23 ပတ် - ဘာသာပြန်ပါ။

🙏 ခန္တီစေတီ ပုတီးစိပ်နည်း 🙏
======================
စေတီပုံပါ အချက်အလက်များ
(၁) ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
(၂) ဓမ်မံ သရဏံ ဂစ်ဆာမိ
(၃) သံဃံ သရဏံ ဂစ်ဆာမိ
(၄) အရဟံ
(၅) သမ္မာ သမ္ဗုဒ္ဓေါ
(၆) ဝိဇ္ဇာ စရဏသမ္မန္နော
(၇) သုဂေတာ
(၈) လောကဝိဒူ
(၉) အနုတ္တရော ပုရိသ ဓမ္မ သာရထိ
(၁၀) သတ္ထာ ဒေဝ မနုဿနံ
(၁၁) ဗုဒ္ဓေါ
(၁၂) ဘဂဝါ
(၁၃) အနိစ္စ (ရုပ်နာမ် )
(၁၄) ဒုက္ခ (ရုပ်နာမ် )
(၁၅) အနတ္တ (ရုပ်နာမ် )
(၁၆) ပုဒိအာ အာဒိပု
အထက်ပါအချက် ၁ မှ ၁၆ သည် စေတီတော်ပုံပါ အချက်အလက်များ ဖြစ်ပါသည်။
(၁)သည် စေတီတော်၏ပလ္လင်တော်ဖြစ်၍ (၁၆) သည် စိန်ဖူးတော်ကို ကိုယ်စားပြုပါသည်။
စေတီတော်စတည်တော့မည်ဆိုလျှင် အောက်ခြေ ပလ္လင်တော် (၁) မှ စ၍ စိပ်ရမည်ဖြစ်ပါသည်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။ (၁၆) ဆင့်အထိ ရက်ပေါင်း (၁၆) ရက်တွင် စေတီတစ်ဆူပြီးပါသည်။ မိမိလိုချင်တဲ့ ဆုတစ်ခုသာတောင်းပေးရမှာဖြစ်ပါတယ်။
စေတီတော်သည် ၁၆ ဆင့်ရှိသည်။ တစ်ဆင့်လျင် (၁၀) ပတ် ၁၆ ဆင့်လျင် စုစုပေါင်း (၁၆၀) အပတ်ပေါင်းစိပ်ရပါမည်။ ၁၆၀ ပတ် ပြီးလျင် စေတီတစ်ဆူ တည်ပြီး မည်ဖြစ်သည်။
စေတီအဆူပေါင်း မိမိအသက်နှင့်အမျှ သက်စေစိပ်ပြီးလျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးသည်မည်၏။
၎င်းပုတီးစိတ်နည်းကို ပလ္လင်တော်အောက်ခြေမှ အဆင့်(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စ၍စိပ်ပေးရပါမယ်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။
၎င်း ပုတီးစိတ်နည်းသည် ရတနာသုံးပါး၊ ဂုဏ်တော်ကိုးပါး၊ လက္ခဏာသုံးပါး၊ ဉာဏ်တော်စဉ်သုံးပါး တည်းဟူသော သမထ ဝိပဿနာနှစ်ဖြာတို့ကိုပေါင်း၍ ပွားများစိတ်ရခြင်းကြောင့် အသက်ရှည် ကျန်းမာခြင်း၊ သွေးသားစင်ကြယ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း အစရှိသော အကျိုးတရာများကို ရှိစေပါသည်။
စေတီ ၁၀၈ ဆူ တည်နိုင်လျှင် ထွက်ရပ်ပေါက်များနှင့် တွေ့ဆုံရတတ်သည်။ ဤနည်းကို သမာဓိတည် ယုံကြည်စွာ စိပ်ပါ လက်တွေ့အကျိုးပေးပါမည်။
တစ်ဆူတည်ပီးတိုင်ဘုရားအနေကဇာတင်ပေးပါကပိုပီးကုသိုလ်ထူးပါမည်။
မိမိ နှလုံးသားမှာ စေတီတည်ပါ

image
23 ပတ် - ဘာသာပြန်ပါ။

ဒူးဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီးနောက် ၅ လကြာ အနားယူရတော့ ဘာစီလိုနာရဲ့ ဂါဗီ

စက်တင်ဘာ ၂၄

ဘာစီလိုနာက ကွင်းလယ်ကစားသမားဂါဗီမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် ၅ လအထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

အသက် ၂၁ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတုန်းကလည်း ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်နီးပါး နားခဲ့ရဖူးပါတယ်။

ယခုအခါ သူဟာ ဒူးဒဏ်ရာမှာ အစောပိုင်းတုန်းက ထင်မှတ်ထားသည်ထက် ဆိုးရွားနေမှုနှင့်အတူ ခွဲစိတ်ကုသမှု ပြုလုပ်ရပြီးနောက် ကာလရှည်ကြာ အနားယူလာရပါဦးမယ်။

ဂါဗီဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်တုန်းက ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ကစားလာနိုင်ပြီးနောက် ကံဆိုးကာ နောက်ထပ် ကာလရှည်နားရပါဦးမယ်။

သူဟာ ဩဂုတ်လကတည်းက ဒူးဒဏ်ရာကြောင့် မကစားလာနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် အစောပိုင်းအထိ ပြန်ကစားနိုင်ဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်ဟာ ၂၀၂၁ ခုနှစ်တွင် ဘာစီလိုနာပထမအသင်းသို့ ထိုးဖောက်နိုင်ခဲ့ပြီးနောက် ကလပ်နှင့် နိုင်ငံတို့တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့်ရလာသူ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှု ပြည့်ဝရေးနှင့် အကောင်းဆုံးပုံစံ ရရှိရေး ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ လာမယ့် ပွဲ ၃ ပွဲအဖြစ် ကြာသပတေးနေ့တွင် အိုဗီဒိုအား အဝေးကွင်းတွင် သွားရောက် ကစားပြီးနောက် ဆိုစီဒက်၊ ပီအက်စ်ဂျီတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image
23 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယက NSCN-K ကို မတရားအသင်း သတ်မှတ်

နယူးဒေလီ၊ စက်တင်ဘာ ၂၄

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ္ပလန်(NSCN-K) အဖွဲ့နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၅ နှစ်ပိတ်ပင်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု The New Indian Express မှ ဖော်ပြခဲ့သည်။

တရားမဝင် လှုပ်ရှားမှုများ တားဆီးရေး အက်ဥပဒေအောက်တွင် ပြဋ္ဌာန်းချက်အရ ထိုပိတ်ပင်မှုသည် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

NSCN-K သည် ကသည်း သူပုန်များဖြစ်သည့် ULFA(I) ၊ PREPAK နှင့် PLA ကဲ့သို့ တရားမဝင် အဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် အရပ်သားများကို ပြန်ပေးဆွဲပြီး ငွေကြေးများ တောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စွပ်စွဲထားသည်။

“NSCN-K အဖွဲ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေထဲမှာ တရားမဝင် လက်နက်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်မှု၊ လက်နက်တွေနဲ့ အခြားအကူအညီတွေ ရယူဖို့ အခြားနိုင်ငံတွေမှာရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေဆီက အကူအညီတွေ ရယူမှုတွေ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NSCN-K သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ နာဂလူမျိုးများ နေထိုင်သည့် နေရာများ ပါဝင်သော ဒေသများကို စုဖွဲ့ပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ကြား NSCN-K ၏ ကေဒါများကို တိုင်ကြားသည့် အမှုပေါင်း ၇၁ မှုရှိခဲ့ပြီး ၎င်းတို့အနက် ၅၆ မှုကို စွဲချက်တင်ခဲ့ကာ ၃၅ မှုကို တရားစီရင်နိုင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် NSCN-K ၏ ကေဒါ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၆၉ ဦးသည် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ၎င်းတို့ နှင့်အတူ လက်နက် ၆၉ လက်၊ ကျည်ကဒ် ၅၂ ခု၊ ကျည်ဆန် ၉၃၁ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ခုနှင့် အခြား လက်လုပ်မိုင်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် NSCN-K ၏ မြေအောက်ကေဒါ ၁၃ ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: The New Indian Express

ပုံ - NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
23 ပတ် - ဘာသာပြန်ပါ။

ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာသည်
မင်းအပြုံးဖြစ်ပြီး
နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကိုတော့
မင်းလက်ဖဝါးနုနုလေးတွေနဲ့ ထိတွေ့ခွင့်ရတဲ့
ကြောင်လေးတွေကဟောပါလိမ့်မယ်။  ။


  -Tain Lwhar ( တိမ်လွှာ)

image
23 ပတ် - ဘာသာပြန်ပါ။

Florida's first bear hunt in a decade drew more than 160,000 applicants for a far more limited number of permits, including from opponents who are trying to reduce the number of bears killed.
https://abcnews.go.com/US/wire....Story/160000-apply-f

image

အီတလီနိုင်ငံတွင် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းထောက်ခံသူများက နိုင်ငံအနှံ့ ဆန္ဒပြမှုများ ပြုလုပ်

စက်တင်ဘာ ၂၄

အီတလီနိုင်ငံမှာ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသမားသမားတွေက ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းတို့နဲ့ သွေးစည်းညီညွတ်ရေးအတွက် ဆန္ဒပြမှုတွေကို နိုင်ငံအနှံ့ စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့ကြရာမှာ မီလန်မြို့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသမားတွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားကြပြီး ရဲအရာရှိ ၆၀ ခန့် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အခုရက်ပိုင်းမှာ ဗြိတိန်နဲ့ပြင်သစ်တို့အပါအဝင် နိုင်ငံ ဆယ်နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုတယ်လို့ ကြေညာခဲ့ကြပြီးတဲ့နောက် အီတလီအစိုးရအနေနဲ့ကတော့ သူတို့လို မဟုတ်ဘဲ ရှိနေခဲ့ရာမှာ ပါလက်စတိုင်းလိုလားသူတွေအဖို့ မကျေမနပ်ဖြစ်စရာဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၂ ရက်မှာ ဆန္ဒပြမှုတွေမှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေလည်းပါဝင်ခဲ့ကြပြီး နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းတွေ၊ ဆိပ်ကမ်းတွေ နဲ့ တခြား အခြေခံအဆောက်အအုံတွေအပေါ်ကိုပါ ထိခိုက်သက်ရောက်မှုတွေရှိခဲ့ပါတယ်။

ရောမမြို့ရဲ့ တာမီနီ ရထားဘူတာရုံကြီးရှေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲကိုဆိုရင် လူ ၂၀,၀၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသမားတွေက နိုင်ငံမြောက်ပိုင်းရှိ ဘိုလို့ညာမြို့မှာတော့ ယာဉ်အသွားအလာ မော်တော်ကားလမ်းမကြီးကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ဂျီနိုအာ၊ လီဗိုနို၊ ထရီစတီးနဲ့ ဗင်းနစ်ဆိပ်ကမ်းမြို့တွေမှာတော့ သင်္ဘောကျင်း အလုပ်သမားတွေက ချီတက် ဆန္ဒပြခဲ့ကြရာမှာ ရဲတပ်ဖွဲ့က ရေပန်းအမြောက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။ ဂျီနိုအာမြို့မှသင်္ဘောကျင်းဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ ရစ်ကီးက “ပါလက်စတိုင်းပြည်သူတွေဟာ ဂုဏ်သိက္ခာနဲ့ ခုခံမှုဆိုင်ရာ နောက်ထပ်သင်ခန်းစာတစ်ခုကို ကျွန်တော်တို့ကို ဆက်လက်ပေးနေပါတယ်။ သူတို့ဆီကနေ လေ့လာပြီး ကျွန်တော်တို့ရဲ့အပိုင်းကို ကြိုးစားလုပ်ရမယ်”လို့ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

မီလန်မြို့မှာတော့ ဆန္ဒပြသူတွေဟာ မြို့လယ်ရှိ ဘူတာရုံမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး တိုက်ခိုက်မှုတွေဖြစ်ခဲ့ကြပါတယ်။ အနည်းဆုံး လူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပြီး ရဲအရာရှိ ၆၀ ခန့်ဟာလည်း ထိခိုက်ဒဏ်ရာတွေနဲ့ တချို့ဆို ပြင်းထန်တဲ့ ဒဏ်ရာတွေတောင်ရခဲ့ကြပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂျီအိုဂျီယာ မီလိုနီက မီလန်မြို့မှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသမားတွေအကြား တိုက်ခိုက်မှုတွေကို ရှုတ်ချပြောကြားခဲ့ပါတယ်။ မီလိုနီက လူမှုကွန်ရက်မှာလည်း “သွေးစည်းညီညွတ်မှုကို လိုလားကြတယ်ဆိုရင် အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေ လုပ်စရာမလိုဘူး။ ဒီလိုလုပ်လို့ ဂါဇာဒေသက လူတွေရဲ့ ဘဝကို တစ်စွန်းတစ်စတောင် ပြောင်းလဲစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုလူဆိုးတွေကြောင့် အီတလီ နိုင်ငံသားတွေမှာတော့ ထိခိုက်နစ်နာ ဒုက္ခရောက်ရတဲ့အကျိုးဆက်တွေ အခိုင်အမာ ရှိလာလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Ref- Reuters

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
23 ပတ် - ဘာသာပြန်ပါ။

On Monday, President Trump, joined by top administration officials, claimed the use of Tylenol during pregnancy may be linked to an increased risk of autism and that pregnant women should limit their use, contradicting medical evidence.
https://abcnews.go.com/Health/....fact-checking-presid

image
23 ပတ် - ဘာသာပြန်ပါ။

Kpayမှကိုယ်တိုင်လေယာဉ်လက်မှတ်ဖြတ်နည်း...
KPay ရဲ့ Oway ကနေ လေယာဉ်လက်မှတ်ဖြတ်ဖို့ အဆင့်ဆင့် ဆောင်ရွက်ပုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
အဆင့် ၁။ KPay ထဲဝင်ပြီး Oway ကို ရွေးပါ
* ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ KPay App ကို ဖွင့်ပါ။
* အပေါ်ဆုံးမှာရှိတဲ့ Search Box မှာ 'Oway' လို့ ရိုက်ရှာနိုင်ပါတယ်။ ဒါမှမဟုတ် အောက်ဘက်နားမှာ ရှိတဲ့ 'Travel' ကဏ္ဍအောက်က 'Oway' ကိုလည်း ရွေးလို့ရပါတယ်။
အဆင့် ၂။ လေကြောင်းခရီးစဉ်ရှာပါ
* Oway ထဲရောက်ပြီဆိုရင် 'Flights' ကို နှိပ်ပါ။
* 'One Way' (တစ်ကြောင်းသွား) ဒါမှမဟုတ် 'Round Trip' (အသွားအပြန်) ကို ရွေးပါ။
* 'From' မှာ လက်ရှိ မြို့/လေဆိပ် ကို ရွေးပြီး၊ 'To' မှာ သွားလိုတဲ့ မြို့/လေဆိပ် ကို ရွေးပါ။
* 'Departure Date' မှာ ခရီးစတင်မယ့်နေ့ရက်ကို ရွေးပြီး၊ 'Return Date' မှာ အပြန်ခရီးအတွက် နေ့ရက်ကို ရွေးပါ။ (အသွားအပြန်ဆိုရင်ပေါ့)
* 'Passenger' မှာ လူဦးရေ ဘယ်နှစ်ယောက်လဲဆိုတာ ရွေးချယ်ပြီး 'Search Flights' ကို နှိပ်ပါ။
အဆင့် ၃။ လေကြောင်းလိုင်းနဲ့ အချိန်ကို ရွေးပါ
* Search လိုက်တဲ့အခါ လေကြောင်းလိုင်းတွေရဲ့ စာရင်းပေါ်လာပါလိမ့်မယ်။
* ကိုယ်နဲ့ကိုက်ညီမယ့် လေကြောင်းလိုင်း၊ ဈေးနှုန်းနဲ့ ထွက်ခွာမယ့်အချိန်ကို ရွေးချယ်ပြီး 'Book Now' ကို နှိပ်ပါ။
အဆင့် ၄။ ခရီးသည် အချက်အလက်ဖြည့်ပါ
* 'Adults' (လူကြီး) အောက်မှာ ခရီးသည် နာမည်၊ အီးမေးလ်နဲ့ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ပါ။ (နိုင်ငံသားကတ်မှာပါတဲ့အတိုင်း ဖြည့်ဖို့ အရေးကြီးပါတယ်)
* လိုအပ်တဲ့ အချက်အလက်အားလုံး ဖြည့်ပြီးရင် 'Continue to Payment' ကို ဆက်နှိပ်ပါ။
အဆင့် ၅။ ငွေပေးချေခြင်း
* ပေးချေမှု စာမျက်နှာကို ရောက်တဲ့အခါ 'KPay' ကို ရွေးချယ်ပါ။
* ငွေပေးချေဖို့ သေချာပြီဆိုရင် 'Pay Now' ကို နှိပ်လိုက်ပါ။
* ငွေပေးချေမှု ပြီးဆုံးကြောင်း အကြောင်းကြားစာ ရရှိပါလိမ့်မယ်။
ဒီအဆင့်တွေကို သေချာလိုက်နာမယ်ဆိုရင် KPay ရဲ့ Oway ကနေ လေယာဉ်လက်မှတ်ကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

image

☸ Appendicitis (အူအတက်ရောင်ခြင်း) ဆိုသည်မှာ..☸
အူအတက်မပေါက်ခင် Appendicitis ဆိုတာ( အူအတက် ရောင်ခြင်း)ကို ပြောတာပါ။အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတ်အပိုင်း သေးသေးလေးဖြစ်ပါတယ်။
၄င်းက ဗိုက်အောက်ပိုင်းညာဘက်ခြမ်းမှာ တည်ရှိပါတယ်။ပုံမှန်အားဖြင့်တော့ ၄င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။
Appendicitis (အူအတက်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကတော့...
အဓိကရောဂါလက္ခဏာကတော့ ဗိုက်အောင့်တာဖြစ်ပြီး ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၄င်းနာတာက တဖြည်းဖြည်းနဲ့ ၀မျးဗိုကျ၏ ညာအောက်ပိုင်းထောင့်တစ်နေရာထိ ရွေ့သွားတတ်ပါတယ်။ လှုပ်ရှားမှု၊ ချောင်းဆိုးခြင်း၊ နှင့် ခန္ဓာကိုယ်လိမ်လိုက်တာတို့မှာဆိုလျှင် ပိုဆိုးတတ်ပါတယ်။
တခြားလက္ခဏာတွေကတော့...
ပျို့ခြင်း၊နှင့် အန်ခြင်း
အစားအသောက်ပျက်ခြင်း
၀မ်းချုပ်ခြင်း (သို့) ဝမ်းလျှော့ခြင်း
လေမလည်နိုင်ခြင်း
၀မ်းဗိုက်ရောင်ခြင်း
အဖျားငွေ့ရှိနေခြင်း
ကုသမှု ခံယူရန်နှောင့်နှေးခြင်းဟာ ရောင်နေတဲ့ အူအတက်ကို ပေါက်ထွက်စေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုး၀င်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အူအတက်ရောင်သေတာကို အဓိကဖြစ်စေတာကတော့ ပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ ပိတ်ဆို့မှုက မစင်ကြောင့်၊ တခြားပြင်ပအရာ သို့ ကင်ဆာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ပိတ်ဆို့မှု ဖြစ်လျှင် ဘက်တီးရီးယားပိုးတွေက ကြီးထွားပြီး ပွားများလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက အူအတက်ကို ရောင်စေပြီး ပြည်တွေနဲ့ ပြည့်စေပါတယ်။အူအတက်ပေါက်သွားလျှင် ဘက်တီးရီးယားတွေက ပြန့်နှံသွားပြီး ခန္ဓာကိုယ်မှ တခြားအစိတ်အပိုင်းတွေကို ကူးစက်စေပါတယ်။ တချို့လူနာတွေမှာ အူအတက်က ရောဂါပိုးတခုခုကြောင့်လဲ ရောင်တတ်ပါတယ်။
Appendicitis( အူအတက်ရောင်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်....
အူနှင့်ဆိုင်တဲ့ ရောဂါပိုး၀င်နေခြင်း
မိသားစု၀င်တွေမှာ အူအတက်ရောင်ခြင်း (သို့) cystic fibrosis ဖြစ်ဖူးခြင်း
အမျှင်ဓာတ်နည်းပြီး ကဆီဓာတ်များတဲ့ အစာမ်ား စားခြင်း
တို့ကြောင့်ဖြစ်နိုင်ပြီး ဖြစ်ပွားပါက နီးစပ်ရာဆရာဝန်ဆီ အမြန်ဆုံး ပြသသင့်ပါတယ်

image
23 ပတ် - ဘာသာပြန်ပါ။

ဘန်ကောက် ဝချီရဆေးရုံကြီးရှေ့၌ မြေကျွံကျ၊ အတွင်းလူနာအချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒုဆစ်နယ်မြေ၊ ဝချီရဖယားဘန်းရပ်ကွက်၊ ဆမ်ဆဲန်လမ်းမကြီးပေါ်က ဝချီရဖယားဘန်းဆေးရုံကြီးရှေ့မှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၇ နာရီကျော်က မြေကျွံကျလို့ ကြီးမားတဲ့အပေါက်ကြီး ဖြစ်သွားပါတယ်။
မြေကျွံကျမှုမှာ ၇ နာရီ ၁၃ မိနစ်က တကြိမ်၊ ၇ နာရီ ၂၄ မိနစ်မှာ တကြိမ်၊ ၂ ကြိမ်ဖြစ်ပွားပြီး အကျယ် ၃၀ စတုရန်းမီတာနဲ့ အနက် မီတာ ၅၀ ထိ တွင်းကြီးဖြစ်သွားတယ်။ လမ်းဘေးဓာတ်တိုင် ၂ တိုင်နဲ့ အဲဒီနေရာမှာ ရပ်ထားတဲ့ မော်တော်ကား ၂ စီးပါ တွင်းထဲ ပြုတ်ကျသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

image