ဘဝရှေ့ရေးကိုပဲ အာရုံစိုက်နေရတာက လက်ရှိဘဝပြည့်စုံမှ နောင်ရေးအေး ရမယ်ဆိုပေမဲ့ဗျ။ အနာဂတ်ကိုပဲ အာရုံစိုက်တာများသွားရင် လက်ရှိဘဝကို ဘယ်လောက် ပဲ ပြည့်စုံအောင် လုပ်နေပါစေ နောင်ရောအခုပါ စိတ်ချမ်းသာခွင့် မရတော့ဘဲ စိတ်မောလူ မောဖြစ်နေရရော။
နောင်ရေးအေးဖို့အရေး ဘဝအစီအစဉ်တွေ၊ အရင်းအနှီးတွေစသဖြင့် စု ထားဆောင်းထားရမှာတွေရော စုံနေတာပါပဲ လုပ်စရာက အများကြီးပါ။ ဒါပေမဲ့ အခုကို အာရုံစိုက်ပြီး အကောင်းဆုံး လုပ်နေမှသာ နောင်ဆိုတာကလည်း စိတ်ချရမှာဆိုတော့ ဘာ ပဲလုပ်လုပ် အခုအတွက်လုပ်ပြီးနောင်ရေးအတွက် စုတာက အကောင်းဆုံးနေနည်းဖြစ်ပါ တယ်။
ဘယ်သူမဆို အစစအရာရာ အဆင်ပြေနေတဲ့ ဘဝကောင်းမျိုးလိုချင်ကြမှာပါ၊ သက်ရှည်ကျန်းမာစိတ်ချမ်းသာတဲ့ဘဝထက် ပိုကောင်းတာမရှိပါဘူး။ ဒါပေမဲ့ အချိန်က အင်မတန် တိုတောင်းပြီး ကုန်မြန်ပါတယ်။ လက်ရှိခဏကို တန်ဖိုးမထားနိုင်ဘဲ အတိတ် ကြောင့် ရှေ့မဆက်နိုင် အနာဂတ်ကိုပဲ မဲပြီး အလုပ်ကြိုးစားနေရင် တကယ်လို့ အကြောင်း တိုက်ဆိုင်စွာနဲ့ သေမင်းက ရောက်လာတော့မှ ခဏနေပါဦး လုပ်လို့ မရပါဘူး။
ဒါကြောင့် ဒီနေ့အတွက် ရှင်သန်ပါ ။ နက်ဖြန်အတွက် ကြိုးစားပါ ။ အတိတ်ကနေ သင်ခန်းစာယူပါဆိုတဲ့ ဓမ္မဆရာတွေရဲ့ အဆုံးအမအတိုင်း နေနိုင်အောင် ကြိုးစားသင့်ပါတယ် ။
ဘဝက တိုတောင်းပါတယ် ။ အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။ ဘယ်သူမှ အနာဂတ် ရလဒ်ကို ကြိုမမြင်ပါဘူး ။ ကောင်းသောရှင်သန်ခြင်း နဲ့ ရှေ့ဆက်နိုင်ဖို့ဆိုရင် အခုတင်ခဏ ဒီအခိုက်အတန့်တိုင်းကို တန်ဖိုးရှိရှိ အသုံးချပြီး အပြည့်အဝ ခံစားတတ်ဖို့ လိုပါတယ် ။
#လူသာ

image