3 w - Translate

ရန်ကုန်မှာ ပြင်းအား သိသာတဲ့ငလျင်လှုပ်လို့ မြို့ခံတွေ ထိတ်လန့်
အောက်တိုဘာ ၁၇ ရက် ညပိုင်း ၁၁ နာရီကျော်က ရန်ကုန်တိုင်းက မြို့နယ် အများစုမှာ
ပြင်းအားသိသာစွာခံစားရတဲ့ ငလျင်လှုပ်သွားတယ်လို့ ရန်ကုန်မြို့ခံ တချို့က ဘီဘီစီကိုပြောပါတယ်။
ကမာရွတ်၊လှိုင်၊ ဒလ ၊သာကေတနဲ့ဒေါပုံ အပါအဝင် မြို့နယ် အများစုမှာ အများစုက တိုက်အောက်ကိုပြေးဆင်းကြတဲ့အထိ ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုတွေကို ဖော်ပြတဲ့ App တွေမှာတော့ ည ၁၁ နာရီ ၈ မိနစ်ခန့်မှာ ရန်ကုန်
တောင်ဘက် ပင်လယ်ကမ်းရိုးတန်းဘက်ကို
ဗဟိုပြုပြီး အင်အားမဂ္ဂနီကျူ ၃. ၉ အဆင့် ငလျင် တစ်ခုနဲ့ နောက်ထပ် ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တခြားမြို့နယ်တွေမှာ နေထိုင်သူတွေလည်း ကိုယ့်မြို့နယ်အလိုက် ငလျင်လှုပ်ခတ်မှုကြုံရတာကိုလည်း မှတ်ချက်ပေး မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။

image