36 w - Translate

Cosmo ပန်းလေးတွေ မှာ ပွင့်ချပ် ၈ခုရှိလို့
I Love you ကို ကိုယ်စားပြုပါသတဲ့❤️❤️❤️

image
36 w - Translate

Cosmo ပန်းလေးတွေ မှာ ပွင့်ချပ် ၈ခုရှိလို့
I Love you ကို ကိုယ်စားပြုပါသတဲ့❤️❤️❤️

image
36 w - Translate

Cosmo ပန်းလေးတွေ မှာ ပွင့်ချပ် ၈ခုရှိလို့
I Love you ကို ကိုယ်စားပြုပါသတဲ့❤️❤️❤️

imageimage
36 w - Translate

စိတ်ထား မကောင်းလိုက်တာနဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ်။
စိတ်ထားမမှန်လိုက်တာနဲ့
ကိုယ်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ်။
သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ။
သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘဝကို
အဆိပ်ရည်နဲ့လောင်းနေတာပါ။
သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရမနေပါဘူး။
ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်
ဘာဖြစ်ဖြစ် စိတ်မကွက်ပဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ။

ဇန်နဝါရီမှာ ကိုမိုအသင်းထံ ဇက်ခ်ဇီ ပြောင်းရွှေ့ဖွယ်ရှိ

အောက်တိုဘာ ၄

စီးရီးအေကလပ် ကိုမိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။

ဇက်ခ်ဇီဟာ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကြီးမားတဲ့ ပရောဂျက်ထဲမှာ ပါဝင်နေပြီး ယူနိုက်တက်အသင်း ကလည်း သူ့ကို လာမယ့် အပြောင်းအရွှေ့မှာ အငှား ဒါမှမဟုတ် အပြီးသတ် အပြောင်းအရွှေ့အတွက် လမ်းဖွင့် ထားတာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ ဇက်ခ်ဇီဟာ နည်းပြ အာမိုရင် လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ကစားထားတဲ့ ၄ ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၄ လက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ အရန် ကစားသမားအဖြစ်သာ သတ်မှတ်ခံထားရတာပါ။

ယူနိုက်တက်အသင်းကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဇက်ခ်ဇီကို အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့အတွက် ပြုလုပ်လာမယ့် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။

ကိုမိုအသင်းဟာ အသင်းရဲ့ တိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့နဲ့ စီးရီးအေ အမှတ်ပေးဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ဇက်ခ်ဇီကို ခေါ်ယူချင်နေတာပါ။

ပြီးခဲ့တဲ့နွေရာသီက ဇက်ခ်ဇီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဇက်ခ်ဇီဟာ ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေကလပ် အသင်းတွေ ရဲ့အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ပုံမှန်ကစားခွင့် ရချင်နေတာကြောင့် အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ ဇက်ခ်ဇီဟာ လာမယ့် ဆန်းဒါးလန်း အသင်းနဲ့ပွဲစဉ်မှာလည်း လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဇက်ခ်ဇီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
36 w - Translate

အဖြေမှနိကိုရွေးပါ

image

❝တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းမိနေတဲ့ မြန်မာသင်္ဘောသား ၁၀ ဦးကို တရုတ်နိုင်ငံက ကယ်တင်နိုင်ခဲ့❞

အောက်တိုဘာ ၄

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ဘူအာလွိုင် (Bualoi) တိုင်ဖွန်းမုန်တိုင်းမိပြီး အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ သင်္ဘောတစ်စင်းပေါ်မှ မြန်မာသင်္ဘောသား ၁၀ ဦးကို တရုတ်နိုင်ငံက အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံ စန်းရှား(Sansha) ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာသင်္ဘောသား ၁၀ ဦးကို တင်ဆောင်လာတဲ့ အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က တရုတ်နိုင်ငံ တောင်ဘက်စွန်းမှာရှိတဲ့ ဟိုင်နန်(Hainan) ပြည်နယ် စန်းရှားမြို့အနီးက ယုန်ရှင်း (Yongxing) ကျွန်းရဲ့ အရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာခန့်အကွာနေရာမှာ မုန်တိုင်းဒဏ်ကြောင့် ပဲ့ကိုင်ဂီယာ စက်ချို့ယွင်းပြီး ထိန်းချုပ်မရဘဲ ရေထဲမျောပါနေခဲ့တာလို့ ဆိုပါတယ်။

အဲဒီ မြန်မာသင်္ဘောသားတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို စန်းရှား(Sansha) ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာက သတင်းရရှိခဲ့ပြီးနောက် ချက်ချင်း အရေးပေါ် တုံ့ပြန်မှုစနစ် (emergency response) ကို ဖွင့်လှစ်ပြီး ကယ်ဆယ်ရေးသင်္ဘောတစ်စီးကို စေလွှတ်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ကယ်ဆယ်ရေးသင်္ဘောဟာ မြန်မာသင်္ဘောသားတွေရဲ့ သင်္ဘောရှိတဲ့ ရှိရှာ(Xisha)ကျွန်းစုအနီးကို စက်တင်ဘာ ၂၇ ရက်၊ မနက်အစောပိုင်းမှာ ရောက်ရှိလာခဲ့ကြပေမယ့် မုန်တိုင်းချဉ်းကပ်လာတာကြောင့် သင်္ဘောကိုဆွဲယူဖို့ မဖြစ်နိုင်တော့တဲ့အတွက် သင်္ဘောသား ၁၀ ဦးလုံးကိုသာ ကယ်ဆယ်ရေးသင်္ဘောပေါ် ပြောင်းရွှေ့ကယ်တင်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

ကြက်မောက်တောင်ဆည် ရေကျော်မှုကြောင့် ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းပေါ်က တံတားတစ်စင်းပျက်စီးသွားလို့ လမ်းကို ယာယီပိတ်ထားရ

အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ဆည် ရေပိုလွှဲမှ ရေလျှံကျမှုဖြစ်ပေါ်ခဲ့ရာကနေ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ်ရှိတဲ့ တံတားတစ်စင်းပျက်စီးသွားလို့ လမ်းကို ဒီကနေ့မှာ ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျက်စီးသွားတဲ့တံတားက ကိုင်းရွာနဲ့ စည်ပင်သာရွာကြားမှာရှိတဲ့ ပေ ၂၀ ကျော် တံတားဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက သွားရောက်ကြည့်ရှု့စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလမ်းပိုင်းကို ယခုလို ယာယီပိတ်ထားရတဲ့အတွက် သီတင်းကျွတ်ပိတ်ရက် ရန်ကုန်ဘက်မှ ပုဂံ၊ ပုပ္ပား လာရောက်ကြမည့်သူများ အမြန်လမ်း မိုင်တိုင် ၂၂၀ တောင်ညိုလမ်းခွဲ- ကံပြားလမ်းဆုံ-ရေနံချောင်း- ကျောက်ပန်းတောင်း- ပုဂံ လမ်းပိုင်းကို အသုံးပြုဖို့ ဒေသခံတွေက လူမူကွန်ရက်မှာ အသိပေးထားတာ တွေ့ရပါတယ်။

အလားတူပဲ အချို့ဒေသခံတွေကတော့ ဆယ်အောက်ရှိ ရွာကွင်းလမ်းကနေ အမြင့်ကားတွေ ရှောင်မောင်းလို့ရကြောင်း အသိပေးထားသလို ပျက်စီးသွားတဲ့နေရာကို ယာယီသွားလာနိုင်ဖို့အတွက် ကျောက်နဲ့မြေကြီးတွေ အမြန်ဖို့ပြီး လုပ်ဆောင်သွားမှာဖြစ်လို့ ဒီညပိုင်းမှာ လမ်းပြန်ဖွင့်နိုင်မယ်လို့လည်း အသိပေးထားပါတယ်။

#centralnewsnaypyitaw

image
image
image
image
image

ကြက်ကရင်သုတ် ရှူးရှဲလေး😋😋
ကြက်သားသုပ်ဖို့ လိုအပ်တာတွေကတော့
ကြက် ၅၀ သား တစ်ကောင်၊ ငရုတ်သီးခြောက် ၁၀ တောင့် (အစပ် စားနိုင်သလောက် ထည့်ပါ)၊ ကြက်သွန်နီ အလတ် ရ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ ဆားနှင့် ငံပြာရည် အနည်းငယ်၊ ခွေးတောက်ရွက် နုနု ၅ ကျပ်သား၊ စပါးလင်၂ ပင်၊ သံပုရာသီး တစ်လုံး၊ ဂျင်း ၁ ကျပ်သားခန့်တို့ ဖြစ်ပါတယ်။
ဒါတွေပါရင် ကြက်သားသုပ်ဖို့ အမယ်တွေစုံပါပြီ၊ ဒါဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ကြက် အကောင်လိုက်ကို ဗိုက်ဖောက် အူ၊ ကလီဇာစတာတွေထုတ်ပြီး သန့်စင်ထားပါ။ ပြီးရင် ဆား၊ ဆနွင်း၊ ငံပြာရည် နယ်ပြီး နာရီဝက်ခန့် နှပ်ထားရမှာပါ။ ရေတလီတာ ထဲကို ကြက်သွန်နီ ၃ဥ အလုံးလိုက်ထည့်ပါ။ ကြက်သွန်အဖြူကို ထောင်းပြီးထည့်ပါ။ စပါးလင်ကို ထုထောင်း ထုံးပြီး အိုးထဲထည့်ပါ။ ကြက်ကို ၄၅မိနစ်ပြုတ်ပါ။ ကြက်ကိုပြုတ်ဖို့ အဆင်သင့်ဖြစ်ပြီဆို အောက်ကပုံအတိုင်း မြင်ရမှာပါ။
ဒီအဆင့်ပြီးရင် ဒုတိယအဆင့်ကတော့ အနှစ်အတွက် ငရုတ်သီးတောင့်ကို ညက်အောင်ထောင်းပါ။ ကြက်သွန်နီ ၃ဥ ထည့်ထောင်းပါ။ အနှစ်ရပြီဆို ပြုတ်ထားတဲ့ ကြက်သားကို အသားနွှင်ပါ။ ဒီအဆင့်ရောက်ပြီဆို အောက်ပုံအတိုင်း မြင်ရမှာပါ။ အရသာရှိတဲ့ ကြက်သားသုပ်ဟင်းလျက် တစ်ခွက်ဖြစ်လာဖို့ နီးစပ်လာပါပြီ။
ဒီအဆင့်ပြီးရင် ကြက်သား စသုပ်ပါမယ်။ ကြက်သားနဲ့ ငရုတ်သီးထောင်းကို ရောနယ်ပါ ဆားအနည်းငယ်နဲ့ ငံပြာရည်နဲနဲထည့်ပါ။ သံပုရာသီး တစ်လုံး ညစ်ထည့်ပါ။ ကြက်က အိမ်ကြက်မို့ အရသာ ချိုပြီးသားဖြစ်လို့ အချိုမှုန့် ထည့်စရာမလိုပါဘူး။ ဒီနေရာမှာ တစ်ချို့ကမေးကြတယ် ငရုတ်သီး အလှော်မဟုတ်ပဲ အစိမ်းမို့လို့ အစိမ်းစော်မနံဘူးလား ဗိုက်မနာဘူးလားဆိုပြီး ဒီလို လုံးဝမဖြစ်ပါဘူး ကြက်သွန်နီနံ့ လေးရယ် သံပုရာသီး စစ်စစ် အနံ့လေးက အရမ်းကို မွှေးလို့ အနံ့ရရုံနဲ့ကို သွားရေယိုစေတာပါ။ သုပ်ပြီးရင်တော့ ဒီပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။ အသင့် စားလို့ရတော့မယ်နော်။
နောက်ဆုံးအဆင့် ဟင်းရည်အတွက်ပဲ လိုပါတော့တယ်။ ဟင်းရည် အတွက်ကတော့ အသားပြုတ်ရည် ပူပူလေးထဲကို ခွေးတောက်ရွက်လေး ညပ်ထည့်ပြီး ငရုတ်ကောင်းမှုန့်လေး ဖြူးသောက်ရင် အရမ်းမိုက်ပါတယ်။ ညဘက် အသောက်များပြီး ခေါင်းမကြည်သူတွေ အတွက်လဲ ခေါင်းကြည်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ အားလပ်ရက် တွေမှာ မိတ်ဆွေ မိသားစု ချစ်သူခင်သူတွေနဲ့ အတူစုပြီး ကျေးလက်ရနံ့သင်းပျံ့နေတဲ့ ကရင်ရိုရာ ကြက်သားသုပ်လေး သုပ်စားရင်း အားလပ်ရက်ကို အပြည့်အဝခံစားလိုက်နိုင်ကြပါပြီရှင့်။
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို followလုပ်ထားပါ

image
36 w - Translate

Brown details.✨

image