ဒါလဲ ငါးပိတုံးနဲ့ မန်ကျည်းသီးစိမ်းနု ကို
အညာကျေးလက်ဆန်ဆန်လေးချက်ထားတာ။
မကျည်းသီးနှင့်ငါးဆားနယ်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°

မကျည်းစိမ်းနုနု...........၁၀ကျပ်သား
ငါးဆားနယ်.................၃၀ကျပ်သား
ကြက်သွန်နီ.. .............၂လုံး
ကြက်သွန်ဖြူ .............၅တက်
ခရမ်းချဉ်သီး...............၂လုံး
ငရုတ်သီးစိမ်း.............၅တောင့်
ကုလားအော်သီး.........၃တောင့်

ငါးဆားနယ်တွေကို ၁လက်မအရွယ်လေးတွေတုံးပြီးကြက်သီးနွေးရေလေးဖြင့်စိမ်ထားပါ။

မန်ကျည်းသီးနုရဲ့အပွေးလေးတွေကျွတ်အောင်ဆားလေးဖြင့်ပွတ်နယ်ပြီးဆေးပါ။

ရေစစ်ပြီးဆားနှင့်ရောကာညှက်နေအောင်ထောင်းပါ။

ကြက်သွန်နီ၊ ဖြူ တွေကိုလဲရောထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီခပ်များများလေးထည့်ပြီးရောထားတဲ့ကြက်သွန်နီ၊ဖြူ တွေကိုနနွင်းမှုန့်၊ ငရုတ်စိမ်းမှုန့်လေးအနည်းငယ်ထည့်ပြီးဆီသပ်ပါ။

ခရမ်းချဉ်သီးတွေထည့်ပြီးအနှစ်ကျ ၊ဆီပြန်အောင်ချက်ပါ။

ဆီပြန်လာလျှင် ငါးဆားနယ်တုံးတွေထည့်ချက်ပါ။

ဆား၊ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

အနှစ်ကျလာပြီဆိုရင်တော့ထောင်းထားတဲ့မကျည်းသီးစိမ်းအနှစ်တွေထည့်ပါ။ငရုတ်သီးစိမ်းနှင့်ကုလားအော်သီးတွေကိုအတောင့်လိုက်ထည့်ပါ။

ရေလေးအနည်းငယ်ထည့်ကာအဖုံးပိတ်ပြီးချက်ပါ။

ဆီပြန်လာချိန်မှ ခြွေထားတဲ့ပင်စိမ်းရွက်လေးတွေထည့်ပါ။

image

ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော် 😋😋
**********
ဒီဟင်းလေးကလေ မကြိုက်တဲ့သူ မရှိလောက်တဲ့
ချဉ် ငံ စပ် ဟင်းလေး တစ်ခွက်ပါ။
ထမင်းစားမြိန်လွန်းလို့ အိမ်သားတွေ
ဒီဟင်းပွဲမှာ လက်ဆုံစေတဲ့ ဟင်းလျာလေးပေါ့။

ချက်နည်းလေးက 🌶 🍅 🧄 🧅
*****
မန်ကျည်းသီးကို သဲစင်အောင် ရေသယ့်ဆေးပြီး
မန်ကျည်းသီးဖပ်လေးတွေကို ရေစိမ်ထားပါ။

ခရမ်းချဉ်သီး ကြိတ်ထားပါ။

ငါးကွမ်းရှပ်ကို အတုံးတုံးပြီး ရေဆေး ရေစစ်ထားပါ။

အိုးထဲ ဆီထည့်ပြီး နနွင်းထည့်ပါ။
ဆီ အပူပေးပီးရင် ငါးကွမ်းရှပ် ထည့်ပါ။
အပေါ်ယံလေး နီရံရုံလေးသာကြော်ပြီး ဆယ်ထားပါ။

ဆီကျန်ထဲကို ငရုတ်သီးအခြောက်တောင့်လေးထည့်ပြီး
မီးအားသင့်ရုံနဲ့ ကျွတ်ရုံလေး ကြော်၍
ဆယ်ယူထားပီးရင် အမြှီးဖြုတ်ထားပါ။

ထိုဆီထဲကို
ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီး ဆီသတ်ပါ။

ကြက်သွန် ရွလာခါနီးမှာ မီးအားလျှော့၍
ငရုတ်သီး အကြမ်းဖပ် ထည့်မွှေပြီး
အကြမ်းဖပ် ရွလာတဲ့အခါ

​ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်၍
မီးအားပြန်တင်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီး စိမ်းနံ့ပျောက်ရင်

ရေဆေးထားတဲ့ ငါးကွမ်းရှပ်တုံးလေးများ ထည့်မွှေပီးတာနဲ့
ခုနက ရေစိမ်ထားတဲ့ မန်ကျည်းသီးဖပ် နဲ့
မန်ကျည်းရည်တွေ အားလုံး လောင်းထည့်လိုက်ပါ။

ဟင်းချိုမှုန့်, သကြားအနဲငယ်လေး ထည့်မွှေပြီး အဖုံးအုပ်ထားပါ။

ဆူပွက်လာရင် မီးအားလေးလျှော့ပီး အဖုံးအုပ်တည်ပါမယ်။
မီးအားလျှော့ , အဖုံးအုပ် တည်ပေးပါမှ
ငါးကွမ်းရှပ်တုံးလေးတွေပါ အတွင်းသားထိ အိလာသလို
ငါးခြောက်အသားတုံးလေးထဲကိုလည်း
အရသာ စိမ့်ဝင်စေမယ့်အပြင်
ငါးခြောက်တုံးမှာ ရှိတဲ့ အငံဓါတ်လေးတွေကလည်း
ဟင်းအနှစ်ထဲကို စိမ့်ဝင်စေပီး
အနှစ်နဲ့ ငါးခြောက် အရသာ တစ်သားတည်း ကျနေမှာပါ။

အဖုံးလေးဖွင့်ဖွင့်ပြီး မွှေမွှေပေးပါ။

ခုနက ရွနေအောင်
ကြော်ထားတဲ့ ငရုတ်သီးကြော်များပါ ထည့်မွှေပေးပါ။

ဆီပျံခါနီးမှ အရသာ မြည်းပေးပါ။
ပုံမှန်အားဖြင့်တော့ ငါးခြောက်က
တဖြည်းဖြည်းနဲ့ အငံထွက်လာတာမို့ အငံထည့်စရာ မလိုပါဘူး။
လိုတယ်ထင်မှ ဆားလေး သင့်ရုံထည့်ပေးပါ။

ဆီပျံလာရင်တော့
ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေး ရပါပြီ။

🍚 ပြီးရင်တော့ ထမင်းပူပူလေးနဲ့
ရှူးရှူးရှဲရှဲ ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေးရဲ့
ဟင်းအနှစ်လေးတွေနဲ့နယ်ပြီး ငါးခြောက်တုံးလေး နဲ့
ငရုတ်သီးခြောက်တောင့်လေးကို
ကိုက်ပြီး မြိန်ရှက်စွာ စားသုံးလို့ရပါပြီ။

ငါးကွမ်းရှပ် မရှိရင်လဲ
မိမိနှစ်သက်ရာ ငါးခြောက်နဲ့ ချက်စားလို့ ရပါတယ်။

image
10 w - Translate

ဆိုးဝါးလှတဲ့ဘ၀နဲ့အခက်အခဲတွေကြောင့် နေ့ချင်းညချင်းထောင်ကျလာကြတဲ့ အမျိုးသမီးတွေ ဘယ်လိုရှင်သန်ကြမလဲ

နေကြာရိုင်းများ၏ဦးမော့ရာ (向阳·花) We Girls 2025 Movie

လက်ကျန်ခရီးကိုနေရောင်ခြည်သိုသာဦးတည်၍လျှောက်လမ်းချင်ပါသည် 🌻

နားမကြားတဲ့သမီးဖြစ်သူအတွက် ယွမ်နှစ်သိန်းတန်ဖိုးရှိ နားကြားကိရိယာတပ်ပေးချင်တဲ့ ကောင်းယွဲရှန်း ငွေများများရမဲ့ အလုပ်လုပ်ရင်း ထောင်ကျရသူ

အဲလိုနဲ့ထောင်ထဲမှာ အကျင့်စရိုက်မတူညီ ၊မတူညီတဲ့ဘ၀ခရီးလမ်းအသီးသီးက လာကြတဲ့ ထောင်ထဲမှာ ဟေးမိန့် ၊တိန့်ဟုန် ၊ဟူဖျင်၊ကောအိုက်မိန်တိုနဲ့ တွေ့ဆုံခဲ့ရပါတယ်

ကံကြမ္မာကိုလက်မခံ၊အရှုးမပေးတဲ့ သူတို ကြုံတွေ့လာရတဲ့စိန်ခေါ်မှုအမျိုးမျိုးကို လက်ခံပြီး အပြန်အလှန်‌ဖေးမကာ နေရောင်ခြည်ကိုဦး‌မောပြီး လျှောက်လှမ်းခဲ့ကြတယ် 🌻

🧹⛈ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+C0zsJ_mY5N82OWU1

⛈🧹ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/1915528492/10479

image

ကိုးရီးယားထမင်းသုတ် (Bibimbap)
----------------------------------
ကိုးရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။ တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
----------------------------------
ပါဝင်သောပစ္စည်းများ

အမဲသား(သို့) ဝက်သား ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
ချက်ပြီသား ထမင်း ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
ပဲပင်ပေါက် ♦ လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
မုန်လာဥနီ [carrot] ♦ ၁ဥ (အရှည်လိုက်လှီးပါ)
မှိုခြောက် [wild mushroom] ♦ ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
သခွာသီး [cucumber] ♦ ၁ခု (အခွံမနွာပဲ အရှည်ပါးပါး လှီးပါ)
ကိုရီးယား ငရုတ်သီးအနှစ် ♦ စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်မြိတ် [spring onion] ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ကွကျဥ [egg] ♦ ၁လုံး
ဟင်းနုနွယ်ရွက် (သို့) ဆလက်ရွက် [salad] ♦ လက်တဆုတ်စာ (ပါးပါးလှီးပါ)
နှမ်း [seasame seed] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
နှမ်းဆီ [seasame oil] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ဆား [salt]
သကြား [sugar] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
----------------------------------
ချက်ပြုတ်နည်း

၁။ အမဲသားစဉ်းကောကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အချို(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး အမဲများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။

၄။ ထို့နောက် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၄။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို့ (ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက်၊ ဆလတ်ရွက်၊ ကြက်ဥ) တို့ကို စီထည့်ထားလိုက်ပါ။

၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား တို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။

ရ။ တချို့က ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။

၈။ ကိုးရီးယားထမင်းသုတ် (Bibimbap)ကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ…

image

ကိုရီးယား ရေညှိ ထမင်းလိပ် (Kim Bab)ပြုလုပ်နည်း
=================================
ပင်ဆင်ရမည့် ပစ္စည်းများ – ကြက်ဥ၊ ရေညှိထမင်းလိပ်သုံး ရေညှိ၊ အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ် ၊ ဂဏန်းသားချောင်း ၊ အချိုဖောက်ထားသည့် မုန်လာဥဖြူ (ဒန်းမူဂျီ) ၊ ထမင်း ၊ ဆားအနည်းငယ် (ဇွန်းအသေး ½) နှင့် သကြား ဇွန်းသေး ½ နှင့် ရှာလကာရည် ဇွန်းသေး ½ ၊ နှမ်းဆီမွှေး ဇွန်းသေး ½

အရင်ဦးဆုံး အသားပြားကို အရွယ်အစား ညီညာစွား လှီပေးပါ

အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ်ကို ထုတ်ပြီး အသားပြားလှီးသည့် အရွယ်အစားအတိုင်း ညီညာစွာ လှီးပါ။

မုန်လာဥဖြူ အချို (ဒန်းမူဂျီ) ကိုလည်း အသားပြားလှီးသကဲ့သို့ သင့်တော်မည့် အရွယ်အစားခန့် ညီညာစွာ လှီးပြီး အသင့်ပြင်ထားပေးပါ။

အသင့်ပြင်ထားသည့် ဂဏန်းသားအချောင်းများနှင့် အသားပြားချောင်းများကို ဒယ်အိုးပြားပေါ်တွင် အသာလေး ကင်ပေးပါ။

ကြက်ဥကို မွှေခလောက်ပြီးနောက် ဒယ်အိုးပြားပေါ်တွင် ကင်ပေးပါ။

ထမင်းအား အရမ်း မပျော့မပြဲပဲ ဆန်လုံးပုံစံမပြတ် တောင့်တောင့်အိအိလေး ချက်ထားပြီးနောက် ဆားအနည်းငယ် ဇွန်းအသေး ½ ၊ သကြား ဇွန်းအသေး ½ ၊ ရှာလကာရည် ဇွန်းအသေး ½ ၊ နှမ်းဆီမွှေး ဇွန်းအသေး ½ ထည့်ပြီး နှံ့အောင် ရောမွှေပေးပါ။

ရေညှိပြား (ဂင်မ်)ကို ခင်းပြီး ထမင်းကို ရေညှိပြားပေါ်ဖြန့်တင်ပြီးအနည်းငယ် ဖိပေးပြီးနောက် အသင့်ပြင်ထားသည့် ကြက်ဥ၊ အသားပြား၊ အူအောင်း ၊ မုန်လာဥအချို(ဒန်းမူဂျီ)၊ ဂဏန်းသားချောင်းများကို တင်ပေးပြီးနောက် အလိပ်လိပ်ပေးပါ။

လိပ်ပြီးသွားသော ကင်မ်ဘပ်(ရေညှိထမင်းလိပ်)တွင် နှမ်းဆီမွှေးအနည်းငယ် သုတ်ပေးပါ။

စားလို့ကောင်းမည့် အရွယ်အစားခန့်မှန်း၍ လှီးပေးပြီးပါက Kimbab(ကိုရီးယား ရေညှိ ထမင်းလိပ်) ပြုလုပ်ခြင်း ပြီဆုံးသွားပြီ ဖြစ်ပါသည်

image

ကိုရီးယားငါးအသားပြား

ကိုရီးယားငါးအသားပြား FISH CAKE

ပါဝင်သောပစ္စည်းများ >>>

၁ - ပုဇွန်

၂ - ငါးဖယ်

၃ - ပြည်ကြီးငါး

၄ - ဂျင်း

၅ - ကြက်သွန်ဖြူ

၆ - ကြက်သွန်နီ

၇ - ဆီမွှေး

၈ - ငြုပ်ကောင်းမှုန့်

၉ - အရသာမှုန့်

၁၀ - ဆား

၁၁ - ယိုးဒယားငံပြာရည်အနည်းငယ်

၁၂ - ကွကျဥ

၁၃ - ဂျုံ

၁၄ - ပြောင်းကော်မှုန့်

၁၅ - ရေ

၁၆ - ငါးနီတူ

၁၇ - မုန်လာဥ

၁၈ - ပလပ်စတစ်

၁၉ - ဖက်အနည်းငယ်

၂၀ - တုတ်ချောင်း

ပြင်ဆင်ချိန် >>> ( ၆၀ ) မိနစ်

ချက်ပြုတ်ချိန် >>> ( ၆၀ ) မိနစ်

အရင်ဆုံး ပုဇွန်တစ်ဆယ်သား
ကြက်သွန်နီဥ တစ်လုံးနူတ်နူတ်စင်း
ကြက်သွန်ဖြူခြောက်မွှာကိုအရင်ကြိတ်ပါမယ်
ပြည်ကြီးငါး ငါးကျပ်သား ခန့်ပါထည့်ကြိတ်ရပါမယ်
သတိပြုရမှာက ချင်း ထည့်မကြိတ်ပါဘူးနော်

ကြိတ်ပီးရင် လတ်ဆတ်သော ငါးဖယ်ခြစ် ၁၅ကျပ်သား
ကိုဆက်ထည့်ပါ။

အရသာထည့်ပါမယ်
အသားမူန့် သကြား ငရုတ်ကောင်းမူန် teaဇွန်းတစ်ဇွန်း စီ
ဆီမွှေး အနည်းငယ်
ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
ဆားအနည်းငယ် ကြက်ဥအကာ တစ်လုံးထည့်ပါ။

အရသာသမပြီဆိုရင်..ပြောင်းကော်မူန့် နဲ့ဂျူံမူန့်ထည့်ပါမယ်ပြောင်းကော်မူန့် နဲ့ဂျူံမူန့် ထမင်းစားဇွန်း သုံးဇွန်းစီရေအကြမ်းပန်းကန်လုံးတစ်လုံးစာခန့်ထည့်ပါ

ငါးအူချောင်း ပုံသွင်းရန်အတွက် မီးဖိုချောင် သုံးပလတ်စတစ်ကို ပုံပါအတိုင်း. အပြား
ကြီးကြီးဖြန့်ပါ.ပြီးရင်စုတ်တံဖြင့်ဆီလိုက်ဆွတ်ပေးပါ။

အဲဒီ ပလပ်စတစ်ပေါ်ကို ငါးအသားကို ဇွန်လေးဖြင့် ဖြန့်ခင်းပြီး ညီနေအောင်ဖိပြားလိုက်ပါ ။ ငါးအသားပြးပေါ် ပလတ်စတစ်ပန်ထပ်ပြီး ပါးပါးပြားပြားဖြစ်အောင် လှိမ့်ပြီးဖြန့်ပါ ။

ငါးအသားလွှာများရလျင် ပေါင်းအိုးနဲ့ပေါင်းပါ ။ ပေါင်းတဲ့အခါ အောက်က ဖက် သို့မဟုတ် အလူမီနီယမ်ပြားခံပြီး ပေါင်းပါ ။ ပြီးလျင်တော့ တုတ်းထိုးရန် ပုံသွင်းလှီးဖြတ်ပြီး ငါးနီတူနဲ့ အုန်လာဥ ပြုတ် ဟင်းချိုရည်ဖြင့်လည်းကောင်း ကြိုက်နှစ်သက်ရာ ဆော့ အမျိုးမျိုးဖြင့်လည်းကောင်း တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

image
10 w - Translate

Daeng Phra Khanong (2022)

Mae nak အကြောင်းကိုတော့ မသိတဲ့သူမရှိသလောက်ရှားကြမှာပါ၊ ရုပ်ရှင်တွေ ရုပ်သံဇာတ်လမ်းတွေကိုမှ ဗားရှင်းအမျိုးမျိုးပုံစံအစုံစုံနဲ့ရိုက်ခဲ့ကြတဲ့အထဲမှာမှ နာမည်အကြီးဆုံးဖြစ်တဲ့ Nang nak (1999) နဲ့ Pee Mak တိုကတော့မပါမဖြစ်ပါပဲ။

ဒဏ္ဍာရီအရ Mae Nak ဟာကလေးမမွေးနိုင်ပဲသေဆုံးသွားခဲ့ရာကနေ မကျွတ်မလွတ်နိုင်ပဲ ခင်ပွန်းဖြစ်သူကိုစောင့်နေရင်းတစ္ဆေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာ ဘဝပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တစ္ဆေကလေးလေးအကြောင်းကိုသိတဲ့သူရှားသလို ဇာတ်လမ်းတွေမှာလဲတွေ့ရခဲပါတယ်။

ဒီဇာတ်ကားကတော့ Mae Nak ကျွတ်လွတ်သွားအပြီး၊ Mak သာသနာ့ဘောင်ကိုဝင်သွားပြီးတဲ့နောက် ရွာမှာတစ်ဦးတည်းကျန်ခဲ့တဲ့ သူတိုနှစ်ဦးရဲ့သား တစ္ဆေလေး ဒန်းဖရာခနောင်ရဲ့အကြောင်းပါပဲ။

ဒန်းကလူတွေကိုကူညီပေးတတ်စတတ်နောက်တတ်ပြီးစိတ်ထားကောင်းတဲ့အတွက် သူ့အမေနဲ့မတူပဲတစ်ရွာလုံးကချစ်ကြ၊စောင့်ရှောက်ထားကြပါတယ်။ ဒါပေမယ့်ကလေးတွေကိုတော့ လန့်မှာစိုးလိုအသိပေးမထားတဲ့အတွက် ကလေးတွေနဲ့လဲကစားဖက်ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ရွာထဲမှာ ဒန်းခြောက်လှန့်တာခံရတာများလာတဲ့အပြင်၊ ခြောက်လှန့်မှုတွေကနေ လူကိုအန္တရာယ်ပြုတဲ့အထိဖြစ်လာတဲ့အခါမှာတော့ သူတိုတစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့ဒန်းပဲ ပြောင်းလဲသွားတာလား၊ ပြင်ပပယောဂတွေပါနေနိုင်မလားဆိုတာကိုဆက်လက်ရှုစားကြပါ

💫🌸ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+C0zsJ_mY5N82OWU1

🌸💫ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/1915528492/10347

image

တော့ပိုကီပြုလုပ်နည်းနဲ့ချက်နည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°

လိုအပ်တာများ
°°°°°°°°°°°°°
ဆန်မှုန့်
ကိုရီးယားငရုတ်သီးအနှစ်ဗူး (Supermarket မှာဝယ်လို့ရ)
ငရုတ်ကောင်းအမှုန့်
ဆား
သကြား
ခရုဆီ
ပဲငံပြာရည် (အနောက်)
ကြက်အူချောင်း

ပြုလုပ်နည်း
°°°°°°°°°

မွှေးဆန်မှုန့်တစ်ထုပ်ကိုရေအနည်းငယ်ရောပြီး နယ်ပေးရမယ် ဆန်မှုန့်မာသေးတယ်ထင်ရင်ရေနည်းနည်းထပ်ရောပေးရမယ် ဆန်မှုန့်နယ်တာရပြီဆို တော့ပုကီပုံစံအရွယ်အစား အတုံးလေးတွေတုံးပြီး ပုံဖော်ပေးထားပါ။

ရေနွေးပွက်ပွက်ဆူထဲကို တော့ပုကီတုံးလေးတွေထည့် ရေပေါ်ပေါလောပေါ်လာပြီဆို ပြန်ဆယ်ထားပေးရမယ်

ကြက်သွန်နီနဲ့ကြက်သွန်မြိတ်ကိုခပ်ကြီးကြီးလှီးထားပေးရ
မယ်

ချက်နည်း
°°°°°°°°

အိုးထဲရေတစ်ဝက်မပြည့်တစ်ပြည့်ထည့် တော့ပူကီအချောင်းထည့် ကြက်သွန်နီ ကြက်သွန်မြိတ် ကိုရီးယားငရုတ်အနှစ် ခရုဆီ သကြား ပဲငံပြာရာ် ငရုတ်ကောင်း ဆား ကြက်ဥချောင်းထည့် အဖုံးအုပ်ထား ပွက်ပွက်ဆူလာရင် မွှေပေးရမယ်။ ပျစ်ပျစ်လေးဖြစ်လာပြီဆို အရသာရှိတဲ့တော့ပိုကီရပါပြီ။

image

ပဲခေါက်ဆွဲ

ကိုရီးယား ပဲခေါက်ဆွဲ Jjajangmyeon (Noodles in Black Bean Sauce)လေး လုပ်စားကြရအောင် ။ဝက်သား မစားသော သူများ ကြက်အသားကြီးပဲကို အစားထိုး အသုံးပြုလို့ရပါတယ် ။ ဘာသားမှ မထည့်ပဲ သက်သက်လွတ် ပြုလုပ်ပြီး စားသုံးလို့လဲ ရပါတယ် ။ ကြက်ဥပြုတ် တစ်လုံး ထည့်ပြီး စားသုံးလို့ ရပါတယ်

ပါဝင်ပစ္စည်းများ

ဝက်သား - အနည်းငယ်
ကိုရီးယား ပဲအနှစ် (Choonjang) - ၄ ဇွန်း (စားပွဲတင်ဇွန်း)
ဆီ - ၄ ဇွန်း (စားပွဲတင်ဇွန်း)
သကြား - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ခရုဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြောင်းဖူးဖလာမှုန့် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်နီ - ၂ လုံး (ပါးပါးလှီးထားပါ)
ဇူကီနီ (Zucchini) - 1 လုံး
အာလူး - ၂ လုံး
ဂျပန်သခွားသီး - အနည်းငယ်
ရေ - အနည်းငယ်
ပြုလုပ်အနည်း

ပထမဦးစွာ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်နီတစ်လုံးကို ပါးပါးလှီး၍ ကြက်သွန်နီ နီရဲပြီး ကျွမ်းသွားသည်ထိ ဆီသတ်ပါ (အနံ့ပဲ ယူတာ ဖြစ်ပါတယ်) ။ ကြက်သွန်နီ အဖက်များကို ဆယ်ထုတ်ပြီး လွင့်ပစ်လိုက်ပါ ။
ဆီထဲသို့ ပုံတွင် ဖော်ပြထားသော ကိုရီးယား ပဲအမဲရောင် အနှစ် ၊ စားပွဲတင်ဇွန်း ၄ ဇွန်း ထည့်ပြီး မီးအေးအေးနှင့် နှံ့အောင် မွှေပေးပါ ။ ထို့နောက် အိုးထဲမှ ဆီများအား ဇွန်းဖြင့် အသာခပ်ထုတ်ပြီး ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပါ ။
ဒယ်အိုးထဲမှ ပဲအနှစ်ထဲသို့ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နှံ့အောင် မွှေပေး၍ မီးပိတ်ထားလိုက်ပါ ။
ဝက်သားကို သေးသေးလေးတွေ တုံးပြီး ဖယ်ထားတဲ့ ဆီဖြင့် ကြော်ပါ ။ ဆီနဲလျှင် ဆီအနည်းငယ် ထပ်ထည့်လို့ ရပါတယ် ။
အသားနူးသွားပါက ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (ကြက်သွန်နီ ၊ ဇူကီနီ ၊ အာလူး)တို့ကို ပုံတွင် ပြထားသည့် အတိုင်း အတုံးလေးများ တုံးပြီး ၊ အသားဖြင့် ရောလှိမ့်ပါ ။ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ ။
ထို့နောက် ပြောင်းဖူး ဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံ မှုန့် ၂ ဇွန်းကို + ရေ ၃ ဇွန်းဖြင့် ဖျော်ပြီး ထည့်ပေးပါ ။
ပထမဆုံး ဆီသတ်ထားတဲ့ ကိုရီးယား ပဲအနှစ်ပါ ရောထည့်ပြီး မွှေပေးပါ ။ ရေအနည်းငယ် ထည့်ပါ ။ အရသာ မြည်းကြည့်ပြီး အာလူး နှင့် အသီးအနှံများ နူးလျှင် ပြုတ်ထားသော ခေါက်ဆွဲပေါ်သို့ လောင်းထည့်ပြီး အသင့် စားသုံးနိုင်ပါပြီ ။
မှတ်ချက် - ခေါက်ဆွဲကတော့ မိမိကြိုက်နှစ်သက်တဲ့ခေါက်ဆွဲသုံးပါ။ အပေါ်တွင် ဂျပန်သခွားသီးကို ပါးပါးလှီး အလှဆင်ပြီး စားသုံးနိုင်ပါပြီ ။

image
10 w - Translate

Anime ထွက်ရှိဖိုတရားဝင်ကြေညာသွားတဲ့ I Want To End This Love Game

image