဆက်သွားစေချင်ကြတာပါ သို့ပေမဲ့ Bumblebee နဲ့ Transformers Franchise ကို 2018မှာrebootချလိုက်ပါတယ် အဲ့ကတည်းကစပြီးBumblebee အပါအဝင်သူ့နောက်ထွက်တဲ့Transformers:Rise of the Beastsနဲ့Transformers Oneတို့ဟာလဲကြိုက်တဲ့လူရှိပေမဲ့လဲBox office မှာအရှူံးပေါ်ခဲ့တဲ့ကားတွေလို့ဘဲခေါင်းစဉ်တပ်ရပါမယ် တကယ်ကTransformers Oneရဲ့အဓိကပြဿနာကOriginal VAတွေအစားHollywood actor တွေနဲ့Recastလုပ်လိုက်တာကြောင့်တချို့ကတမင်မကြည့်ကြတော့တာလဲပါပါတယ်

image
10 w - Translate

One of the two doctors charged in connection with the death of actor Matthew Perry has agreed to plead guilty to distributing ketamine, the Justice Department announced Monday.
Read more: https://abcnews.visitlink.me/TLopP0

image

James Gunnကသူ့ရဲ့လက်ရှိplanကBatman နဲ့ Wonder Woman ကိုDCUထဲထည့်သွင်းတော့မှာဖြစ်ကြောင်းဆိုလာပါတယ် James Gunnကအဲ့အကြောင်းကို “Batman အတွက်Script ကတော့ကျွန်တော်မရေးဘူး ဒါပေမဲ့ ရေးပေးတဲ့လူနဲ့ကျွန်တော်သေသေချာချာပြင်ပေးနေတယ် အခုလက်ရှိမှာကျွန်တော်တို့ရဲ့အဓိကကBatmanနဲ့Wonder Womanတို့အတွက် Script တွေမြန်မြန်ပြီးဖို့ဘဲ”လို့ဆိုထားပါတယ်
ပြီးတော့ Batmanကိုတော့ပေါတောတောပုံစံလုပ်မှာမဟုတ်ကြောင်းလဲဆိုထားပါသေးတယ်

image
10 w - Translate

Former President Obama took to social media Sunday to address immigration as protests against President Trump's overhaul of immigration and sweeping ICE raids continue to grip the nation.
Obama drew attention to the Deferred Action for Childhood Arrivals (DACA) program, which was established in 2012 during his tenure.
"DACA was an example of how we can be a nation of immigrants and a nation of laws. And it's an example worth remembering today, when families with similar backgrounds who just want to live, work, and support their communities, are being demonized and treated as enemies," Obama said. https://abcnews.visitlink.me/jrBPGy

image

Box Office မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ How to Train Your Dragon
How to Train Your Dragon ကတော့ ပထမပတ်မှာ ၈၃ သန်းနဲ့ ထိပ်ဆုံးရောက်နေပြီး၊ A24 ရဲ့ ‘Materialists’ ကလည်း ၁၂ သန်းနဲ့ တော်တော်လေး အောင်မြင်နေပါတယ်။
ဒီတစ်ပတ်ပိတ်ရက်မှာတော့ Family Movie တစ်ခုဖြစ်တဲ့ How to Train Your Dragon Live Action ကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကာတွန်းကားရဲ့အရှိန်ကြောင့် ခန့်မှန်းထားတဲ့ လက်မှတ်ရောင်းအားထက် ပိုရောင်းရခဲ့ရပါတယ်။
Universal ရဲ့ Live Action Version က ရုပ်ရှင်ဟာ နိုင်ငံတကာမှာ ၁၁၄ သန်း ထပ်ရခဲ့ပြီး ကမ္ဘာတဝှမ်း စုစုပေါင်း ၁၉၇.၈ သန်းနဲ့ တော်တော်လေးအောင်မြင်နေတဲ့ ဇာတ်ကားဖြစ်နေပါတယ်။
ဒီရုပ်ရှင်ဟာ ထုတ်လုပ်ဖို့ ၁၅၀ သန်း၊ ဈေးကွက်မြှင့်တင်ဖို့ ၁၀၀ သန်လောက် ကုန်ကျခဲ့ရပါတယ်။
PG အဆင့်သတ်မှတ်ခံရတဲ့ ရုပ်ရှင်တွေထဲမှာ ဒါက အောင်မြင်မှုအများဆုံးရရှိထားတဲ့ ရုပ်ရှင်ဖြစ်လာတော့မှာပါ။
“PG ဆိုတာ ကလေးတွေအတွက် သင့်တော်ပြီး လူငယ်၊ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကိုပါ ဆွဲဆောင်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်” လို့ Comscore ရဲ့ အကြီးတန်းသုံးသပ်သူ Paul Dergarabedian က ပြောလာပါတယ်။
ဒီရုပ်ရှင်ကို Dean DeBlois က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာလုပ်ခဲ့တယ်။ သူက အရင်က ၁.၆ ဘီလျံရခဲ့တဲ့ ကာတွန်းသုံးကား (၂၀၁၄ က “How to Train Your Dragon 2” နဲ့ ၂၀၁၉ က “How to Train Your Dragon: The Hidden World”) ကို ဦးစီးခဲ့သူလည်းဖြစ်ပါတယ်။
Universal ကတော့ How to Train Your Dragon Live Action ရဲ့ အောင်မြင်မှုကြောင့် How to Train Your Dragon 2 ကိုပါ ၂၀၂၇ မှာထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။

image

Pirates of the Caribbean အတွက် မူရင်းသရုပ်ဆောင်တွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရ
Pirates of the Caribbean ရဲ့ မင်းသားဖြစ်တဲ့ Orlando Bloom ကတော့ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက Pirates of the Caribbean မှာ ပန်းပဲသမားကနေ ကပ္ပတိန်ဖြစ်လာတဲ့ Will Turner
အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်က သတင်းအရ သူဟာ အနာဂတ်မှာရိုက်ကူးမယ့် Pirates of the Caribbean မှာ ပြန်သရုပ်ဆောင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး တခြားသူတွေလည်းရှိသေးတယ်လို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ This Morning Show မှာ ပြောခဲ့တာဖြစ်ပြီး Pirates of the Caribbean မှာ Johnny Depp (Jack Sparrow) နဲ့အတူ နောက်ထပ် ရုပ်ရှင်ထဲမှာ အတူတွေ့ရဖို့ အခွင့်အလမ်းရှိမရှိ မေးခဲ့တာဖြစ်ပါတယ်။
Orlando Bloom က Pirates of the Caribbean ရုပ်ရှင် ၅ ကားထဲမှာ ၄ ကားမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ဇာတ်ဝင်တဲ့ အချိန်က တစ်ကားနဲ့တစ်ကား မတူညီခဲ့ပါဘူး။ The Curse of the Black Pearl၊ Dead Man’s Chest၊ နဲ့ At World’s End တို့မှာ အဓိကဇာတ်ဆောင် ၃ ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က Pirates of the Caribbean: Dead Men Tell No Tales မှာတော့ ဧည့်သရုပ်ဆောင်အနေနဲ့ ခဏလေး ပါဝင်ခဲ့ပါတယ်။
နောက်ဆုံးကြားခဲ့ရတာကတော့ Pirates of the Caribbean ရဲ့ 7 ကားမြှောက်နဲ့ Margot Robbie
ပါဝင်မယ့် အမျိုးသမီး Captain Jack Sparrow တို့ရဲ့ Spin Off ရုပ်ရှင်တစ်ကား ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာပေမယ့် နောက်ပိုင်းတော့ ဘာမှသိပ်မကြားခဲ့ရတော့ပါဘူး ပြီးတော့ Margot Robbie ကလည်း ၂၀၂၂ မှာ ဒီ Project ကို ဖျက်သိမ်းလိုက်ပြီလို့လည်း ပြောခဲ့ဖူးပါတယ်။
“ဒါက ရုပ်ရှင်နှစ်ကားဖြစ်တယ်” လို့ ထုတ်လုပ်သူ Jerry Bruckheimer က
၂၀၂၄ မှာ Entertainment Weekly ကို ပြောခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ နှစ်ကားလုံး ရိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ Disney ကလည်း Margot Robbie ရဲ့ ရုပ်ရှင်ကို တကယ်လုပ်ချင်တယ်လို့ သဘောတူတယ်လို့ ထင်တယ်။” လို့ပြောဖူးပါတယ်။
လက်ရှိမှာတော့ Pirates of the Caribbean နဲ့ပတ်သက်ပြီး ဘာမှတော့ သိပ်ပြီး မသိရသေးပါဘူး။

image

ပိတ်ကားပေါ်မှာ ပျောက်ဆုံးခြင်း

အရင်းနှီးဆုံး သူစိမ်းနှစ်ယောက်က ပိတ်ကားထက်ကနေပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ကိုယ်စီ ဖွင့်ဟခဲ့တဲ့ ထူးထူးခြားခြား ရုပ်ရှင်နှစ်ကား ရှိတယ်။

ဘယ်လိုလဲဆိုတော့ အရမ်းချစ်ခဲ့ပေမဲ့ သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ရတဲ့ နှစ်ယောက်က ရုပ်ရှင်တစ်ကားစီ ရိုက်ပြီးတော့ ကိုယ့်ရဲ့ ခံစားချက်တွေကို ဝန်ခံဖြောင့်ချက် ပေးခဲ့တာမျိုးပါ။

Lost In Translation (2003) နဲ့ Her (2013) ရုပ်ရှင်နှစ်ကားကို ပရိသတ်တွေ ကောင်းကောင်း သိကြမှာပါ။ ဒီရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး လူသိနည်းတာက ဒီနှစ်ကားလုံးကို အသီးသီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ နှစ်ယောက်ဖြစ်တဲ့ Sofia Coppola နဲ့ Spike Jonze တို့က အကြင်လင်မယား ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ဒီနှစ်ယောက်က ၁၉၉၉ ခုနှစ်မှာ လက်မထပ်ခင်ကတည်းက သူငယ်ချင်းတွေအဖြစ် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြသူတွေပါ။ ဒါပေမဲ့ နှစ်ယောက်ကြား သဘောထား မတိုက်ဆိုင်မှုတွေက ညှိနှိုင်းလို့ မရတော့ ၂၀၀၃ ခုနှစ်မှာ ကွာရှင်းခဲ့တယ်လို့ သိရတယ်။

Sofia Coppola က ၂၀၀၃ ခုနှစ်မှာ 'Lost In Translation' ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးပြီး သူမရဲ့ ခံစားချက်တွေကို ဒီဇာတ်ကားထဲမှာ ပုံအောသွင်းလိုက်တယ်။ တစ်နည်းပြောရရင် အဆုံးသတ်သွားပြီဖြစ်တဲ့ သူမရဲ့ အိမ်ထောင်ရေးမှာ ဘယ်လို ပြဿနာတွေ ရှိခဲ့သလဲဆိုတာကို ရုပ်ရှင်အတတ်ပညာနဲ့ ပိတ်ကားပေါ်ကနေ ဖွင့်ဟ လိုက်တာ ဖြစ်ပါတယ်။

ဒီနောက် ၁၀ နှစ် အကြာ ၂၀၁၃ ခုနှစ်မှာ Spike Jonze ကနေ 'Her' ရုပ်ရှင်ကို ရိုက်ကူးပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို တစ်ဖန် ပြန်ဖြောင့်ချက် ပေးခဲ့ပါတယ်။ အိမ်ထောင်ရေး ပြိုကွဲပြီးတဲ့နောက်မှာ ဘယ်လောက်ထိ အထိနာသွားလဲဆိုတာကို သူက ပိတ်ကားထက်ကနေတစ်ဆင့် ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုက Lost In Translation က Charlotte ပြီးတော့ Her က Samantha တို့နေရာမှာ သရုပ်ဆောင်ခဲ့သူက Scarlett Johansson ဖြစ်နေတယ် ဆိုတာပါပဲ။ ပြောရရင် ဒီနှစ်ယောက်က Scarlett Johansson ကို ကြားခံထားပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဝန်ခံ ဖြောင့်ချက်ပေးခဲ့တယ် ဆိုတာပါပဲ။

ဘယ်လို ဆက်ဆံရေးမျိုးမှာပဲ ဖြစ်စေ ချစ်ခြင်းမေတ္တာအပြင် နာကျည်းမှုတွေ၊ ခါးသီးမှုတွေ ပြီးတော့ အထီးကျန်ရမှုတွေ ရှိတတ်တာက သဘာဝပါ။ ဒါပေမဲ့ များသောအားဖြင့် ဒီခံစားချက်တွေကို နှုတ်ကနေ ဖွင့်ဟ ပြောဖို့ရာ မဖြစ်နိုင်သလောက်ပါပဲ။ ပြောပြန်ရင်လည်း တစ်ဖက်လူက နားထောင်ပေးနိုင်စွမ်း ရှိဦးမှ ဖြစ်ပါတယ်။ နားထောင်ပေးနိုင်ရင်တောင် နားလည်ခံစားနိုင်စွမ်းက လိုအပ်ပြန်ပါသေးတယ်။

Sofia Coppola နဲ့ Spike Jonze နှစ်ဦးသားတို့ကတော့ သူတို့ရဲ့ ခံစားချက်တွေကို ရုပ်ရှင် အတတ်ပညာနဲ့ ဝန်ခံဖြောင့်ချက်ပေးပြီးတော့ အထီးကျန်မှု၊ ချစ်ခြင်းမေတ္တာ ငတ်မွတ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။ သိမ်သိမ်မွေ့မွေ့လေးနဲ့ သူတို့တွေ ဘယ်လောက်ထိ အထီးကျန်နေရသလဲဆိုတာကို ပိတ်ကားကနေတစ်ဆင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တွေးကြည့်ရင် ဝမ်းနည်းစရာ တစ်ခု ရှိနေပြန်ပါသေးတယ်။ ဒါကတော့ ဒီနှစ်ယောက်က သူတို့ရဲ့ ခံစားချက်တွေကို ရုပ်ရှင်ကားအဖြစ် ပြောင်းလဲဖော်ပြ နိုင်ခဲ့ကြပေမဲ့ တစ်ယောက်စကားကို တစ်ယောက်က နားထောင်ပေးနိုင်စွမ်း ရှိခဲ့ကြပုံ မရပါဘူး။ တစ်ယောက် ခံစားချက်ကို တစ်ယောက်က နားလည်းပေးနိုင််စွမ်း ရှိပုံ မရခဲ့ပါဘူး။

ဝမ်းနည်းကြေကွဲဖွယ်ရာပါပဲ။

အခုအချိန်မှာတော့ နှစ်ယောက်သားက သူငယ်ချင်းအဖြစ် ဆက်ရှိနေပြီး တစ်ယောက်အလုပ်ကို တစ်ယောက်က ဝန်းရံပေးနေပါတယ်။

image

James Gunn က ‘THE BATMAN 2’ ရုပ်ရှင်ကို မလုပ်တော့ဘူးလားလို့ ပြောနေတဲ့သူတွေကို ဒီလိုပြောလိုက်ပါတယ်။
“ရုပ်ရှင်က မဖျက်သိမ်းထားပါဘူး။ ဇာတ်ညွှန်းတော့ လက်ရှိ မရှိသေးဘူး။ Matt က နည်းနည်းနှေးတယ်။ သူ့ကို အချိန်ယူလုပ်ခွင့်ပေးပါ။ သူလုပ်နေတာကို ဆက်လုပ်ပါစေ။ လူတွေက ရက်စက်ကြတာပဲ။ သူ့ကို သူ့အလုပ်သူ လုပ်ခွင့်ပေးပါလား။” လို့ပြောပါတယ်။

image