36 w - Translate

ရေကြီးပြီး တံတားကျိုးလို့ ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းပိတ်
အောက်တိုဘာ ၃၊ ၂၀၂၅
GG (VOM)
ကြက်မောက်တောင်ဆည် ရေလျှံမှုကြောင်မန္တလေးတိုင်း ကျောက်ပန်းတောင်း - မိတ္ထီလာမြို့ကားလမ်းပေါ်က တံတားတစင်းရေတိုက်စားပျက်စီးသွားတာကြောင့် ကျောက်ပန်းတောင်း - မိတ္ထီလာလမ်း ပိတ်နေတယ်လို့သိရပါတယ်။
ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းပေါ်က စည်ပင်သာရွာနဲ့ ကိုင်းရွာကြားက တံတားပျက်စီးသွားတာဖြစ်ကြောင်း လတ်တလောမှာ ကား ၊ဆိုင်ကယ် အားလုံးဖြတ်သန်းသွားလာရမရဘူးလို့သိရပါတယ်။
" တံတားကရေတိုက်စားပြီး ကျိုးကျပျက်စီးသွားတော့ လမ်းပိတ်နေတာပါ။တံတားကတော့ အသေးပါ။ မိတ္ထီလာကနေ ကျောက်ပန်းတောင်းကိုသွားမယ်ဆိုရင် ရှောင်ကွင်းလမ်းကနေသွားလို့တော့ရပေမယ့် ခုရက်ကတော့သိပ်အဆင်မပြေဘူး။အဲဒီဘက်တွေလည်းရေကျော်တာရှိတယ်။ရှောင်ကွင်းလမ်းက ရွာတွေဘက်ကသွားရမှာပေါ့။အမြန်လမ်းဘက်ကလည်းရတယ်။ ခရီးတော့ရှည်တာပေါ့။" လို့ ကျောက်ပန်းတောင်း ဒေသခံကပြောပါတယ်။
မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်း သွားလာခွင့်မရတဲ့အတွက် ရှောင်ကွင်းလမ်းအဖြစ် ကျေးရွာဘက်ကနေသွားလို့ရပြီး အောက်ပိုင်းကားအမြင့်ပိုင်းတွေသာသွားလို့ရပြီး ခရီးသည်တင်Express ကားတွေသွားလာဖို့အဆင်မပြေဘူးလို့သိရပါတယ်။
ဒါကြောင့် ပုဂံကို သွားဖို့စီစဥ်ထားသူတွေအနေနဲ့ မိတ္ထီလာကိုမဝင်တော့ဘဲ အမြန်လမ်း မိုင်တိုင် ၂၂၀ ကနေ တောင်ညိုလမ်းခွဲ - ကံပြားလမ်းဆုံ - ရေနံချောင်း - ကျောက်ပန်းတောင်း - ပုဂံလမ်းပိုင်းကို အသုံးပြုလို့ရကြောင်း ဒေသခံကပြောပါတယ်။
မနက်ဖန် အောက်တိုဘာ ၄ ရက်ကစပြီး သီတင်းကျွတ်ကာလရုံးပိတ်ရက်ရောက်ပြီဖြစ်လို့ ခရီးသွားမယ့်သူတွေရှိနေသလို ပုဂံကိုလာရောက်ဖို့စီစဥ်ထားသူတွေလည်းရှိနေတာကြောင့် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူတွေကတော့ ပျက်စီးသွားတဲ့တံတားနေရာကို ယာယီသွားလာနိုင်ဖို့ လုပ်နေတယ်လို့သိရပါတယ်။
" တံတား ကိုအခုပြန်ပြင်နေကြတယ်။ကားတွေယာယီဖြတ်လို့ရအောင်လုပ်နေကြတယ်။အမြန်ဆုံးခုည ၊ နောက်အကျဆုံးမနက်ဖြန်ဖြတ်လို့ရဖို့များပါတယ်။" လို့ မြေပြင်ကူညီရေးဆောင်ရွက်နေသူကပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်ကလည်း ကျောက်ပန်းတောင်း မြို့နယ်ထဲက ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ ရေလျှံကျခဲ့လို့ မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းမှာ ရေကျော်ပြီး လမ်းပိုင်း ယာယီပိတ်ခဲ့ရပါတယ်။
ကြက်မောက်တောင်ဆည်က ဆည်စတင်တည်ဆောက်ပြီးချိန်ကတည်းက ယခုတကြိမ်သာ ဆည်ရေပြည်ပြီးလျှံကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ကိုသက်ဝင်း

image

◾️အစိုးရလုပ်ငန်းများရပ်နားထားမှုတွင် ဒီမိုကရက်အေ ဂျင်စီများအား ဖြတ်တောက်သွားမည်ဟု ထရန့် ခြိမ်း ခြောက်
အစိုးရလုပ်ငန်းများရပ်နားထားရမှု ဒုတိယနေ့ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် မည်သည့် ဒီမိုကရက် အေ ဂျင်စီများအား ဖြတ်တောက်သွားရမည် ဆိုသည်ကို ဆုံးဖြတ်ရန် ၎င်း၏ ဘဏ္ဍာ‌ ရေးညွှန် ကြား‌ရေးမှုးရပ်ဆဲလ်ဗောက်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားသည်။
“အစွန်းရောက်လက်ဝဲဒီမိုကရက်တွေက မကြုံစဖူးအခွင့် အရေးပေးလိုက်တာကို ကျွန်တော် မယုံ နိုင် ဘူး ဖြစ်နေတယ်။” ဟု ထရန့်က လူမှုမီဒီယာပေါ်တွင်ရေးသားသည်။
ပါတီနှစ်ရပ်ကြား လွှတ်တော်တွင် လိပ်ခဲတည်းလည်းဖြစ်ခဲ့ပြီးနောက် ဗုဒ္ဒဟူးနေ့က စတင်ခဲ့သည့် အစိုးရ ရပ်ဆိုင်းမှုအ တွင်း ဒီမိုကရက်ယိမ်းသောပြည်နယ်များအတွက် အချို့သော ရန်ပုံငွေများကို ထရန့်က ဆိုင်းငံ့ ထားပြီးဖြစ်ကာ ဖက်ဒရယ်အစိုးရဝန်ထမ်းများကို ထပ်မံထုတ်ပယ်သွားနိုင်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။
ယခုနှစ်ကုန်တွင် ဖက်ဒရယ်အစိုးရဝန်ထမ်း သုံးသိန်းအား အနားပေးမည့်အစီအစဉ်ကိုလည်း ထရန့် က ဖော်ဆောင် ထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သမ္မတထရန့် က ဝန်ထမ်းထောင်ပေါင်းများစွာကို ထုတ် ပယ်သွားနိုင်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ ကယ်ရို လင်းလီဗစ် က အသေးစိတ်မဖော်ပြပဲပြောသည်။
ယင်းသို့ ထုတ်ပယ်ခြင်းများ ဖြစ်ပေါ်မလာစေရန် ဖက်ဒရယ် အစိုးရဝန်ထမ်းသမဂ္ဂအများအပြားက တရားစွဲမှုများ လုပ်ဆောင်ထားသော်လည်း ဖက်ဒရယ်တရားရုံးများက ထုတ်ပယ်မှုများကို ခွင့်ပြုထားကြောင်း သိရသည်။
လွှတ်တော် ဘဏ္ဍာငွေခွဲဝေမှုကော်မတီ မှ ထိပ်တန်းဒီမိုကရက်အမတ်ဖြစ်သူ ပက်တီမာရေးကမူ ဖက်ဒရယ်ဝန် ထမ်းများ ထပ်မံထုတ်ပယ်ရန် လုပ်ဆောင်ခြင်းမှာ လိပ် ခဲတည်းလည်း အခြေအနေကို အဆုံးသတ်ရန် အထောက် အကူဖြစ်မည် မဟုတ်ကြောင်း ပြောကြားသည်။
“ လူအမြောက်အမြားကို သမ္မတက ထုတ်ပယ်ခဲ့ရင် ဒါဟာ အစိုးရရပ်ဆိုင်းမှုကြောင့် မဟုတ်ဘဲ ထုတ်ပယ်ဖို့ကို သူဆုံးဖြတ်လိုက်တာကြောင့် ဖြစ်ပါလိမ့်မယ်။ လူတွေက အပေးအယူ တန်ဆာပလာတွေ မဟုတ်ပါဘူး။ ဖက်ဒရယ်လုပ်သားတွေကို စစ်တုရင် နယ်ရုပ်လေးတွေလို သမ္မတက သဘောထားနေတာ စိတ်ပျက်ဖို့ ကောင်းပါတယ်။” ဟု အထက်လွှတ်‌တော်အမတ် မာရေးက လူမှုကွန်ရက်‌တွင် ရေးသားသည်။
၁၉၈၁ ခုနှစ်မှစ၍ (၁၅) ကြိမ်မြောက်ဖြစ်ပေါ်လာသော အမေရိကန်အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းမှုနှင့်အတူ အစိုးရဝန်ကြီးဌာနများအတွက် အသုံးစရိတ် ရန်ပုံငွေ ၁ ဒသမ ၇ ထရီလီယံ ဆိုင်းငံ့ခံထားရပြီး ဖက်ဒရယ်ဝန်ထမ်း နှစ်သန်းခန့်၏ လစာများလည်း ဆိုင်းငံ့ ခံထားရကြောင်း သိရသည်။
၎င်းတို့အနက် ၇၅၀၀၀၀ ခန့်သည် အလုပ်မလုပ်ကြရန် အမိန့်ထုတ်ခံထားရသော်လည်း လက်နက်ကိုင် တပ် ဖွဲ့များနှင့် နယ်စပ် ကင်းလှည့် တပ်ဖွဲ့များမှာမူ လစာ မရလည်း အလုပ်လုပ်နေကြရသည်။
အစိုးရလုပ်ငန်းများ ရပ်ဆိုင်းနေမှုနှင့်ပတ်သက်၍ ထရန့်၏ အပေါင်းပါ ရီပတ်ဘလီကန်များကမူ ယခုအချိန်အထိ စိုးရိမ်မှု မပြသကြဘဲ အစိုးရဘဏ္ဍာ‌ငွေ ခွင့်ပြုပေးရမည့်တာဝန်ကို လွှတ်တော်က စွန့်လွှတ်ခဲ့ပါက ၎င်းတို့သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း အစိုးရအဖွဲ့က သုံးစွဲမှုများကို ဦးစားပေးသွားနိုင်ကြောင်း ပြောကြားကြသည်။
“လွှတ်တော်က ရန်ပုံငွေကို ရပ်တန့်လိုက်ချိန် ၊ ရန်ပုံငွေပြတ်လပ်သွားချိန်မှာ အဲဒီအရင်းအမြစ်တွေကို ဘယ်လိုသုံးစွဲသွားမလဲဆိုတာကို အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် နဲ့ သမ္မတ က ဆုံးဖြတ်သွားနိုင်ပါတယ်။” ဟု အောက် လွှတ် တော်ဥက္ကဌ ရီပက်ဘလေကန်အမတ် မိုက်ဂျွန်ဆင် က သ တင်းထောက်များအား ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image
36 w - Translate

◾️Academic Associate - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/25460

◾️Junior Accountant - Yangon
Company: SML Business Group Co.,Ltd
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/25459

◾️Operation Assistant (Urgent) - Yangon
Company: VTP Myanmar Co.,Ltd
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/25458

image

မှတ်မိသေးလား ၆တန်းတုန်းက ကဗျာလေး

image

ဝက်သားဆေးဘဲဥထမင်းကြော်
ပါဝင်ပစ္စည်းများ
• ဝက်သား - ၈၀ ဂရမ်
(အနေတော်လှီးပါ)
• ဆေးဘဲဥ - ၃ လုံး
( လေးစိတ်စိတ်ထားပါ)
• ထမင်းဖြူ - ၁ ပွဲ
• ကြက်ဥ - ၁ လုံး
(ဖောက်ပြီးမွှေထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တရုတ်မဆလာ - အနည်းငယ်
• ပဲငံပြာရည်အကြည် - အနည်းငယ်
• ပဲငံပြာရည်အနောက် - အနည်းငယ်
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - အနည်းငယ်
(ပါးပါးလှီးပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ
(ဓားပြားရိုက်ပါ)
• ခရမ်းချဉ်သီး - ၁ လုံး
( ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• သခွားသီး - အနည်းငယ်
(ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• ဆလတ်ရွက် - အနည်းငယ်
ပြုလုပ်နည်း
ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေး လာပြီဆိုရင် ဝက်သားထည့်ပြီး ဆီသတ်ပေးပါ။ ဝက်သား အနံ့မွှေးလာပြီဆိုရင် ကြက်ဥ ထည့်ပြီးမွှေပါ။ ထမင်း ထည့်ပါ။ အရသာအနေနဲ့ ဆား၊ ငရုတ်ကောင်း၊ တရုတ် မဆလာ၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ သကြားတို့ကို ထည့်ပေးပါ။ ပြီးလျှင် ဆေးဘဲဥ ထည့်ပါ။ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

image
36 w - Translate

◾️Warehouse Staff - Yangon
Company: RG Logistics Co., Ltd
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/25457

◾️Forklift Operator - Yangon
Company: RG Logistics Co., Ltd
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/25456

◾️Junior Academic Staff - Yangon
Company: Mahar Euphoria Education Centre
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/25455

image

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်

အောက်တိုဘာ ၃

ရခိုင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၂ ရက် (ယမန်နေ့)တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်သူအားလုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်စေရန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးပူးပေါင်းပါဝင်ပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီးနှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိတို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် လုံခြုံရေးဆောင်ရွက်မည့် အစီအမံများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ကိုကို: Telegramထဲ ခနဝင်ကြည့်မယ်နော်
Me:

image

ထိုင်းစတိုင် ဝက်သားကင်သုပ်
ဝက်သားကင်သုပ်သည် လတ်ဆတ်သော ဟင်းတစ်မျိုးဖြစ်သည်။ ဆန်လှော်မှုန့်နဲ့ ပူစီနံအပင်တွေရဲ့ မွှေးရနံ့က ဝက်သားကို မွှေးပြီးအရသာရှိတဲ့ အရသာအတွက် ဖြည့်စွမ်းပေးပါတယ်။ ကောက်ညှင်းပူပူနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ စားတာ အကောင်းဆုံးပါ။ 🥬🍚
🍴ပါဝင်ပစ္စည်းများ
1.ဝက်ဂုတ်သား
2.ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အသားနှပ်တဲ့အခါသုံးပါမယ်)
3.ငရုတ်သီးမှုန့် (အလှော်မှုန့် )စားပွဲတင်ဇွန်း ၃ဇွန်း
(အစပ်စားနိုင်သလောက်သာ ထည့်ပါ )
4.လတ်ဆတ်သော သံပုရာရည် ၂ ဇွန်း
5.ငါးငံပြာရည် ၂ ဇွန်း
6ဆန်လှော်မှုန့် ၁ ဇွန်း
7.ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၂ ဇွန်း
8.ပါးပါးလှီးထားသော ကြက်သွန်နီ ၁ ဇွန်း
9.လှီးထားသော ရှမ်းနံနံ
10သခွါးသီး (တွဲဖက်စားသုံးရန် မိမိစိတ်ကြိုက်အရွယ်များလှီးထာပါ )၊
11.Mint ပူစီနံရွက်
(ဝက်ဂုတ်သားကင်နည်း )
ဝက်သားကို အရသာအနေဖြင့် ဆား /အုန်းသကြား /ငရုတ်ကောင်း အနည်းငယ်ဖြင့် အရသာ နယ်ပြီး မိနစ် ၃၀ ခန့် အရသာ ဝင်စေရန် နှပ်ထားပါ အိုးထဲ ဆီထည့်အပူပေးကာ ကျက်သည်အထိ ဝက်သားကို တစ်ဖက်စီ လှည့်ကင်ပေးပါ ။
ကင်ထားသော အသားများကို အလယ်အလတ် မထူမပါး ဖြစ်အောင် လှီးဖြတ်ပေးထားပါ။
🍴အသုပ်သုပ်နည်း 🍴
အသုပ်ဇလုံထဲ ကင်ပြီး လှီးဖြတ်ထားသော အသားများထည့် ဆန်လှော်မှုန့် ကြက်သွန်နီ ကြက်သွန်မိတ် ငရုတ်သီးမှုန့် သံပုရာရည် ငါးငံပြာရည် ပူစီနံအရွက် များထည့်ပြီး သမအောင် မွှေပေးပါ။ ထိုနောက် ဝက်သားကင်သုပ်ကို ပန်ကန်ထဲ တည်းခင်းပါ
ကောက်ညှင်းပူပူနဲ့ ဂေါ်ဖီထုပ်၊ သခွားသီး ဆလပ်ရွက် ပဲတောင့်ရှည်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးရင် အရမ်းလိုက်ဖက်ပါတယ် ။ 🥬🍚

image

ဒီပုံတွေဟာ နိုင်ငံခြားမှာ မဟုတ်ပါဘူး မိတ်ဆွေ 💔
ဘန်ကောက်လည်းမဟုတ် နိုင်ငံခြားမြို့ကြီး တစ်မြို့မြို့ မှာလည်း မဟုတ်ဘဲ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် ၇ နှစ်လောက်က ရန်ကုန်မြို့ရဲ့ ညချမ်းတွေဖြစ်ပါတယ်
၂၀၁၆/၁၇/၁၈/၁၉ ကာလတွေက ရန်ကုန်မြို့ဟာ ညလုံးပေါက်ထွက် မနက်မိုးလင်းမှပြန်ခဲ့ရတဲ့အချိန်တွေကိုလည်းလွမ်းတယ်
၂၄ နာရီဆိုင် အလင်းဆိုင်တွေ အပြည့်နဲ့ ရန်ကုန်မြို့ရဲ့ night life ဆိုတာ သိပ်ပျော်စရာကောင်းခဲ့ဖူးတယ်❤️… 🇲🇲
မြန်မာပြည်ရဲ့အစည်ကားဆုံးရေကျော်ပွဲဈေးကိုလည်းလွမ်းတယ်❤️

image