🦵 ယူရစ်အက်ဆစ်များလို့ ဒူးနဲ့ အဆစ်အမြစ်တွေ နာကျင်နေပြီလား? 🌿
​အရင်တုန်းက ကျွန်မ အဆစ်အမြစ်တွေ၊ ဒူးခေါင်းတွေ အရမ်းနာကျင်ဖူးပါတယ်။ အထူးသဖြင့် မနက်အိပ်ရာထတာနဲ့ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့တောင် ခက်ခဲတဲ့အထိ နာပါတယ်။
​အဲဒီလို ဖြစ်နေချိန်မှာ အိမ်နီးချင်းဆီကနေ စပါးလင်နဲ့ ဆွမ်းမွှေးရွက်ကို ရေနွေးကြမ်းလို ပြုတ်သောက်တဲ့ နည်းလမ်းလေး ရခဲ့ပါတယ်။ ၂ ပတ်လောက် ဆက်တိုက် သောက်ကြည့်လိုက်တာ သိသိသာသာကို သက်သာလာတာကို ကိုယ်တိုင် ခံစားရပါတယ်။
​နာကျင်မှု သက်သာလာသလို ကောင်းကောင်းအိပ်ပျော်လာပြီး အပိုဆောင်းအနေနဲ့ အသားအရေတောင် ကြည်လင်လာတာကို တွေ့ရတယ်။ အခုဆိုရင် ဒါဟာ ကျွန်မတို့ အိမ်မှာ ပုံမှန်သောက်သုံးနေကျ အဖျော်ယမကာ ဖြစ်နေပါပြီ။
​💚 ယူရစ်အက်ဆစ် မြင့်မားခြင်းကြောင့် အဆစ်အမြစ်နဲ့ ဒူးတွေ နာကျင်နေတယ်ဆိုရင် ဆေးတွေကို အလျင်စလို မမှီခိုခင် ဒီရိုးရှင်းတဲ့ ဆေးဖက်ဝင်အချိုရည် နည်းလမ်းလေးကို စမ်းကြည့်သင့်ပါတယ်။ 💚
​✨ ပြုလုပ်နည်းက အရမ်းလွယ်ပါတယ် 👇
​လိုအပ်သော ပစ္စည်းများ....
* ​စပါးလင် - ၃ ပင် (ထုပြီး အပိုင်းလေးတွေ လှီးပါ)
* ​ဆွမ်းမွှေးရွက် - ၄ ရွက် (အပိုင်းလေးတွေ လှီးပါ)
* ​ရေ - ၂ လီတာ
​ပြုလုပ်ပုံအဆင့်ဆင့်....
* ​စပါးလင်၊ ဆွမ်းမွှေးရွက်နဲ့ ရေ ၂ လီတာကို အိုးထဲထည့်ပါ။
* ​မီးအေးအေးနဲ့ ၁၅-၂၀ မိနစ်ခန့် တည်ပါ။
* ​အရည်ကိုစစ်ယူပါ။
နွေးနွေးလေးလည်း သောက်နိုင်သလို ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံသောက်ရင်လည်း မွှေးပြီး လန်းဆန်းစေပါတယ်။
​📌 တစ်နေ့ကို ၁-၂ ခွက် (မနက်-ည) သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ 👇
​ဒီအဖျော်ယမကာဟာ မွှေးပျံ့လန်းဆန်းစေပြီး ဆေးလို ခါးတာ၊ နံတာမျိုး လုံးဝမရှိပါဘူး။ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်...
​✅ ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်။
​✅ အဆစ်အမြစ်နဲ့ ဒူးနာကျင်မှုကို သက်သာစေတယ်။
​✅ ကျောက်ကပ်ကို အားဖြည့်ပေးတယ်။
​✅ ကိုယ်နံ့နဲ့ ခံတွင်းနံ့ကို လျှော့ချပေးတယ်။
​✅ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။
​✅ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။
​ဒီလိုပြဿနာမျိုး ကြုံနေရသူတွေ မဖြစ်မနေ စမ်းကြည့်ကြပါနော်။ သဘာဝနည်းလမ်းနဲ့ သက်သာပျောက်ကင်းကြပါစေ!

image
36 w - Translate

သဘာဝဂါးနက် ❤️
မြကွက်ပုံဗူးစီ❤️
Credit to owner

image
36 w - Translate

သဘာဝဂါးနက် ❤️
မြကွက်ပုံဗူးစီ❤️
Credit to owner

image
36 w - Translate

သဘာဝဂါးနက် ❤️
မြကွက်ပုံဗူးစီ❤️
Credit to owner

imageimage
36 w - Translate

"အဖေ၊ အစ်ကိုတို့နဲ့ အတူတွေ့ရတဲ့ ချစ်တုံးကြီးစိန်ဥဥ"
Photo. Credit
#celefocus

image
36 w - Translate

"အဖေ၊ အစ်ကိုတို့နဲ့ အတူတွေ့ရတဲ့ ချစ်တုံးကြီးစိန်ဥဥ"
Photo. Credit
#celefocus

image
36 w - Translate

"အဖေ၊ အစ်ကိုတို့နဲ့ အတူတွေ့ရတဲ့ ချစ်တုံးကြီးစိန်ဥဥ"
Photo. Credit
#celefocus

image
36 w - Translate

"အဖေ၊ အစ်ကိုတို့နဲ့ အတူတွေ့ရတဲ့ ချစ်တုံးကြီးစိန်ဥဥ"
Photo. Credit
#celefocus

image
36 w - Translate

"အဖေ၊ အစ်ကိုတို့နဲ့ အတူတွေ့ရတဲ့ ချစ်တုံးကြီးစိန်ဥဥ"
Photo. Credit
#celefocus

image
image
image
image
36 w - Translate

အခက်အခဲတစ်ခုခု..စွန့်လွှတ်ပေးဆပ်စရာ တစ်ခုခုနဲ့ကြုံလာတဲ့အခါတိုင်း..ကျွန်မက ပိုကောင်းဖို့ဖြစ်လာတာပါ…လို့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်လေ့ရှိပါတယ်…။ တကယ်လည်း..ပိုကောင်းဖို့အတွက်..အဆိုးဆုံးသော အခြေအနေတွေကို ကျွန်မတို့ ဖြတ်ကျော်ခဲ့ဖူးပါတယ်…။ အမှောင်ဆုံးနေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းနေချိန်မျိုးမှာတောင်..ကျွန်မက အလင်းရောင်ရှိရာနေ့ရက်လေးဆီ..မှန်းဆမြင်ယောင်ကြည့်မိတတ်ပါတယ်..။
စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်းလည်း..ငါကံဆိုးလိုက်တာ..ဖြစ်မှဖြစ်ရလေ..စတဲ့အတွေးမျိုးတွေ မတွေးဘဲ..အို..ပိုကောင်းဖို့ဖြစ်လာတာ….လို့ မမြင်ရသေးတဲ့ အနာဂါတ်ကို လှမ်းပြီး အကောင်းမြင်တွေးထားလိုက်ပါတယ်..။ အဲ့ဒီလိုတွေးလိုက်တာဟာ…ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကလေးနဲ့ ရှင်သန်နေအောင်..အားပေးဖေးမနှစ်သိမ့်လိုက်ခြင်းလည်းဖြစ်ပါတယ်…။
တစ်ခါတစ်ရံမှာ ကျွန်မတို့ဘဝမှာ..မျှော်လင့်စရာမရှိတော့လောက်အောင်…ဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့ရတဲ့အခါ..လူက ကူကယ်ရာမဲ့ အားငယ်တုန်လှုပ်သွားတတ်ပါတယ်..။ စိတ်ဓါတ်တွေကျသွားတတ်ပါတယ်..။ အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်နေဆဲဆိုရင်တောင်..မကြာခင်မှာ..အကောင်းတစ်ခု ဖြစ်လာတော့မှာ...လို့ကြိုတွေးထားလိုက်စေချင်ပါတယ်..။ တကယ်လည်း ကိုယ့်ရဲ့စိတ်ကို အကောင်းဘက်ကို တည့်ထားပေးပြီး…ကိုယ်လုပ်သင့်တာတွေကို ပုံမှန်လေးဆက်လုပ်နေဖို့လိုပါတယ်…။
အဆင်မပြေစရာဒုက္ခတစ်ခုနဲ့ရင်ဆိုင်ရတိုင်း..ကျွန်မက ငါ့မှာ..ကုသိုလ်နည်းနေပြီလို့ ..တွေးပြီး ကောင်းမှုကုသိုလ်တွေ ပိုလုပ်ဖြစ်ပါတယ်…။ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရတုန်းကဆို..တစ်နေ့တစ်နေ့ တရားအလုပ်တွေနဲ့သာ အချိန်ကုန်စေပြီး..ကိုယ့်ရဲ့ အားငယ်နွမ်းလျနေတဲ့ စိတ်နှလုံးကို တရားရေအေးအကြည်ဓါတ်ကလေးနဲ့သာ..စိမ်ထားလိုက်တော့တာပါပဲ..။ ပြီးတော့…တွေးပါသေးတယ်…ဪ..ငါတို့ဘဝမှာ..အားကိုးစရာ ဒီတရားရှိနေတာ..ဘယ်လောက်လုံခြုံလိုက်သလဲ…ဘာတွေပဲဖြစ်လာဖြစ်လာ…လူတောင်တစ်နေ့ သေရဦးမှာ..အားလုံးကို ရင်ဆိုင်ရမှာပဲ…ဆိုတဲ့အတွေးနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်..။
တကယ်တွေးကြည့်လိုက်တိုင်း..ကျေးဇူးတင်စရာကောင်းလှပါတယ်..။ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ..တရားကို အားကိုးလိုက်တိုင်း…စိတ်နှလုံးငြိမ်းချမ်းသွားပြီး..ဘာကိုမှ ကြောက်ရွံ့အားငယ်ခြင်း မဖြစ်တော့တာ..တရားရဲ့တန်ခိုးပဲဖြစ်ပါတယ်..။ တကယ်လည်း..အဆိုးဆုံးအခြေအနေကနေ..တဖြည်းဖြည်း ကောင်းကောင်းလာခဲ့တာပါပဲ..။ ဘယ်သူ့ဘဝမှာမှ တစ်ချိန်လုံး အဆိုးတွေချည်း ရင်ဆိုင်နေရတာမဟုတ်ပါဘူး..။ အဆိုးနဲ့ ရင်ဆိုင်ရတိုင်း…ကောင်းတာတွေပိုလုပ်ပြီး…ကောင်းဖို့ဖြစ်လာတာ..လို့ တွေးကြည့်ပါ..။
ကျွန်မတို့ လူနေမကောင်းတဲ့အခါ..ဆေးခန်းသွားမယ်..ဆေးသောက်မယ်..စသဖြင့် နေကောင်းအောင် ကျန်းမာအောင် ဆေးကုသသလိုပဲ..အဆင်မပြေမှုတွေ..ပူပန်သောကတွေကြောင့် စိတ်နေမကောင်းဘူးဆိုရင်လည်း..စိတ်ကိုနေကောင်းကျန်းမာဖို့အတွက် တရားဆေးနဲ့ ကုသဖို့ တကယ်လိုအပ်ပါတယ်..။ အရာအားလုံးဟာ..အမြဲဖြစ်ပျက်ပြောင်းလဲနေတာပဲ..မမြဲဘူးဆိုတဲ့ အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်လို့ရသလို..မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ထပ်တလဲလဲ ပွါးများနေတာ..ပရိတ်တော်..ပဌာန်းတော်တွေ..ရွတ်ဖတ်ပွါးများနေတာဟာလည်း..နေမကောင်းတဲ့ မကျန်းမာတဲ့စိတ်ကို ဆေးကုသပေးနေခြင်းပဲဖြစ်ပါတယ်..။
မကောင်းတဲ့အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မျိုးမှာ…ကောင်းတဲ့ကုသိုလ်တွေ လုပ်ခွင့်ရနေခြင်းဟာ…ညစ်နွမ်းနေတဲ့ကိုယ့်စိတ်ကို တရားဓမ္မနဲ့ ဆေးကြောသန့်စင်ပြီးသားဖြစ်သလို..ငါ ကောင်းတာတွေပဲ လုပ်နေတာပဲ..ကောင်းတာတွေဖြစ်လာဦးမှာပဲ..ဆိုတဲ့ယုံကြည်မှုနဲ့အတူ စိတ်နှလုံးလုံခြုံလာစေပါတယ်…။ ကုသိုလ်တရားတွေများလာတဲ့အခါ..မကောင်းတဲ့ အကုသိုလ်ကံတွေ အားနည်းလာပြီး..ကောင်းမှုကုသိုလ်အကျိုးတွေကို ခံစားခွင့်ရလာပါတယ်..။ အဆင်မပြေဖြစ်နေတာလေးတွေဟာလည်း..ခဏပါပဲ..တဖြည်းဖြည်း အဆင်ပြေလည်လာတာကို တွေ့ရပါလိမ့်မယ်..။
ဘဝမှာ ရင်ဆိုင်ကြုံတွေ့လာသမျှ..အခက်အခဲတိုင်း..ပြဿနာတိုင်းဆီကနေ ရှောင်ပြေးဖို့ စိတ်မကူးဘဲ…ဘာပဲဖြစ်ဖြစ် ကောင်းဖို့ဖြစ်လာတာ..ဆိုတဲ့ အတွေးလေးနဲ့..ကောင်းမှုကုသိုလ်လေးတွေ ပိုလုပ်ပြီး..လောကဓံတရားကို ရဲရဲရင်ဆိုင်လိုက်စေချင်ပါတယ်..။
#လွန်းထားထား
#ပိုကောင်းဖို့ဖြစ်တာပါ
#စာအုပ်လေးထွက်နေပါပြီ

image