🥲

image

So Cute

36 ပတ် - ဘာသာပြန်ပါ။

ဒေါက်တာ အမန်ဒါဟက်စ် (Dr. Amanda Hess) ဟာ အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် (Kentucky) မှာရှိတဲ့ Frankfort Regional Medical Center ဆေးရုံမှာ သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦး ဖြစ်ပါတယ် ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ သူမဟာ ဒုတိယမြောက်ရင်သွေးကို မွေးဖွားဖို့အတွက် ဆေးရုံတက်ရောက်နေခဲ့ပါတယ်
ဒေါက်တာဟက်စ်ဟာ သူမ မီးဖွားဖို့အတွက် ပြင်ဆင်နေပြီး ဆေးရုံလူနာဝတ်စုံကို ဝတ်ဆင်ထားပါတယ် အဲ့ဒီအချိန် ဆေးရုံမှာ တခြားမီးဖွားတော့မဲ့ အမျိုးသမီးလူနာတစ်ဦးရဲ့ ကလေးဟာ နှလုံးခုန်နှုန်းအန္တရာယ်ရှိတဲ့အဆင့်ရှိနေတဲ့အတွက်ချက်ချင်း မွေးထုတ်ဖို့ လိုအပ်နေတယ်ဆိုတာကို သူနာပြုတွေပြောစကားကနေ သူမဟာ ကြားခဲ့ရပါတယ် တာဝန်ကျ ဆရာဝန်ကလည်း ဆေးရုံမှာ မရှိသေးတဲ့ အချိန်ဖြစ်နေပါတယ်
ဒါကြောင့် ကလေးရဲ့ အသက်အန္တရာယ်ကို သိလိုက်ရတဲ့ ဒေါက်တာဟက်စ်ဟာ သူမကိုယ်တိုင် မီးဖွားခါနီးအချိန်ဖြစ်ပေမယ့် တစ်စက္ကန့်လေးတောင် မဆိုင်းဘဲ သူမကိုယ်တိုင်မွေးဖွားပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်
သူမဟာ ဝတ်ဆင်ထားတဲ့ လူနာဝတ်စုံအပေါ်ကနေ နောက်ထပ် ခွဲစိတ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပြီး ကလေးမွေးဖွားခန်းကို ဝင်သွားခဲ့ပါတယ် အဲ့လိုနဲ့ ဒေါက်တာဟက်စ်ဟာ သူမကိုယ်တိုင်မီးဖွားတော့မဲ့ ဆဲဆဲမှာ ဆရာဝန်တစ်ယောက်ရဲ့ ဝတ္တရားအရ ကျန်းမာသန်စွမ်းတဲ့ သမီးလေးတစ်ဦးကို မွေးဖွားပေးခဲ့ပါတယ်
လူနာရဲ့ကလေးကို မွေးဖွားပေးပြီးနောက် တာဝန်ကျ ဆရာဝန်လည်း ရောက်ရှိလာတဲ့အတွက် ကျန်တာဝန်များကို လွှဲပြောင်းပေးခဲ့ပြီး ဒေါက်တာဟက်စ်ဟာ သူမရဲ့ အခန်းကို ပြန်သွားခဲ့ပါတယ် သူမဟာ လူနာရဲ့ကလေးကို မွေးဖွားပေးပြီး ၁၂ နာရီခန့် အကြာမှာ သမီးလေးတစ်ဦးကို အောင်မြင်စွာဖွားမြင်နိုင်ခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ ဒေါက်တာဟက်စ်ရဲ့ စေတနာ နဲ့ ကျင့်ဝတ်သိက္ခာကို ပြသခဲ့ပါတယ် သူမဟာ သူမရဲ့ကိုယ်ရေးကိုယ်တာ အရေးကိစ္စထက်လူနာရဲ့ အသက်ကို ဦးစားပေးခဲ့တဲ့ စစ်မှန်တဲ့ ဆရာဝန်စိတ်ဓာတ်ကို ဖော်ပြခဲ့ပြီး အဲ့ဒီအချိန်မှစ ကမ္ဘာတစ်ဝှမ်းမှာလေးစားချီးကျူးခံရတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
36 ပတ် - ဘာသာပြန်ပါ။

မာရဝိဇယ ရုပ်ပွားတော်

image
36 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင် အမေရိကန်ဆေးရုံတွင် မွေးဖွားခဲ့သည့် သုံးမွှာပူးကလေးငယ်နှင့် မိခင်ကျန်းမာလျက်ရှိ
မော်လမြိုင်မြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံ (အမေရိကန်ဆေးရုံ) တွင် သားယောင်္ကျားလေး (၃)မွှာပူး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးငယ်များ ကျန်းမာလျက်ရှိကြောင်း အဆိုပါ ဆေးရုံကြီထံမှ သိရသည်။
မိဘများမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံများဖြစ်ပြီးလက်ရှိတွင် ကလေးငယ်များအား မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိထားကြောင်းသိရသည်။
အဆိုပါ သုံးမွှာပူးကလေးငယ်များကို စက်တင်ဘာ (၃၀)ရ က်က မွေးဖွားခဲ့ခြင်းဖြစ်ကာ ယနေ့ဆိုလျှင် (၄)ရက်သား ရှိပြီဖြစ်ကြောင်း သိရသည်။
ကလေးများနှင့် မိခင်ကို ဆေးရုံစီမံခန့်ခွဲမှု‌ကော်မတီဝင်များက လိုအပ်သော ပစ္စည်းများထောက်ပံ့ပေးထားပြီး မွေးစာ ရင်းကို တစ်ပါတည်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

image

👍👍Here are the benefits of Standing Forward Bend (Uttanasana) 💐💐
• 🪷Stretches hamstrings, calves, and hips
• 🪷Relieves stress and calms the mind
• 🪷Improves blood circulation to the brain
•🪷 Helps in digestion
• 🪷Reduces fatigue and anxiety
• 🪷Strengthens thighs and knees
• 🪷Improves spine flexibility

Credit

image
36 ပတ် - ဘာသာပြန်ပါ။

သွားချင်ရာ သွားလို့ ရတဲ့အရွယ်မှာ

အိမ်ကိုပဲ ပြန်ချင်လာတယ်

လုပ်ချင်ရာ လုပ်လို့ ရတဲ့အရွယ်မှာ

အမေ့စကားတွေပဲ နားထောင်ဖြစ်လာတယ်

ကမ္ဘာက တစ်ကယ်လည်နေတာ ကိုယ့်လူ

ဒီနေ့ ဝမ်းနည်းရရင် မနက်ဖြန် ပျော်ရမှာပါ။

-အောင်သူမိုး

36 ပတ် - ဘာသာပြန်ပါ။

ကြေးအိုးလေးစားကြပါဦးလို့😁😁

image

မိမိ သူငယ်ချင်း ချစ် မိ သွာ:သောအခါ :

36 ပတ် - ဘာသာပြန်ပါ။

ကလေးကိုသန်ချပေးခြင်း
အမေးများတဲ့ သန်ချခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းပါ။
💠ကလေးမှာ သန်ကောင်တွေရှိနေရင် ဘာဆိုးကျိုးတွေဖြစ်စေမလဲ?
သန်ရှိခြင်းဟာ ကလေးငယ်ကို အာဟာရချို့တဲ့စေပါတယ်။ သန်ကောင်တွေဟာ အာဟာရကိုစုပ်ယူတဲ့အတွက် Host ဖြစ်သူ ကလေးငယ်မှာ လိုအပ်တဲ့အာဟာရတွေမရတော့ဘဲ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့ခြင်းများ ဖြစ်စေတတ်ပါတယ်။ ကလေးမကြာခဏဖျားခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းစသည်တို့ကိုပါဖြစ်စေပါတယ်။
💠သန်ရှိနေရင် ဘယ်လိုရောဂါလက္ခဏာတွေပြနိုင်သလဲ?
သေးငယ်တဲ့သန်ကောင်ပဲဖြစ်ပါစေ သန်ကောင်မှန်ရင် ကလေးငယ်ကို နာကျင်စေ၊ ဖျားနာစေပါတယ်။ သန်ရှိနေတဲ့ကလေးဟာ အာဟာရချို့တဲ့မှု (malnutrition) ဖြစ်နိုင်ခြေအလွန်များပါတယ်။
သန်ရှိနေရင်ပြသတဲ့ရောဂါလက္ခဏာတွေကတော့
-မောပန်းလွယ်ခြင်း၊ နုံးခွေခြင်း
-ဗိုက်နာခြင်း
-ဝမ်းဗိုက်တင်းနေခြင်း
-ဝမ်းဗိုက်ထဲတွင်မအီမသာဖြစ်ခြင်းကြောင့် ကလေးအီခြင်း
-မကြာခဏဖျားနာတတ်ခြင်း
-စအိုတစ်ဝိုက်ယားယံခြင်း
-ဝမ်းထဲတွင် သန်ကောင်များပါလာခြင်း
-ဝမ်းပျက်ခြင်း
-အင်ပျဉ်ထခြင်း
-အလေးချိန်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း
-သန်ကောင်များကြောင့် အာဟာရစုပ်ယူမှုမရှိဘဲ အာဟာရချို့တဲ့ပြီး ဗိုက်ပူနံကားကလေးငယ်များဖြစ်လာခြင်း စသည်တို့ပဲဖြစ်ပါတယ်။
💠သန်ရောဂါမှာနောက်ဆက်တွဲဆိုးကျိုးတွေရှိလား?
▪️သန်ကောင်များကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေးထွက်သွေးယိုပြီး သံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။
▪️အူယောင်ပြီး အူပိတ်နိုင်ပါတယ်။
▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။
▪️သည်းခြေပြွန်ပိတ်ဆို့ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ်။
▪️သရက်ရွက်ရောင်နိုင်ပါတယ်။
▪️ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းနိုင်ပါတယ်။
▪️ကလေးကကိုယ်အလေးချိန်တက်မလာပါဘူး။ ▪️လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ကိုယ်ခန္ဓာက မစုပ်ယူနိုင်၊ အသုံးမချနိုင်တော့ပါဘူး။

မောင်(ဆေး-၁)
@Dr.မာမီ

image