REDMI K90 Pro Max စျေးနဲ့ မိတ်ဆက်လိုက်တဲ့ OnePlus 15 👀
.
OnePlus ကနေလည်း အခုပဲ တရုတ်ပြည်တွင်းမှာ OnePlus 15 နဲ့ OnePlus Ace 6 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားပါပြီ။
# OnePlus 15
OnePlus 15 ကို Ultra Performance Flagship ဖုန်းလို့ ဆိုထားတယ် - တကယ်လည်း Qualcomm Snapdragon 8 Elite Gen 5 Processor ကိုမှ Speed 10667Mbps အထိရမယ့် LPDDR5X Ultra RAM | UFS 4.1 Storage | 5778mm² Glacier VC Cooling တွေအပြင် E-Sport Network Chip G2 ကိုပါ ထည့်သုံးထားတယ်။
Display ပိုင်းမှာလည်း 6.78" BOE X3 1.5K 165Hz LTPO Flat OLED Display ကို သုံးထားမယ်။ ဘေးဘောင်အထူက 1.15mm နဲ့ 1nits Minimum Brightness တွေကို ထောက်ပံ့ပေးနိုင်မယ်။ ဂိမ်းတွေကိုလည်း 165Hz Support ပေးသွားမယ်လို့ ဆိုထားတယ်။
Camera ပိုင်းမှာဆိုရင်တော့ 50MP Sony IMX906 (1/1.56" Main Camera | 50MP OV50D Ultrawide (1/2.88" နဲ့ 50MP (1/2.75" JN5 3.5x W-Shaped Periscope Telephoto Camera တွေကို သုံးပေးထားတယ်။ Selfie Camera အတွက်ကိုတော့ 32MP IMX709 Sensor ကို ထည့်ပေးထားမယ်။
Battery အနေနဲ့ဆိုရင် 7300mAh Battery ကိုမှ 120W Fast Charging ပါ Support လုပ်မယ်။ Wireless နဲ့အားသွင်းမယ်ဆိုရင်လည်း 50W နဲ့ အားသွင်းနိုင်မယ်။ တခြား USB 3.2 Gen 1 | IP69K Rating တွေအကုန်ပါမယ်။
စျေးနှုန်းအနေနဲ့လည်း RAM 12GB | 256GB Version ကို 3,999 Yuan နဲ့ စရောင်းသွားမယ်။ ဒီစျေးက REDMI K90 Pro Max | realme GT8 Pro ဖုန်းတွေနဲ့ အတူတူပဲလို့တောင် ပြောလို့ရတယ်။
# OnePlus Ace 6
ပိုပြီး စျေးသက်သာတဲ့ဖုန်းဆိုရင် 2,599 Yuan ကနေ စရောင်းမယ့် OnePlus Ace 6 ရှိမယ်။ Snapdragon 8 Elite Processor ဖြစ်သွားတာကလွဲပြီး LPDDR5X Ultra RAM တွေ၊ UFS 4.1 Storage | E-Sport Network Chip G2 ပါတာတွေအကုန်တူတူပဲ။
Display ပိုင်းမှာတော့ 6.83" 1.5K 165Hz LPTS OLED Display ဖြစ်သွားမယ်။ Camera ပိုင်းမှာလည်း 50MP IMX906 Main Camera အတူတူပေမယ့် 8MP IMX355 Ultrawide Camera ပဲ ပါတော့မယ်။ Selfie Camera ကလည်း 16MP Sensor ပဲ သုံးပေးထားတယ်။
ဒါပေမယ့် သဘောကျဖို့ကောင်းတာတွေက Battery ပိုင်းမှာ 7800mAh အထိ ထည့်ပေးထားပြီး 120W Fast Charging လည်းပါဦးမယ်။ IP69K Rating | Ultrasonic Fingerprint တွေလည်းထည့်ပေးထားတယ်။
အမိုက်ဆုံးက အခု OnePlus 15 | OnePlus Ace 6 ဖုန်းတွေက OPPO ရဲ့ ColorOS 16 နဲ့ တစ်ခါတည်းထွက်လာမှာပါ။ Software ပိုင်းနဲ့ Performance | Gaming ပိုင်းကို သေချာဦးစားပေးထားတဲ့ဖုန်းတွေလို့ ပြောလို့ရပြီ။
ဆိုတော့ OnePlus 15 | REDMI K90 Pro Max | realme GT8 Pro ဆိုတဲ့ Yuan 4,000 မပြည့်တဲ့ Snapdragon 8 Elite Gen 5 ဖုန်းတွေထဲမှာ ဘယ်ဖုန်းရွေးကြမလဲပဲ... 👀