Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချန်နာရိုင်နာယန် အန်နာဒူရိုင်း (Conjeevaram Natarajan Annadurai) ကို အများကတော့ အန်နာဒူရိုင်း လို့ သိကြပြီး C.N.A လို့ အတိုကောက် ခေါ်ကြပါတယ် သူဟာ အိန္ဒိယတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ တမီလ်နာဒူ (Tamil Nadu) ရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား၊ စာရေးဆရာနဲ့ ဝန်ကြီးချုပ်တစ်ဦး ဖြစ်ပါတယ်
သူဟာ DMK (Dravida Munnetra Kazhagam) လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ဒရဗီဒီယန် (Dravidian) နိုင်ငံရေးလှုပ်ရှားမှုမှာ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်
သူဟာ စကားပြောကောင်းသူ၊ စာရေးကောင်းသူတစ်ဦးအဖြစ် လူသိများပြီး တမီလ်ပြည်သူတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ အခွင့်အရေးတွေအတွက် အမြဲတမ်း ကြိုးစားခဲ့ပါတယ်
နောက်ပြီး သူဟာ ဆင်းရဲသားပြည်သူတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို အကြီးအကျယ်ရရှိခဲ့ပြီး "အန်နာ" (Anna) လို့လည်းချစ်စနိုး ခေါ်ဝေါ်ခံခဲ့ရပါတယ် "အန်နာ" ဆိုတာ တမီလ်ဘာသာစကားမှာ "အစ်ကိုကြီး" လို့ အဓိပ္ပာယ်ရပါတယ်
၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အန်နာဒူရိုင်းဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် သူကွယ်လွန်ချိန်မှာ တမီလ်နာဒူပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပါတယ် သူ့ ဈာပနပွဲကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ချန်နိုင်းမြို့ (Chennai) မှာ ကျင်းပခဲ့ပါတယ်
ဒီဈာပနပွဲကို တက်ရောက်ခဲ့တဲ့ လူအရေအတွက်ဟာ တကယ်ကို အံ့မခန်းဖြစ်ခဲ့ရပါတယ် ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အရ လူဦးရေ ၁၅ သန်းကျော် ဟာ သူ့ရဲ့ဈာပနပွဲကို လာရောက်ခဲ့ကြပါတယ် ဒီလူအုပ်စုဟာ မိုင်ပေါင်းများစွာ ရှည်လျားခဲ့ပြီး သူ့ရဲ့ဈာပနကို နောက်ဆုံးအကြိမ် ဂါရဝပြုဖို့အတွက် ကမ်းခြေလမ်းမကြီးတစ်လျှောက်လုံး ပြည့်လျှံနေခဲ့ပါတယ်
ဒါကြောင့် အန်နာဒူရိုင်းရဲ့ ဈာပနပွဲဟာ သမိုင်းတစ်လျှောက် လူအများဆုံး တက်ရောက်ခဲ့တဲ့ ဈာပနပွဲအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ ကောင်းမွန်တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးရဲ့ အခန်းကဏ္ဍဟာ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု ဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတာကို ပြသနေပါတယ် သူဟာ ပြည်သူတွေရဲ့ စိတ်နှလုံးထဲမှာ အမြဲတမ်း နေရာယူခဲ့ပြီး သူ့ရဲ့ ကွယ်လွန်မှုဟာ တမီလ်နာဒူပြည်နယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
Moana 2 (2024) HD မြန်မာစာတန်းထိုး*
IMDb Rating (7. / Rotten Tomatoes (61%) မိုအာနာ ဒုတိယရုပ်ရှင်ကို ကြည်တောက်ရှင်း တင်ထားပေးပါတယ်။
Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။
ဇာတ်လမ်းအကျဉ်း။ ။
မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။
ဇတ်ကားကြည့်ရင်လင့်👇👇
စိတ်အရမ်းပူတတ်တဲ့သူက
ဘာမှ ဝင်မပြောတော့တဲ့အထိ
တိတ်ဆိတ်သွားတာမျိုး တွေ့ခဲ့ဖူးလား။
မပြောဖြစ်တော့ဘူးဆိုတာ
ပြောလဲ ထူးမှာ မဟုတ်တော့ဘူးဆိုတဲ့
အသိတရား ရသွားခဲ့တာပါ
ဒါကြောင့်ပဲ
ပြောချင်တဲ့ စိတ်တွေရှိပေမယ့်
မပြောပဲ နေလိုက်တာပါ ။
အရမ်းချစ်ပြခဲ့ပြီး
ခုမှ ဘာလို့ ဆက်ပြီးမချစ်တော့တာလဲတဲ့
နာကျင်ရလို့လို့ပြောရင် ယုံပါ
နေရာတကာ စိတ်ပူပေးခဲ့
နေရာတကာ စိုးရိမ်ပေးခဲ့တာတွေဟာ
အနှောင့်အယှက်မှန်းသိလာတဲ့အခါ
မနှောင့်ယှက်ပဲ နေဖြစ်လာတယ်
ပြီးတော့...
အချိန်အကြာပြီး ပစ်ထားခံရပြီးမှ
နေသားကျလာတာပါ
လွယ်လွယ်လေးနဲ့ နေနိုင်လာတာမဟုတ်ဘူး
နေနိုင်အောင် ပစ်ထားခဲ့ပြီး
နေနိုင်သွားတဲ့အခါမှ
ငါ့အပြစ်ဆိုပြီး အပြစ်တွေမဖွဲ့ပါနဲ့
အဲ့လိုနေတတ်လာအောင်
မင်းကိုယ်တိုင်ပဲ သင်ပေးခဲ့တာ ။
#သျှင်ယွန်း
Microsoft Word နှင့် Excel ကို Link ချိတ်နည်း
Microsoft Word နှင့် Excel ကို link ချိတ်ခြင်းဖြင့် Excel မှဒေတာများကို Word ထဲတွင် အလိုအလျောက်အပ်ဒိတ်ဖြစ်အောင် ပြုလုပ်နိုင်ပါသည်။ အောက်ပါနည်းလမ်း (၃) မျိုးဖြင့် ချိတ်ဆက်နိုင်ပါသည်။
၁။ Excel Data ကို Word ထဲသို့ Link လုပ်ပြီး Paste လုပ်နည်း။
1. Excel ဖိုင်ကိုဖွင့်ပြီး ချိတ်ဆက်လိုသော ဒေတာများကို Select လုပ်ပါ (Ctrl+C ဖြင့် Copy ကူးပါ)
2. Word ဖိုင်သို့သွားပါ
3. Home tab > Paste dropdown > Paste Special ကိုနှိပ်ပါ။
4. "Paste link" ကိုရွေးပါ။
5. "Microsoft Excel Worksheet Object" ကိုရွေးပြီး OK နှိပ်ပါ။
6. Excel ဖိုင်ထဲရှိဒေတာပြောင်းလျှင် Word ထဲတွင်လည်း အလိုအလျောက်ပြောင်းသွားမည်။
၂။ Object အဖြစ်ချိတ်ဆက်နည်း။
1. Word ဖိုင်တွင် Insert tab > Object ကိုနှိပ်ပါ။
2. "Create from File" tab ကိုရွေးပါ။
3. "Browse" ကိုနှိပ်ပြီး Excel ဖိုင်ကိုရွေးပါ။
4. "Link to file" box ကို အမှန်ခြစ်ပါ။
5. OK နှိပ်ပါ။
6. Excel ဖိုင်ကို double-click နှိပ်ပြီး တိုက်ရိုက်ပြင်ဆင်နိုင်သည်။
၃။ Excel Chart ကို Word ထဲသို့ Link လုပ်နည်း။
1. Excel ထဲမှ Chart ကို Select လုပ်ပြီး Copy ကူးပါ (Ctrl+C)
2. Word သို့သွားပါ။
3. Home tab > Paste dropdown > Paste Special ကိုနှိပ်ပါ။
4. "Paste link" ကိုရွေးပါ။
5. "Microsoft Excel Chart Object" ကိုရွေးပြီး OK နှိပ်ပါ။
6. Excel တွင်ဇယားကိုပြင်လျှင် Word တွင်လည်း အလိုအလျောက်ပြောင်းသွားမည်
#အရေးကြီးသောအချက်များ
- Link လုပ်ထားသော Excel ဖိုင်နေရာပြောင်းလျှင် Word မှ link ပြတ်တောက်နိုင်သည်။
- Word ဖိုင်ဖွင့်တိုင်း linked data များကို update လုပ်မလားမေးမည် ("Yes" ရွေးပါ)
- Link ကိုဖျက်လိုပါက Word ထဲမှ object ကို right-click > "Linked Worksheet Object" > "Links" > "Break Link" လုပ်နိုင်သည်။
ငွေကြေးဥစ္စာမပြည့်စုံတဲ့သူမို့
ဘဝမှာရှင်သန်ရတာ ဘယ်လောက်ထိ
မျက်နှာငယ်ရကြောင်းကိုကိုယ်တိုင်အသိဆုံး
ကိုယ်ကိုတိုင်လည်း သိမ်ငယ်စွာမရှင်သန်ချင်သလို
ကိုယ့်မိဘမောင်နှမနှင့် ချစ်ရသူကိုပါ
အဆင်မပြေတဲ့ဘဝထဲ မနေစေချင်ဘူး
ပြည့်စုံအောင်ထားချင်တယ်
အလုပ်ပိုကြိုးစားမယ် ပိုက်ဆံများများရှာမယ်
ကိုယ့်အတွက်အရေးပါသူတိုင်းကို
စိတ်ချမ်းသာကိုယ်ကျန်းမာစွာ
တင့်တယ်စွာထားချင်တယ်
အိမ်မက်တွေရှိတယ်
အကောင်အထည်လည်းဖော်နေတယ်
တနေ့ဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်တယ်...။