13 w - Translate

REDMI K90 Pro Max စျေးနဲ့ မိတ်ဆက်လိုက်တဲ့ OnePlus 15 👀
.
OnePlus ကနေလည်း အခုပဲ​ တရုတ်ပြည်တွင်းမှာ OnePlus 15 နဲ့ OnePlus Ace 6 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားပါပြီ။​
# OnePlus 15
OnePlus 15 ကို Ultra Performance Flagship ဖုန်းလို့ ဆိုထားတယ် - တကယ်လည်း Qualcomm Snapdragon 8 Elite Gen 5 Processor ကိုမှ Speed 10667Mbps အထိရမယ့် LPDDR5X Ultra RAM | UFS 4.1 Storage | 5778mm² Glacier VC Cooling တွေအပြင် E-Sport Network Chip G2 ကိုပါ ထည့်သုံးထားတယ်။​
Display ပိုင်းမှာလည်း 6.78" BOE X3 1.5K 165Hz LTPO Flat OLED Display ကို သုံးထားမယ်။​ ဘေးဘောင်အထူက 1.15mm နဲ့ 1nits Minimum Brightness တွေကို ထောက်ပံ့ပေးနိုင်မယ်။​ ဂိမ်းတွေကိုလည်း 165Hz Support ပေးသွားမယ်လို့ ဆိုထားတယ်။​
Camera ပိုင်းမှာဆိုရင်တော့ 50MP Sony IMX906 (1/1.56" Main Camera | 50MP OV50D Ultrawide (1/2.88" နဲ့ 50MP (1/2.75" JN5 3.5x W-Shaped Periscope Telephoto Camera တွေကို သုံးပေးထားတယ်။ Selfie Camera အတွက်ကိုတော့ 32MP IMX709 Sensor ကို ထည့်ပေးထားမယ်။
Battery အနေနဲ့ဆိုရင် 7300mAh Battery ကိုမှ 120W Fast Charging ပါ Support လုပ်မယ်။​ Wireless နဲ့အားသွင်းမယ်ဆိုရင်လည်း 50W နဲ့ အားသွင်းနိုင်မယ်။​ တခြား USB 3.2 Gen 1 | IP69K Rating တွေအကုန်ပါမယ်။
စျေးနှုန်းအနေနဲ့လည်း RAM 12GB | 256GB Version ကို 3,999 Yuan နဲ့ စရောင်းသွားမယ်။​ ဒီစျေးက REDMI K90 Pro Max | realme GT8 Pro ဖုန်းတွေနဲ့ အတူတူပဲလို့တောင် ပြောလို့ရတယ်။
# OnePlus Ace 6
ပိုပြီး စျေးသက်သာတဲ့ဖုန်းဆိုရင် 2,599 Yuan ကနေ စရောင်းမယ့် OnePlus Ace 6 ရှိမယ်။​ Snapdragon 8 Elite Processor ဖြစ်သွားတာကလွဲပြီး LPDDR5X Ultra RAM တွေ၊​ UFS 4.1 Storage | E-Sport Network Chip G2 ပါတာတွေအကုန်တူတူပဲ။​
Display ပိုင်းမှာတော့ 6.83" 1.5K 165Hz LPTS OLED Display ဖြစ်သွားမယ်။ Camera ပိုင်းမှာလည်း 50MP IMX906 Main Camera အတူတူပေမယ့် 8MP IMX355 Ultrawide Camera ပဲ ပါတော့မယ်။​ Selfie Camera ကလည်း 16MP Sensor ပဲ သုံးပေးထားတယ်။
ဒါပေမယ့် သဘောကျဖို့ကောင်းတာတွေက Battery ပိုင်းမှာ 7800mAh အထိ ထည့်ပေးထားပြီး 120W Fast Charging လည်းပါဦးမယ်။​ IP69K Rating | Ultrasonic Fingerprint တွေလည်းထည့်ပေးထားတယ်။
အမိုက်ဆုံးက အခု OnePlus 15 | OnePlus Ace 6 ဖုန်းတွေက OPPO ရဲ့ ColorOS 16 နဲ့ တစ်ခါတည်းထွက်လာမှာပါ။​ Software ပိုင်းနဲ့ Performance | Gaming ပိုင်းကို သေချာဦးစားပေးထားတဲ့ဖုန်းတွေလို့ ပြောလို့ရပြီ။​
ဆိုတော့ OnePlus 15 | REDMI K90 Pro Max | realme GT8 Pro ဆိုတဲ့ Yuan 4,000 မပြည့်တဲ့ Snapdragon 8 Elite Gen 5 ဖုန်းတွေထဲမှာ ဘယ်ဖုန်းရွေးကြမလဲပဲ... 👀

image