Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်အုပ်လုံး Happy Life မဟုတ်သလို ဇာတ်သိမ်းကလည်း Happy End ဖြစ်မနေပါဘူး။ သူများတွေ
review ပေးကြတာတော့ ငိုကြရတယ်တဲ့။ ကိုယ်ကတော့ အသည်းမာတာလား၊ အသည်းမပါတာလား မသိပါဘူး။ မျက်ရည်တောင် မဝဲပါဘူး။ ကိုယ်ကပဲ စာဖတ်တဲ့အချိန်မှာ စိတ်မပါလို့လား၊စာရေးသူကပဲ တစ်ခြား စာရေးဆရာတွေနဲ့ မတူဘဲ ရေးသားဟန် ကွဲလို့လား မသိပါဘူး။ နားနားပြီး ဖတ်ယူရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်း၊ဇာတ်ကွက်နဲ့ ဇာတ်အိမ် ဖန်းတီးမှုကတော့ အရမ်းကောင်းပါတယ်။
တက်ရောက်လိုသူများအတွက်
စစ်ကိုင်းနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်က
သင်တန်းဝင်ခွင့် ခေါ်စာများ
#govjob





ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယစစ်ဦးစီးချုပ် တွေ့ဆုံ ဆွေးနွေး
စက်တင်ဘာ ၁၂
မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် အပြင် မြေရှားသတ္တုတူးဖော်ရေးကို သဘောတူ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံနှင့် အဓိက ထိစပ်နေသော စစ်ဒေသများကို ကိုင်တွယ်နေသည့် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံ ဆွေးနွေးမှုပေါ်ပေါက်လာခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး



ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအယူခံဝင်ခွင့်
မရွိ၊ ဥပဒေအတိုင်းသာဖြစ်ပြီး ရွေးကောက်ပွဲမှာနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကိုခွင့်ပြုမယ်
စက်တင်ဘာ ၁၂
ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘဲ ဒါဟာဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက နေပြည်တော် ရွေး/ကော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုး သမီးပါတီ(မွန်)နဲ့ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုပယ်ဖျက်လိုက်တယ်လို့ရွေး/ကော်ကထုတ်ပြန်ခဲ့တဲ့ ကိစ္စအတွက် မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်လွန်းမနေဘူးလား၊ ဒါဟာ ရွေး/ကော်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်လား အယူခံဝင်ခွင့်မရှိတော့ဘူးလားလို့ VOM က သတင်းစာရှင်းလင်းပွဲမှာမေးမြန်းခဲ့မှုအပေါ် ရွေး/ကော် UEC တာဝန်ရှိသူဦးခင်မောင်ဦးက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။
"ဒါကဥပဒေပြဌာန်းချက်အတိုင်းဖြစ်ပါတယ်။ဒီဥပဒေပြဌာန်းချက်ကလည်းလျော့ပေါ့ထားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။၂၆ .၁. ၂ဝ၂၃ မွာ ပြဌာန်းထားခဲ့တဲ့ဟာကို ၃ဝ.၁. ၂ဝ၂၄ မှာတဝက်တိတိလျော့ပေးထားခဲ့တဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကိုလျော့ပေး လိုက်တဲ့အတွက် ကျန်တဲ့ပါတီတွေရောမျှတရဲ့လား၊ ကျန်တဲ့ပါတီတွေက သူတို့အတွက်မျှတရဲ့လားသူတို့ကအင်အားတွေ ပြည့်ဝပြီးကြိုးစားဆောင်ရွက်ထားတဲ့ပါတီတွေရှိပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ရွေး/ကော်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
ဒါအပြင် အခုလိုနိုင်ငံရေးပါတီ ၄ ခုကို နိုင်ငံရေးပါတီအဖြစ်ကနေပယ်ဖျက်လိုက်ရခြင်းနဲ့ ပတ်သက်လို့မှတ်တမ်းမှတ်ရာအချက် အလက်တွေအားလုံးရွေး/ကော်UECမှာရှိနေပြီး ဒီမှတ်တမ်းတွေအားလုံးကိုနိုင်ငံရေးပါတီတွေအနေနဲ့ တောင်းယူကြည့်ရှုနိုင်တယ်လို့ UEC တာဝန်ရှိသူတွေက ဆက်ပြီးပြောပါတယ်။
"ဒီကိစ္စတွေနဲ့ပတ်သက်လို့ ၂၆ ရက်နေ့ကနိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေကို ခေါ်ယူရှင်းပြပြီးဖြစ်ပါတယ်။ ဒါကိုစစ်ဆေးနိုင်တဲ့ ဆော့ဝဲလ်တွေလည်းကျွန်တော်တို့မှာအဆင်သင့်ရှိပါတယ်။ တချို့နေရာတွေမှာ ပါတီဝင်အင်အားတွေထပ်နေတာ ရုံးခန်းတွေထပ်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့စာရွက်စာ တမ်းတွေအားလုံးUECမှာရှိပါတယ်"လို့ ထပ်လောင်းပြောပြပါတယ်။
ဒါအပြင် လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာကလေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုသွားမယ်လို့ ရွေး/ကော်တာဝန်ရှိသူတွေက ပြောပါတယ်။
"နိုင်ငံရေးပါတီ တွေကိုပယ်ဖျက်တာကအယူခံခွင့်မရှိပါဘူး။ ဥပဒေအတိုင်းသာဖြစ် ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာကလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို နိုင်ငံတကာ ကောင်စစ်ဝန်ရုံးတွေကနေ ဖိတ်ကြားပြီးလေ့လာခွင့်ပြုသွားမယ်"လို့ ရွေး/ကော် UEC တာဝန်ရှိသူတယောက်ကပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ပထမဦးဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။
ဒါကြောင့်ယခုနှစ်၊ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉ ပါတီအနက် ၆ ပါတီသာကျန်ရှိတော့ပြီး တိုင်းနဲ့ ဒေသကြီးအလိုက်ယှဉ်ပြိုင်မယ့်ပါတီတွေက ၅၁ ပါတီဖြစ်တယ်လို့ UEC ကပြောပါတယ်။
နလအအနေနဲ့ရွေးကောက်ပွဲအပိုင်း - ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီးနိုင်ငံတဝန်းကမြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ဒါအပြင်အပိုင်းလိုက်ဆက်လက်ကျင်းပမယ့်ရွေးကောက်ပွဲနေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားထားပြီးရွေးကောက်ပွဲအပိုင်းတခုနဲ့တခုဟာ ရက်သတ္တပတ်နဲ့ရက်သတ္တပတ်နှစ်ပတ်လောက်သာကြာမြင့်နိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ UEC ကတာဝန်ရှိသူတွေဖြစ်တဲ့ဦးမြင့်သိန်း၊
ဦးအောင်လွင်ဦးနဲ့ ခင်မောင်ဦးတို့က ဦးဆောင်ရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီးမဲပေးစနစ်ပြောင်းလဲမှုတွေ MMP စနစ်အပြင်ကြိုတင်မဲစာရွက် ၊ရလာဒ်အမြန်ကြေငြာနိုင်မယ့်နေ့ရက်နဲ့ ရွေးကောက်ပွဲဒုတိယပိုင်း တတိယပိုင်းကြေညာမယ့် ကိစ္စရပ်တွေကိုလည်း ရှင်းလင်းပြောပြခဲ့ပါတယ်။
Credit - VOM News Agency
#centralnewsnaypyitaw