image

Windows ကို Reset (ပြန်ချ) နည်း
Windows 10 နဲ့ Windows 11 အတွက် နည်းလမ်းတူညီပါတယ်။
Windows ပြန်ချနည်း (Reset This PC)
ဒီနည်းကို သုံးရင် သင့်ရဲ့ File တွေ မဆုံးရှုံးစေဘဲ Windows ကို ပြန်လည်စတင်နိုင်ပါတယ် (သို့) အားလုံးဖျက်ပြီး ပြန်တင်နိုင်ပါတယ်။
အဆင့် (၁) - Reset လုပ်မယ့်နည်းလမ်းကို ရွေးပါ
1. Start Menu ကိုနှိပ်ပါ > Settings () ကိုဝင်ပါ။ (သို့) `Windows + I` နှိပ်ပြီး Settings ဖွင့်ပါ။
2. Update & Security (Windows 1 သို့ System > Recovery (Windows 11) ကိုဝင်ပါ။
3. Recovery အောက်က Reset this PC မှာ Get Started ကိုနှိပ်ပါ။
အဆင့် (၂) - File တွေကို ဘယ်လိုထားမလဲဆိုတာ ရွေးပါ
- Keep my files Apps နဲ့ Settings တွေ ပျက်သွားမယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ Personal Files (ဓာတ်ပုံ၊ ဖိုင်တွေ) ကျန်မယ်။
- Remove everything ကွန်ပျူတာကို အသစ်အတိုင်း ပြန်ဖြစ်စေမယ် (ဖိုင်အားလုံး ဖျက်မယ်)။
အဆင့် (၃) - Windows ကို ဘယ်လိုပြန်တင်မလဲဆိုတာ ရွေးပါ
- Cloud Download Microsoft Server ကနေ Windows ကို ဒေါင်းလုပ်ဆွဲပြီး ပြန်တင်မယ် (အင်တာနက် လိုအပ်မယ်)။
- Local Reinstall ကွန်ပျူတာထဲမှာရှိတဲ့ Windows File တွေနဲ့ ပြန်တင်မယ်။
အဆင့် (၄) - Additional Settings (ရွေးချယ်စရာများ)
- Remove my files ကိုရွေးရင် Data Erasure (ဖိုင်တွေကို အပြီးဖျက်မယ်) နဲ့ Drive Cleaning (ဒရိုက်တစ်ခုလုံးသန့်မယ်) ရွေးလို့ရတယ်။
- Just remove my files ဖိုင်တွေကို ရိုးရိုးဖျက်မယ် (ပြန်ပြောင်းလို့ရနိုင်သေးတယ်)။
အဆင့် (၅) - Reset စတင်ပါ
- Reset ကိုနှိပ်ပါ > ကွန်ပျူတာ Restart ဖြစ်ပြီး Windows ပြန်တင်မယ်။
- အချိန် ၃၀ မိနစ်မှ ၂ နာရီ အထိကြာနိုင်ပါတယ်။
သတိထားရန်
- Backup အရင်လုပ်ပါ အရေးကြီးတဲ့ဖိုင်တွေကို External Drive သို့ Cloud Storage (Google Drive, OneDrive) မှာ သိမ်းထားပါ။
- Power မပြတ်စေနဲ့ Reset လုပ်နေစဉ် Laptop/PC ကို မပိတ်ပါနဲ့။
> အကူအညီလိုရင် Windows ပြန်ချတဲ့အခါ Error တက်ရင် USB Bootable Drive သုံးပြီး Clean Install လုပ်ဖို့လိုနိုင်ပါတယ်။

image

❝ပင်လယ်ဝသို့ ပို့ဆောင်မည့် ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း)များကို ရန်ကုန်မြစ်အတွင်းမှ ဖမ်းမိပြီး ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့❞

စက်တင်ဘာ ၂၆

ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်မည့် ခန့်မှန်း ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလိုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြစ်အတွင်းမှ ဖမ်းဆီးရမိခဲ့သလို ဆက်စပ်တရားခံ ၆ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီး၌ ခင်မောင်လင်း ဆိုသူနှင့် သက်ပိုင်ထူး(ခ) သက်ပိုင် ဆိုသူတို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်း ဆိုသူကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်၌ လည်းကောင်း၊ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီး ဆိုသူကို မွန်းလွဲ ၁ နာရီခန့် တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ် ဆိုသူကို ရန်ကင်းမြို့နယ်တို့၌ လည်းကောင်း အသီးသီး ဖမ်းမိခဲ့သည်ဟုဆိုသည်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင် ဆိုသူကိုတော့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ စက်လှေ ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတရားခံများကို ဥပဒေအရ အရေးယူထားရှိသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး လက်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
30 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
30 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
30 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
30 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
30 w - Translate

𝐌𝐨𝐧𝐤𝐞𝐲’𝐬 𝐓𝐚𝐢𝐥 𝐂𝐚𝐜𝐭𝐮𝐬
#မျောက်မှီး

image
image
image
image

ပထမဆုံး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ခဲ့ပြီလို့ မာရှေယာနို ပြော

စက်တင်ဘာ ၂၆

အင်တာမိုင်ယာမီအသင်းဟာ နယူးယော့ခ်စီးတီးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိကာ မေဂျာလိဂ်ပလေးအောဖ့် တစ်နေရာရရှိခဲ့ပြီးနောက် သူတို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီလို့ နည်းပြမာရှေယာနိုက ပြောခဲ့ပါတယ်။

မာရှေယာနိုက “ကျနော်တို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီး ဒါက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ရှေ့ကိုဆက်ပြီးတွန်းအားပေးရမှာဖြစ်သလို အကောင်းဆုံး ပလေးအောဖ့်နေရာကိုလည်း ရယူချင်ပါတယ်။ ကျနော်တို့ဟာ Supporters’ Shield အတွက်လည်း တိုက်ပွဲဝင်ချင်ပေမယ့် လာမယ့်တိုရွန်တိုနဲ့ပွဲကို အာရုံစိုက်ဖို့လိုပါတယ်” လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲစဉ်မှာ မက်ဆီက ၂ ဂိုး၊ ရိုဒရီဂွက်ဇ်နဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး လက်ကျန်ပွဲကစားဖို့ ၂ ပွဲကျန်ရှိနေချိန်မှာ ထိပ်ဆုံးနေရာကအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပလေးအော့ဖ်ဝင်ခွင့်ရခဲ့ပြီးနောက် Supporters’ Shield ရယူနိုင်ဖို့လည်း အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။

ဒီပွဲမှာ အင်တာမိုင်ယာမီအသင်း ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ချိန်မှာ အသင်းခေါင်းဆောင်မက်ဆီဟာ သူမကန်သွင်းဘဲ အသင်းဖော်တိုက်စစ်မှူးဆွာရက်ဇ်ကို ကန်သွင်းစေပြီး ဂိုးရရှိစေခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းနည်းပြမာရှေယာနိုက မက်ဆီကို ချီးကျူးခဲ့ပြီး ဆွာရက်ဇ်ဂိုးသွင်းနိုင်ဖို့လိုအပ်ချိန်မှာ အခုလိုပြုလုပ်ခဲ့တာက အသင်းအတွက် အလွန်ကောင်းမွန်တဲ့အရာလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီစီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာလည်း ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ပုံ - နည်းပြမာရှေယာနိုကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
30 w - Translate

ဖေဖေ့ သီချင်းတွေ ရဲ့ မူပိုင်ခွင့်က ညီမလေး ရွှေရည်သိန်းတန် ဆီမှာပါ။ သူကလည်း ဖေဖေ့ သီချင်းကို လက်လွတ်စပယ် မလုပ်ဘူး။ အစ်မတို့ရဲ့ မေမေကိုလည်း အနုပညာကြေး တစ်ဝက်ပေးပါတယ် လို့ ပြောလာတဲ့ ဝင်းပပသိန်းတန်

image