8 w - Translate

၂၀၂၅ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး နှင့် တာဝန်ရှိသူများက စူဠာမုနိလောကချမ်းသာ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်ပူဇော်ပေးခဲ့သည်။
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၂၉) ရက်မှ နိုဝင်ဘာ (၅) ရက်အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်ကာလအတွင်း မြို့လုံးကျွတ်ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ (၂၅၈) လုံး၊ ညလွှတ်မီးပုံးပျံညမီးကြီး (၄၃) လုံး၊ စိန်နားပန်မီးပုံးပျံ (၃၇) လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန် ဆောင်တိုင်ပွဲတော်ကြီးတွင် တိုင်းရင်းသားလူမျိုးစုအားလုံး၏ စည်းလုံးညီညွတ်မှုကို အခြေခံသည့် ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုမောင်နှမများ အားလုံး စည်ကမ်းတကျနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆင်နွှဲကြခြင်းဖြင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဓာတ်ပုံ - လူမှုကွန်ရက်

image
image
image
image
image