လာဘ်ပွင့် အိမ်အေးအောင် ဒါတွေလုပ်ပါ။ ☸
********************************
၁။ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး
အမြဲကပ်ပါ။
ဘုရားပန်း မနွမ်းပါစေနဲ့။
ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။
သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။
၂။ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ်တို့ကို
အမျှဝေပါ။
အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော
နတ်မြတ်နတ်ကောင်းများ
မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို
မေတ္တာပို့ အမျှဝေပါ။
၃။အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင်
ပရိတ်ရွတ်ပါ။
ည (၁၂) နာရီနောက်ပိုင်းသည်
နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်
ကြည့်ရှုချိန်ဖြစ်၍
ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင်
ပို၍ ဆုတောင်းပြည့်စေပါတယ်။
၄။အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။
တချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ
ရှိပါတယ်။
ပုလင်းကွဲတွေ
ဒန်အိုးပေါက်တွေ
အဝတ်အစားစုတ်တွေ
ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။
အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။
၅။အိမ်ကို တံမြက်စည်းလှဲပါ။
တံမြက်စည်း လှဲတဲ့အခါ…
နံနက်လှဲလျှင်
အိမ်ရှေ့မှ အိမ်နောက်သို့ လှဲပါ။
ညနေနှင့်ညဘက် လှဲလျှင်
အိမ်နောက်မှ အိမ်ရှေ့သို့ လှဲပါ။
၆။ မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့။
မကုန်မီ ကြိုတင်၍ ဝယ်ပါ။
၇။ အိမ်ရှိ လှေကားများ ကျိုးပျက်နေသည်ကို ပြုပြင်ပါ။
လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေ
သလို
မကောင်းသော အန္တရာယ်များကိုလည်း ဖိတ်ခေါ်ရာ
ရောက်ပါတယ်။
#မေတ္တာဖြင့်#credit

image

တောဇီဖြူပင်က ကျောက်ကပ်၊ သည်းခြေအိတ်မှာရှိတဲ့ ကျောက်တ၊ည်တာတွေကို ချေဖျက်ပေးနိုင်ပြီး ဆီးရွှင်စေတာ၊ ရောင်ရမ်းတာကို လျှော့ချပေးတာနဲ့ အသည်းကို အားကောင်းစေတာတို့အတွက် အထောက်အကူပြုပါတယ်။
​တောဇီဖြူပင် တစ်ဆုပ်စာကို ရေ ၁ လီတာနဲ့ ၁၀-၁၅ မိနစ်ခန့် ပြုတ်ပြီး တစ်နေ့ကို တစ်ဖန်ခွက်-နှစ်ဖန်ခွက် သောက်ပေးရင် ကျောက်တ၊ည်နိုင်ခြေကို လျှော့ချပေးပါတယ်။
​ဆီးပူ၊ ဆီးအောင့်ဖြစ်တဲ့အခါမျိုးမှာလည်း ပြုတ်သောက်နိုင်ပါတယ်။

image

ကာရာဘောင်းဖလားပွဲစဥ်တွင် လီဗာပူးလ်အသင်းအတွက် ဂိုးစတင်သွင်းယူပေးခဲ့သည့် အီဆတ်

Credit Photo

#sbdsports

image

ကြက်သားနှမ်းကပ်ကြော်နည်း
ကြော်နည်းပုံမှာကြည့်ပါရှင့်

image

ကြက်သားနှမ်းကပ်ကြော်နည်း
ကြော်နည်းပုံမှာကြည့်ပါရှင့်

image

ကြက်သားနှမ်းကပ်ကြော်နည်း
ကြော်နည်းပုံမှာကြည့်ပါရှင့်

imageimage

image
23 w - Translate

ပင်လယ်ဖျံနှစ်ကောင် ရေမျက်နှာပြင်ပေါ်မှာ လက်ချင်းချိတ်ပြီး မျောနေတာကို ဘယ်တော့မှ မမြင်ဖူးဘူးမလား။
ပင်လယ်ဖျံတွေဟာ သူတို့ရဲ့ ကျောပေါ်မှာ လှဲလျောင်းပြီး အိပ်လေ့ရှိကြပြီး အချင်းချင်းအတူရှိဖို့က အရေးကြီးပါတယ်။
ပင်လယ်ရေဟာ အမြဲတမ်း ရွေ့လျားနေတာကြောင့် ရေစီးနည်းနည်းလေးနဲ့တောင် သူတို့ရဲ့ အဖော်တွေ ဒါမှမဟုတ် အုပ်စုတစ်ခုလုံးကို ကွဲကွာသွားစေနိုင်ပါတယ်။ လက်ချင်းချိတ်ထားခြင်းအားဖြင့် အတွဲတွေဟာ နီးကပ်စွာရှိနေပြီး အတူတူနိုးလာကာ လမ်းကြောင်းအတူတူ မျောပါသွားနိုင်ပါတယ်။
ဒါကတော့ ပိုပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခုပါ။ သဘာဝတောထဲမှာ လက်ချင်းချိတ်တာဟာ ချစ်စရာကောင်းပေမယ့် ရှားပါတယ်။ ဖျံတွေ အများဆုံးလုပ်တာကတော့ အုပ်စုလိုက်နေပြီး ရေညှိပင်တွေ၊ ပင်လယ်မြက်ပင်တွေနဲ့ သူတို့ကိုယ်သူတို့ ရစ်ပတ်ထားကြတာပါပဲ။ ဒါမှ အဲဒီအပင်တွေက သူတို့အတွက် ပျော့ပျောင်းတဲ့ ကျောက်ဆူးလိုမျိုး အလုပ်လုပ်ပေးပါတယ်။ မိခင်တွေဟာ မကြာခဏဆိုသလို သူတို့ရဲ့ သားငယ်လေးတွေကို လက်နဲ့ထိန်းထားတတ်ပြီး သို့မဟုတ် သားငယ်လေးကို ရင်ဘတ်ပေါ်မှာတင်ထားတတ်ပါတယ်။ ပြီးတော့ အစာရှာဖို့ ရေထဲကို ခဏလေးငုပ်မဝင်ခင်မှာ သူတို့နှစ်ယောက်လုံးကို ရေညှိပင်တွေထဲမှာ လုံခြုံအောင် ထားတတ်ကြပါတယ်။
အကယ်၍ အမွေးပွအလုံးလိုက်ကြီးတွေ မျောပါနေတာကို မြင်ဖူးတယ်ဆိုရင် ဒါဟာလည်း အုပ်စုလိုက် နေထိုင်တာပဲဖြစ်ပါတယ်။ သုတေသီတွေက ဖျံရာနဲ့ချီပြီး တစ်ခါတစ်ရံမှာ တစ်နေရာတည်းမှာ တစ်ထောင်ကျော်လောက်ရှိတဲ့ အုပ်စုတွေကို မှတ်တမ်းတင်ထားဖူးပါတယ်။ ပါတီပွဲတစ်ခုလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဘေးကင်းဖို့၊ နွေးထွေးဖို့နဲ့ လူမှုအသိုင်းအဝိုင်းကို လက်လှမ်းမီနိုင်အောင် ထိန်းထားဖို့ပါပဲ။
ဒါကြောင့် လက်ချင်းချိတ်တာမျိုးကတော့ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် ရင်းနှီးတဲ့အဖော်တွေ သို့မဟုတ် မိခင်နဲ့ သားငယ်လေးတွေမှာပါ။ ဒါပေမဲ့ ရေညှိပင်နဲ့ အုပ်စုဖွဲ့နေထိုင်တာကတော့ နေ့စဉ်သုံး ကိရိယာတွေပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပန်းတိုင်တစ်ခုကတော့ အတူတူရှိနေဖို့၊ ကောင်းမွန်စွာအနားယူဖို့နဲ့ နောက်ထပ်အမဲလိုက်ဖို့အတွက် အသင့်ဖြစ်နေစေဖို့ပါပဲ။

image

ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို လူသတ်ရန်ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဟု ထိုင်းရဲတပ်ဖွဲ့ပြောဆို

စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်၌ စက်တင်ဘာလ ၁၆ ရက်၊ ညပိုင်းက ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ် နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့ကို လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း ချင်းမိုင်သတင်းဖော်ပြမှုအရ သိရသည်။

အလားတူ ကျန်ပါဝင်သူများကိုလည်း ဝိုင်းဝန်းတိုက်ခိုက်မှု၊ ဓားပြအဖွဲ့အဖြစ် စုဝေးမှု၊ လက်နက်များ ကိုင်ဆောင်မှုများဖြင့် စွဲချက်တင် အရေးယူမည်ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ (၅) မှ ကော်မရှင်နာချုပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းတွင် ဆိုင်ကယ်အစီး ၂၀ နှင့် လူ ၃၀ ခန့်ပါဝင်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့အပါအဝင် မြန်မာနှင့်ရှမ်းလူငယ် အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၁၂ ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရန် ခြေရာခံနေကြောင်း ချင်းမိုင်သတင်းက ဖော်ပြသည်။

ယင်း ၉၉၉ ဂိုဏ်းဝင် ရှမ်းနှင့်မြန်မာလူငယ်များသည် ချင်းမိုင်နှင့် ဘန်ကောက်တို့တွင် နေထိုင်ကြကာ အလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြပြီး Line မှတဆင့် အုပ်စုဖွဲ့ ဆက်သွယ်၍ ပြစ်မှုများကျူးလွန်းခြင်းဖြစ်သည်ဟု ပေါ်ပေါက်ခဲ့သလို အဖွဲ့ဝင်အများစုသည် အနက်ရောင် သို့မဟုတ် ဟူဒီအင်္ကျီများ ဝတ်ဆင်ကြကြောင်းလည်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

Java sparrow ( ဂျာဗားစာကလေး)
" ဦးခေါင်း ဆိုတာ ငုံ့ခံနေဖို့ မဟုတ်ဘူး။ ငုံ့ နေဖို့ မဟုတ်ဘူး။ ဦးခေါင်းဆိုတာ စဥ်းစားတွေးခေါ် တတ်ဖို့ ၊ အမှန် အမှား ၊ ဓမ္မ အဓမ္မ ကို ဝေဖန်ပိုင်းခြားတတ်ဖို့.... မျှော်လင့်ချက် ခိုင်ခိုင်ထားပြီး ယုံကြည်ရာ အရောက်လှမ်းနိုင်ဖို့...
ငါတို့..
ဦးခေါင်း ကို မော့ ထားကြဆို့ ။

image