13 ပတ် - ဘာသာပြန်ပါ။

‎တခါတလေ ကိုယ့်စိတ်ကို သန့်ရှင်းရေး
‎လုပ်ပေးရတယ်။

‎ကိုယ့်စိတ်ကို ပူလောင်စေတဲ့ လူတွေ
‎ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့
‎အကြောင်းအရာတွေကို ထုတ်ပယ်နိုင်ရတယ်။

‎မထုတ်ပယ်နိုင်ရင်
‎စိတ်အကြည်ဓာတ်တွေ ပျောက်ပြီး
‎မပျော်မရွှင် ဖြစ်ရလိမ့်မယ်။

‎ဒါကြောင့်
‎မင်းရဲ့စိတ်ကို သန့်ရှင်းရေးလုပ်ဖို့မမေ့ပါနဲ့ ။

‎နှလုံးသားက နူးညံ့ပါတယ်
‎ကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေကိုပဲ
‎ထည့်ထားရမယ်လေ။

#ဖားစည်ရည်ကျော်

image
13 ပတ် - ဘာသာပြန်ပါ။

သူ့မျက်နှာက တော်တော် sweet ဖြစ်တာ 🤪

image
13 ပတ် - ဘာသာပြန်ပါ။

သာယာလှပ ပုဂံည"
မြန်မာနိုင်ငံကြီးသာ နေကောင်းရင်
ပုဂံကိုသွားပီး သာယာလှပတဲ့ညချမ်းတွေမှာ
Ebikeလေးစီးပီး လျှောက်လည်ချင်သေးတယ်...
#နတ်ထောင့်ကျောင်း
#ပုဂံ

image
13 ပတ် - ဘာသာပြန်ပါ။

Trader Joe's စူပါမားကတ်ဟာ နေ့စဉ်နေ့တိုင်း ဆိုင်ပိတ်ချိန်မှာမရောင်းရသေးပေမဲ့ စားသုံးလို့ရနိုင်သေးတဲ့ ကုန်ပစ္စည်းတွေအားလုံးကို Neighborhood Shares Program ကနေတစ်ဆင့် လှူဒါန်းပေးနေပါတယ်
ဒီကုန်ပစ္စည်းတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ နို့ထွက်ပစ္စည်းတွေ၊ မုန့်ဖုတ်ပစ္စည်းတွေနဲ့ တခြားလိုအပ်တဲ့ ကုန်စုံပစ္စည်းအမျိုးအစားတွေ ပါဝင်ပါတယ်
အဲဒီလှူဒါန်းမှုတွေကို City Harvest၊ Feeding San Diego၊ Extra Food နဲ့ Sharing Excess အပါအဝင် ဒေသခံအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းပေါင်း ၂,၀၀၀ ကျော်ကို ဖြန့်ဝေပေးခဲ့ပါတယ်
ဒီအစီအစဉ်ဟာ မရောင်းရတဲ့ပစ္စည်းတွေကို စွန့်ပစ်မယ့်အစား လိုအပ်နေသူတွေကို ပေးခြင်းအားဖြင့် အငတ်ဘေးကို တိုက်ဖျက်ဖို့နဲ့ အစားအသောက်စွန့်ပစ်မှုကို လျှော့ချဖို့ ရည်ရွယ်ပါတယ်
၂၀၂၄ ခုနှစ်မှာတော့ ကုမ္ပဏီဟာ ဆိုင်ခွဲ ၅၇၉ ခုကနေ အစားအသောက် ပေါင် ၉၈ သန်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ၂၀၂၅ ခုနှစ်အတွက် လှူဒါန်းမှုပမာဏစာရင်းကို ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်
Trader Joe's ရဲ့ ဒီအစီအစဉ်ဟာ ကုန်စုံဆိုင်တစ်ခုအနေနဲ့ အမြတ်အစွန်းကိုဘဲ ကြည့်တာမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအပေါ် ဂရုစိုက်မှုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုရှိတယ်ဆိုတာကိုပါသက်သေပြနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

လ စာ က ကု- ၊ န်နေပြီဖြစ်သော်လည်း
စက်တင်ဘာက မကု- န်သေးသောအခါ

image
13 ပတ် - ဘာသာပြန်ပါ။

အဖေ့ခြေရာနင်းနိုင်ပါစေကွာ

image
13 ပတ် - ဘာသာပြန်ပါ။

မိုးဟေကို မဟုတ်တဲ့ အမိုက်စား ချစ်သူ လေး ကို ချပြခဲ့တဲ့ ဂျောရှုဝါဗန်

အားလုံးကို အံ့အားသင့်စေမယ့် ပုံစံမျိုးနဲ့ ချစ်သူကို မိတ်ဆက်လာတဲ့ ဂျိုရှုအာဗန်အကြောင်းက အခုရက်ပိုင်းမှာ မြန်မာ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းအစားဆုံး သတင်းတစ်ခု ဖြစ်နေပါပြီ။
မြန်မာပရိသတ်တွေရဲ့ အားပေးမှုအများဆုံး UFC ဖိုက်တာလေးဟာ အမေရိကန်က အမိုက်စား မော်ဒယ်တစ်ယောက်နဲ့ တွဲနေပြီဆိုတဲ့ သတင်းက မိူးဟေကို နဲ့ ဂျောရှုဝါ ဗန်ကို သဘောတူပေးစားနေကြတဲ့ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို လုံးဝပြောင်းပြန်လှန်လိုက်သလိုပါပဲ။
ဒီသတင်းမတိုင်ခင်က ဂျိုရှုအာဗန်နဲ့ မိုးဟေကိုတို့ နှစ်ယောက်ကို မြန်မာပရိသတ်တွေက အရမ်းသဘောတူခဲ့ကြတာပါ။
ဒါကလည်း ဂျိုရှုအာဗန်ကိုယ်တိုင်က မီဒီယာ အင်တာဗျူးတွေမှာ မိုးဟေကိုကို ငယ်ဘဝကတည်းက စွဲစွဲလမ်းလမ်း သဘောကျခဲ့တာပါလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးလို့ပါ။ Canal Plus မြန်မာနဲ့ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာဆိုရင်လည်း “ကျွန်တော်က နင့်ပရိသတ်၊ နင် ငါ့ပွဲကြည့်မှာလား” ဆိုပြီး ရှက်ကိုးရှက်ကန်း ပြောခဲ့တာကြောင့် ပရိသတ်တွေက ဂျိုရှုအာဗန်ကို အရမ်းချစ်ခင်ခဲ့ကြတာပါ။ ဂျိုရှုအာဗန်ဟာ "အချစ်စစ်မှာ အသက်က ပဓာနမကျဘူး" လို့ ပြောခဲ့တဲ့ စကားကလည်း ပရိသတ်တွေရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ပိုပြီး အားကောင်းစေခဲ့ပါတယ်။
ဒါ့အပြင် မိုးဟေကိုဟာ မြန်မာနိုင်ငံမှာ ထိပ်တန်း အနုပညာရှင်တစ်ယောက်ဖြစ်သလို စီးပွားရေးလောကမှာလည်း အောင်မြင်နေတဲ့ "အပျိုကြီးမမ" ဖြစ်နေတာကြောင့် ဂျိုရှုအာဗန်နဲ့ လိုက်ဖက်ညီတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ ဂျိုရှုအာဗန်လို အရည်အချင်းရှိတဲ့ ကစားသမားကောင်းတစ်ယောက်က မြန်မာအမျိုးသမီးတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်စေချင်တဲ့ ဆန္ဒကလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျိုရှုအာဗန်ကတော့ အခုချိန်မှာ နိုင်ငံတကာအဆင့်မီ ကစားသမားတစ်ယောက် ဖြစ်လာပြီဖြစ်လို့ နိုင်ငံခြားက အမိုက်စား မော်ဒယ်တစ်ယောက်ကို ရွေးချယ်ခဲ့တာလည်း မဆန်းပါဘူး။
ဟားခါးမြို့ က ချင်းတိုင်းရင်းသားလေး ဂျိုရှုအာဗန်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ UFC ဖိုက်တာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ UFC ဖလိုင်းဝိတ်တန်း မှာ အနာဂတ်အလားအလာ အရှိဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိ ချန်ပီယံ ပန်တိုဂျာကို ချန်ပီယံ ခါးပတ်လုဖို့ စိန်ခေါ်ခွင့် ရထားတာကတော့ မြန်မာနိုင်ငံသားတွေအတွက် အကြီးမားဆုံး ဂုဏ်ယူစရာတစ်ခုပါပဲ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုအဆင့်မြင့်တဲ့ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ အရင်က ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဂျိုရှုအာဗန်ရဲ့ ကြိုးစားမှု၊ စိတ်ဓာတ်နဲ့ အောင်မြင်မှုတွေကြောင့် သူဟာ မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို ရရှိထားပါတယ်။ သူ့ရဲ့အောင်မြင်မှုနဲ့အတူ ဝင်ငွေကလည်း သိသိသာသာ များပြားလာပြီး သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်လာပါတယ်။ ဒီနှစ်အတွင်းမှာပဲ မိခင်နဲ့ ညီမလေးနေဖို့ ဒေါ်လာ သန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဝယ်ပေးခဲ့တာကြောင့် သူ့ရဲ့ ချစ်သူက မော်ဒယ်တစ်ယောက်ဖြစ်နေတာလည်း မထူးဆန်းပါဘူး။
ပရိသတ်တွေက ဂျိုရှုအာဗန် ကို မိုးဟေကိုနဲ့ပဲ တွဲစေချင်ကြပေမယ့် သူကတော့ လတ်တလောမှာ အမေရိကန်က စူပါမော်ဒယ် တစ်ယောက်နဲ့ ချစ်သူအဖြစ် လူသိရှင်ကြား ထုတ်ပြလာခဲ့ပါတယ်။ ဒီကောင်မလေးဟာ ဘယ်သူဘယ်ဝါမှန်း တိတိကျကျ မသိရသေးပေမယ့် သူမရဲ့ ခန္ဓာကိုယ်နဲ့ အလှကတော့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ဂျိုရှုအာဗန်ရဲ့ အချစ်ရေးသတင်းကြောင့် ပရိသတ်တွေကြားမှာ တုံ့ပြန်မှု နှစ်မျိုးကွဲသွားပါတယ်။ တချို့ကတော့ ဂျိုရှုအာဗန်အတွက် ဝမ်းသာပေးကြပေမယ့် တချို့ကတော့ လာမယ့် ချန်ပီယံပွဲအတွက် သူ့ရဲ့ အာရုံစိုက်မှုတွေ၊ လေ့ကျင့်မှုတွေ လျော့ကျသွားမှာကို စိုးရိမ်နေကြပါတယ်။ ချန်ပီယံခါးပတ်ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကြိုးစားရမှာဖြစ်လို့ ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကလည်း ဖြစ်သင့်ပါတယ်။
ဂျိုရှုအာဗန်လို အောင်မြင်နေတဲ့ အားကစားသမားတစ်ယောက်အတွက် အချစ်ရေးနဲ့ အားကစားဘဝကို မျှတအောင် ကိုင်တွယ်ဖို့က တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ မြန်မာပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝရရှိထားတဲ့ ဂျိုရှုအာဗန်ဟာ အချစ်ရေးကိုရော သူ့ရဲ့ အောင်မြင်မှု လမ်းကြောင်းကိုပါ တစ်ပြိုင်နက်တည်း ဘယ်လို စီမံခန့်ခွဲသွားမလဲဆိုတာကတော့ အားလုံးအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး အခြေအနေတစ်ခုပါ။
အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော မိူးဟေကို နဲ့မဟူတ်ပဲ နိုင်ငံခြားသူအမိုက်စားကိုရသွားတဲ့ ဂျောရှုဝါဗန်အပပေါ်မာမိမိတြိုအမြင်ကိုပြောသွားကြပါအုံး

image
13 ပတ် - ဘာသာပြန်ပါ။

ဆွစ်ဇာလန်နိုင်ငံမှ ရထားလမ်းတွေကိုဆိုလာပြားများတပ်ပြီးရည်ရွယ်ချက်၂မျိုးဖြင့်စွမ်းအင်သစ်ပြုလုပ်ဖန်တီး”
ဆွစ်ဇာလန်နိုင်ငံဟာ အထူးထုတ်လုပ်ထားတဲ့ နေရောင်ခြည်စွမ်းအင်ပြားတွေကို ရထားလမ်းတွေရဲ့ကြားမှာ တပ်ဆင်ထားပြီး အသုံးမပြုဘဲရှိနေတဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာရှိတဲ့ မျက်နှာပြင်ဧရိယာတွေကို သန့်ရှင်းတဲ့စွမ်းအင်ထုတ်လုပ်ရာ နေရာတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါတွေအားလုံးဟာ ရထားပြေးဆွဲမှုကို အနှောင့်အယှက်မဖြစ်စေဘဲ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီပြားတွေဟာ ခိုင်ခံ့ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသလို လေးလံတဲ့ကုန်တင်ရထားတွေနဲ့ အမြန်ရထားတွေရဲ့ ဖိအားကိုလည်း ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာပါ။ ရှိပြီးသား ရထားလမ်းတွေမှာ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဆွစ်ဇာလန်ဟာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ရထားတွေကိုပါ စွမ်းအင်ပေးနိုင်တဲ့ ရည်ရွယ်ချက်နှစ်မျိုးသုံး အခြေခံအဆောက်အအုံကို ဖန်တီးနေတာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းလုံးကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်မယ်ဆိုရင် ဒီအစီအစဉ်ဟာ ဆွစ်ဇာလန်ရဲ့ စုစုပေါင်းစွမ်းအင်လိုအပ်ချက်ရဲ့ ၂% အထိ ထောက်ပံ့ပေးနိုင်မှာပါ။ ဒါဟာ ရှိပြီးသား အခြေခံအဆောက်အအုံတွေကနေ အပြည့်အဝစွမ်းအင်ထုတ်ပေးနိုင်မယ့် သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ အင်ဂျင်နီယာဆိုင်ရာ အောင်မြင်မှုတစ်ခုထက်ပိုပါတယ်။ ဒါဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ ခြေထောက်အောက်မှာ ရှိတယ်ဆိုတဲ့ အထောက်အထားတစ်ခုပါပဲ။ နေရာလွတ်တွေကို ဘယ်လိုအသုံးပြုလဲဆိုတာကို ပြန်လည်ပုံဖော်ခြင်းအားဖြင့် ဆွစ်ဇာလန်ဟာ စမတ်ကျပြီး ရေရှည်တည်တံ့တဲ့ အခြေခံအဆောက်အအုံတွေမှာ ကမ္ဘာ့စံနမူနာတစ်ခုကို ချမှတ်နေတာ ဖြစ်ပါတယ်။

image
13 ပတ် - ဘာသာပြန်ပါ။

မုန်လာဥ နဲ့ ငါးရံ့ ချဥ်ရည်ဟင်း
**********************

ပါဝင်ပစ္စည်းများ ကတော့

ငါးရံ့ ( ဟင်းခပ်မှုန့်, ငံပြာရည်, နနွင်း နဲ့ ဆုပ်နယ်ထား )
ကြက်သွန်ဖြူ,နီ ( ထောင်းထား )
ခရမ်းချဉ်သီး ( ကြိတ်ထား ( သို့ ) မထူမပါး လှီးထားပါ )
မုန်လာဥ/ ရွက် ( လှီးပီး ရေဆေးထား )
မန်ကျည်းရည်,
ငရုတ်တောင့်ရှည်
ရှမ်းနံနံ, နံနံပင် ( နှစ်ပိုင်း ပိုင်းထား )

ချက်ရန်
****
ကြက်သွန်ဖြူ,နီ,နနွင်း,ငရုတ်သီးအစိမ်းမှုန့်လေးဆီသတ်ပါ။

ရွလာခါနီးမှာကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို
စိမ်းနံ့ပျောက်ပြီး ပျော့လာအောင် ဆီသတ်ပါ။

ပီးရင် အရသာနယ်ထားတဲ့ ငါး ထည့်မွှေပီး လုံးပေးပါ။
ရေနွေးပူပူ လောင်းထည့်ပါ။

မန်ကျည်းရည် ထည့်ပါ။
( ငါး အသားတင်းအောင်လို့ မန်ကျည်းရည် အရင်ထည့်တာပါ )

ငါး ကျက်ခါနီးမှာ အသားတုံးလေးများ ဆယ်ထုတ်ထားပါ။

မုန်လာဥ နဲ့ အရွက်များ ထည့်ပါ။

ဟင်းခပ်မှုန့်, သကြား, ငံပြာရည် ထည့်ပီး အရသာစပ်ပါ။

ရေကို အပျစ်အကျဲ လိုသလိုထည့်ပေးပါ။

မုန်လာ နူးပြီဆိုမှ ဆယ်ထားတဲ့ ငါးပြန်ထည့်ပြီးရင်
ငရုတ်သီးတောင့်ရှည်, ရှမ်းနံနံ, နံနံပင်လေး အုပ်လိုက်ပါ။

အနံ့တွေ သင်းပျံ့လာရင်တော့
မုန်လာဥ နဲ့ ငါးရံ့ ချဥ်ရည်ဟင်းလေး ရပါပြီ။

____________________________________________

မှတ်ချက်
****
ငါးကတော့ ဘယ်ငါးမဆို
မိမိနှစ်သက်ရာငါးနဲ့ ချက်နိုင်ပါတယ်။
ငါးရံ့ဆိုရင်တော့ ပိုလိုက်ဖက်ပါတယ်။

ဒီဟင်းချက်ရင် မမွှေပဲ အိုးလေးကို အသာအယာ လှုပ်ပေးပါ။

အိုးအဖုံး မအုပ်ပဲ အိုးချမှ အဖုံးအုပ်ပါ။

ခရမ်းချဉ်သီးပါမှ ဟင်းရည်ပျစ်စေတာမို့
ခရမ်းချဉ်သီးကို မပါမဖြစ် ထည့်ပေးပါ။

အရသာပိုလေးနက်စေပြီး ချိုမြမြလေး ဖြစ်စေချင်ရင်
သကြားအနည်းငယ် ထည့်ပေးပါ

image

ဦးနှောက်သွေးကြောကျဉ်း၊ သွေးကြောပေါက်၊ လေဖြတ်ပြီး အိပ်ရာထဲလဲနေရသူ၊ အဆီပိတ်၊ လက်ဖျားခြေဖျား ထုံကျင်သူများအတွက်.....
​အကြံပြုချက် - ပိတ်ချင်းနွယ်နဲ့ အသီးအစို နှစ်ဆယ်သားခန့်ကို ရေ ၃ လီတာနဲ့ ပြုတ်ပါ။ အရသာနဲ့ ဆေးစွမ်းကောင်းအောင် ဆွမ်းမွှေးရွက် ၃-၅ ရွက်ထည့်ပြီး ၁၀-၁၅ မိနစ်ခန့် တည်ပါ။
​ဒီပြုတ်ရည်ကို တစ်နေ့ သုံးကြိမ်၊ အစာမစားမီ ကော်ဖီခွက်တစ်ခွက်စာ သောက်ပေးပါ။ ရောဂါလက္ခဏာ သက်သာလာသည်အထိ ဆက်သောက်နိုင်ပါတယ်။ ၇ ရက်သောက်ပြီး ၃ ရက်နား၊ နောက်ထပ် ၇ ရက် ဆက်သောက်၊ ဒီလို လှည့်လည်သောက်ပေးနိုင်ပါတယ်။ ပြုတ်ရည်ကုန်သွားလို့မှ ရောဂါမသက်သာသေးရင်တော့ ရပ်လိုက်ပါ။ ဒါဟာ သင့်ဓာတ်နဲ့ မသင့်လျော်ဘူးလို့ ယူဆနိုင်ပါတယ်။

image