10 w - Translate

O_n-w_a-r_d ( 2020 )

အညွှန်း* 🔽🔽🔽

ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေးတစ်ကားလောက် ကြည့်ရအောင်။
ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။

ဇာတ်လမ်းအကျဉ်း….

ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊
မှော်ဝင်သတ္တဝါတွေဟာခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်းငယ်ငယ်ကတည်းက အဖေဆုံးသွားလိုမိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတိုအဖေထားခဲ့တဲ့
မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ဒါပေမယ့် ဒီဂါထာကိုသုံးဖို စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး
အဲဒီရတနာ မလုံလောက်တာကြောင့် သူတိုအဖေဟာခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တိုအဖေရဲ့
ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်အဖေကို နောက်ဆုံးတွေ့နိုင်ဖိုမှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်….

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/258
https://t.me/Bhone2312/258

image
10 w - Translate

The Snow Queen (1+2+3)

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/261
https://t.me/Bhone2312/261

image
10 w - Translate

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဒေသခြောက်ခု၌ သေဆုံးသူ ၃၇၅၃ ဦးရှိလာ၊ ၅၃ ဦးပျောက်ဆုံးနေ
ငလျင်ဒဏ်သင့်တိုင်းနှင့်ပြည်နယ်ခြောက်ခု၌ သေဆုံးသူဦးရေ ၃၇၅၃ ဦးရှိပြီး ၅၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း ယနေ့(ဇွန် ၁၇ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်တို့တွင် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ယမန်နေ့(ဇွန် ၁၆ ရက်)အထိ အဆိုပါတိုင်းနှင့် ပြည်နယ်များ၌ ငလျင်ကြောင့်သေဆုံးသူဦးရေ ၃၇၅၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့်ပျောက်ဆုံး သူ ၅၃ ဦးရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ငလျင်လှုပ်ခတ်ခဲ့ ပြီးနောက်အဆောက်အအုံများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး ရုပ်အလောင်း ၈၃၃ ဦးကိုရှာဖွေပေးနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုနှစ်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင်ဇွန်လ ၁၅ ရက်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုအကြိမ်(၁၉၀) ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image
10 w - Translate

Kung Fu Panda [ 2008 ]

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြိုလေးတစ်မြိုမှာအပျင်းကြီးပြီး
အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လိုခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတိုမြိုလေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး
သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတိုကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တိုပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်ရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/267
https://t.me/Bhone2312/267

image

#နိုင်ငံတကာသတင်း
◼ဘာလီပစ်ခတ်မှုတွင် တစ်ဦးသေပြီး လူနှစ်ဦး အား ရဲတပ်ဖွဲ့ ဖမ်းဆီး
ဩစတြေးလျ နိုင်ငံသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ပစ်ခတ်မှုနှင့်ဆက်စပ်၍ဘာလီရဲတပ်ဖွဲ့က လူနှစ်ဦးအားဖမ်းဆီးလိုက်သည်။
အင်ဒိုနီးရှားခရီးသွားအပန်းဖြေကျွန်းတောင်ပိုင်းတွင် စနေနေ့ည သန်းခေါင်ကျော်ခန့်က လူနှစ်ဦး ၎င်း၏ နေအိမ်ထဲသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် အသက် (၃၂) နှစ်အရွယ် ဇီဗန်ရက်ဗာနိုဗစ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
သံသယရှိသူတစ်ဦးအား အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦးအားပြည်ပတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ခင်ပွန်းသည်၏ အော်သံကြောင့် အိပ်ရာမှ နိုးလာခဲ့ပြီးနောက် ရေချိုးခန်းအတွင်း ခင်ပွန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မစ္စတာ ရက်မာနိုဗစ်၏ ဇနီးက ရဲတပ်ဖွဲ့အား အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း ဩစတြေးလျသတင်းဌာနများက ဖော်ပြကြသည်။
သေနတ်နှင့်ပစ်ခတ်ခံခဲ့ရသော အခြားတစ်ဦးဖြစ်သူ ဆာနာဂါနင်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းအနေဖြင့် ရိုက်နှက်မှုလည်း ကြုံခဲ့ရကြောင်း အသက် (၃၄) နှစ်အရွယ် ဂါနင် က ပြောသည်။
တိုက်ခိုက်သူများအား မြင်‌တွေ့လိုက်ကြောင်း မစ္စတာဂါနင် ၏ ဇနီးသည်က ပြောကြားပြီးအမျိုးသမီး နှစ်ဦးစလုံး ထိခိုက်မှုမရှိခဲ့‌ပေ။
ပစ်ခတ်မှုဖြစ်ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ က ပြောသော်လည်း ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ အကျယ်တဝင့်မပြောခဲ့ပေ။
ရဲတပ်ဖွဲ့က ကျည်ခွံ ၁၇ ခု၊ ကျည်ဆံ နှစ်တောင့် နှင့် ကျည်ဆံ အပိုင်းအစ ၅၅ ခု အား အခင်းဖြစ်ပွားသည့်နေရာမှ သိမ်းယူရရှိခဲ့သည်။
ဩစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည့် အခင်းဖြစ်နေအိမ် ဓါတ်ပုံများတွင် ကျည်ဆံဖောက်ထွင်းသွားသည့် ပြတင်းပေါက်များ နှင့် ကြမ်းပြင်ပေါ်မှ သွေးကွက်များကို တွေ့ရသည်။
ပစ်ခတ်သူများက ဩစတြေးလျ လေသံ လေးလေးဖြင့် အင်္ဂလိပ်စကားပြောသံများကို ကြားခဲ့ရကြောင်း မျက်မြင်သက်သေ အများအပြားက ရဲတပ်ဖွဲ့အား ပြောကြားကြသည်။
တစ်ဦးက လိမ္မော်ရောင်ဂျက်ကက် အား ဆိုင်ကယ်စီးဦးထုပ်အမဲရောင် ၊ အခြားတစ်ဦးက အစိမ်းရင့်ရောင်ဂျက်ကက်ကို အမဲရောင်ဆိုင်ကယ်စီးဦးထုပ်၊ နှာ‌ခေါင်းစည်းများဖြင့် တွဲဖက်ဝတ်ဆင်ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။
အင်ဒိုနီးရှား၏ နာမည်ကျော် အပန်းဖြေကျွန်း ဘာလီသို့ နှစ်စဉ်ခရီးသွား သန်းနှင့် ချီလာ‌ ရောက်လည်ပတ်သော်လည်း ယခုကဲ့သို့ ကြမ်းတမ်းသောပြစ်မှု များ အဖြစ်နည်းကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image
10 w - Translate

#ပြည်တွင်းသတင်း
◼ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်
လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဇွန် ၁၇ ရက်) မွန်းလွဲ ၂ နာရီတွင်ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အနောက်တောင်ပိုင်း) နှင့်ဆက်စပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း၊ ယင်းလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မနက်ဖြန်(ဇွန် ၁၈ ရက်) နံနက်ပိုင်းအထိခန့်မှန်းချက်များအရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်း စသည့်တို့ဖြစ်ပေါ် နိုင်ကြောင်း မိုးဇလကအသိပေးထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image
10 w - Translate

Cricket & Antoinette (2023)

အညွှန်း* 🔽🔽🔽

IMDb - 7.2/10

ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့တီးဝိုင်းခေါင်းဆောင်ပါ။သူတိုအနီးအနားမှာတော့ Antoinette လိုခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။

သူတိုနှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖိုကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လိုပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/271
https://t.me/Bhone2312/271

image
10 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားသို့သွားမည့် မြန်မာ ၂၄ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ခိုးဝင်ရန်ကြိုးစားသည့် မြန်မာနိုင်ငံသား ၂၄ ဦးကိုဇွန် ၁၆ ရက် နံနက် ၅ နာရီခွဲက ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာ နိုင်ငံသားများ တင်ဆောင်လာသည့် ကားတစ်စီးဝင်ရောက်လာကြောင်း သတင်းအရကန်ချနဘူရီခရိုင် ထောင်ဖာနှုန်မြို့နယ် ကဒင်ကရဝီယန်ကျေးရွာအနီးတွင် အသင့်စောင့်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင်အမျိုးသား ၂၂ ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး ၎င်းတို့သည်တရားမဝင်နယ်စပ် ဖြတ်ကျော်၍ ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်အလုပ် လုပ်ကိုင်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူများအား ထောင်ဖာမှုန် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - Thainews

image
10 w - Translate

Carl's Date (2023)

အညွှန်း* 🔽🔽🔽

အားလုံးရင်ထဲစွဲနေတဲ့ ကာတွန်းကားလေးတစ်ကားဖြစ်တဲ့ Up (2009) ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ယခုဇာတ်လမ်းတိုလေးကတော့ အဲ့ Up ဇာတ်ကားအပြီး Carl နဲ့ ခွေးလေး Dug တိုတူတူနေကြတဲ့အချိန်ကိုဇာတ်လမ်းတည်ထားတာပါ။ Carl တစ်ယောက်ကို မိုင်ယာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဒိတ်ဖိုခေါ်တဲ့အခါ Carl ရဲ့ ဂယက်တွေနဲ့ ခွေးလေးရဲ့ပံ့ပိုးမှုတွေကို ပေါ့ပေါ့ပါးပါးလေးမြင်ရမှာပါ။ ထပ်တိုးပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ အတိတ်မှာပဲ ပိတ်မိနေရင် ရှင်ရက်နဲ့သေနေသလိုပါပဲတဲ့။ ဒါ့ကြောင့် ကျွန်တော်တိုတွေဟာ ဆက်လက်ရှင်သန်ဖိုအတွက် အတိတ်ကနေရုန်းထွက် move on နိုင်ကြရမှာပါ။ ချစ်ရသူအယ်လီကိုလွမ်းဆွတ်ရင်း အမြဲ ဝမ်းနည်းနေတတ်တဲ့ Carl တစ်ယောက် အတိတ်မှာပဲပိတ်မိနေမှာလား ရှေ့ဆက်လျှောက်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/273
https://t.me/Bhone2312/273

image
10 w - Translate

DC League of Super Pets (2022)

အညွှန်း* 🔽🔽🔽


ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/275
https://t.me/Bhone2312/275

image