ခြေစမ်းပွဲတွေကစားမယ့် အာဂျင်တီးနား လူစာရင်းမှာ မက်ဆီ ပါဝင်

အောက်တိုဘာ ၅

ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။

အာဂျင်တီးနားအသင်းဟာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရရှိထားပေမယ့် အိမ်ကွင်းအားသာချက်ကို ရရှိစေဖို့အတွက် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်နေတာပါ။

အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မယ့် အတ္တလန္တာအသင်းနဲ့ ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အင်တာမိုင်ယာမီ အသင်းဟာ Supporters' Shield အတွက်လည်း တိုက်ပွဲဝင်နိုင်တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ ၅ ဂိုး-၃ ဂိုးနဲ့ အရေးနိမ်ခဲ့ပြီးနောက် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်မှာ ခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မတ်လထဲမှာ ၂၀၂၆ Finalissima ပွဲအဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရခြင်းမရှိသေးတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဆီကို တွေ့ရစဉ်

Credit - Central News Independence

#ဘောလုံးသတင်းစုံ

image

ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိ

အောက်တိုဘာ ၅

ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံက သိရသည်။

အမျိုးသား တစ်ဦး က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြားတွင် အပေါ့စွန့်နေသည်ကို အခြား သူ တစ်ဦး က ဗွီဒီယို ရိုက်ကူးခဲ့သော ရုပ်သံဖိုင်မှာ အောက်တိုဘာလ ၁ ရက်တွင် အင်တာနက် လူမှုကွန်ယက်၌ ပြန့်နှံ့လာသောကြောင့် ဒဂုံမြို့မ ရဲစခန်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ထိုသို့ အပေါ့စွန့်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ အသက် (၂၉) နှစ်အရွယ် တင်မျိုးဝင်း(ခ) ဝက်နီ ဆိုသူ ဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်တွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကာ ၎င်းသည် စက်တင်ဘာ ၂၁ ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ပြီး ဘုရားပေါ်မှပြန်ဆင်းစဉ် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီအား ဒဂုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

❝တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန”များကို ဆောင်ရွက်ကြရမည်ဟု ယာယီသမ္မတပြောကြား❞

အောက်တိုဘာ ၅

တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်းသင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန”များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၄ ရက်၊နံနက်ပိုင်းက မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြုလေ့လာမှု အားကောင်းစေရေးဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍လည်း ယာယီသမ္မတက တက္ကသိုလ်များတွင် ရတုအဆက်ဆက် ပညာအမွေပေးနိုင်ရန် အစိုးရမှာသာမက သက်ဆိုင်သူအားလုံးနှင့် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သလို အဓိကမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရန်လိုကြောင်းနှင့် တည်ငြိမ်အေးချမ်းပြီး အဖျက်အမှောင့်များကင်းဝေးမှသာ ပညာကိုအေးချမ်းစွာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပညာတတ်ရန်၊ နိုင်ငံရေးအသိရှိရန်လိုကြောင်း ပြောကြားသည်။

အလားတူ ယနေ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာတွင် ဉာဏ်ရည်တု Al နည်းပညာကို နယ်ပယ်စုံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပြီဖြစ်သဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များကလည်း သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ AI ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့ပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ ကျွမ်းကျင်သူများ၊ ပါရဂူများကို မွေးထုတ်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image
image
image
image
image

ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်

အောက်တိုဘာ ၅

လွန်ခဲ့တဲ့ သုံးရက်တုန်းက အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အပျံစားခြေစွမ်းကို ပြသခဲ့ပြီးတဲ့နောက် မာတင်အိုဒီဂတ်ဟာ နောက်ထပ် စိတ်ပျက်စရာတစ်ခု ထပ်မံ ကြုံလာရပြန်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၃၀ မှာပင် လူစားလဲလှယ်ခြင်းခံရပြီးတဲ့နောက် ပရီးမီးယားလိဂ်သမိုင်းတွင် ပထမဆုံး သုံးပွဲဆက် ပထမပိုင်းမပြီးခင် လူစားလဲလှယ်ခံရတဲ့ ပွဲထွက်ကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာပါတယ်။

အသက် ၂၆ နှစ်ရှိ အိုဒီဂတ်ဟာ ဝက်စ်ဟမ်းပွဲမတိုင်မီ လိဒ်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့်ပွဲစဉ်တွေမှာလည်း ပထမပိုင်းမှာပင် လူစားလဲလှယ်ခဲ့ရတာပါ။

ယခင်ပွဲတွေတုန်းက အိုဒီဂတ်ဟာ ပုခုံးဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရတပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အိုဒီဂတ်ဟာ ဝက်စ်ဟမ်းတိုက်စစ်မှူးဆမ်းမားဗီလီနှင့် ဒူးချင်းတိုက်မိပြီးတဲ့နောက် လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာက "ခုလေးတင် သူနဲ့ စကားပြောလာတယ်။ အပြုသဘောမဆောင်ဘူး။ နာနေတယ်။ ကျွန်တော်တို့ စောင့်ရမယ်။ ဆရာဝန်တွေ စစ်ရဦးမယ်။ ဒါပေမယ့် ကံကောင်းလာမှာတော့ မဟုတ်ဘူး။ ရာသီစကတည်းက အခြားပြဿနာကြောင့် သူ့ကို မသုံးလာနိုင်ခဲ့ဘူး။ ပုခုံးဒဏ်ရာ ၂ ကြိမ်ရတယ်။ အခု ဒီဒဏ်ရာထပ်ရတယ်။ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ ကြည့်ရဦးမယ်။ အဖြေရှာမယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူက အထူးသဖြင့် အသင်းရဲ့ တိုက်စစ်မှာ ကွဲပြားတဲ့ အမြင်နဲ့ ကစားတဲ့ ကစားသမားပါ။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ မဆိုးဖို့တော့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြုံခဲ့ရပြီး အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၅ ပွဲကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ နွေရာသီတုန်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၅၀ အသုံးပြုခဲ့မှုနှင့်အတူ အိုဒီဂတ် ဒဏ်ရာရရှိချိန်မှာ ကြီးမားတဲ့ ပြဿနာကြုံလာမှာတော့ မဟုတ်ဘူး။

အာတီတာအနေဖြင့် အိုဒီဂတ်နေရာမှာ ဆိုစီဒက်မှ ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူထားတဲ့ ဇူဘီမန်ဒီနှင့် အစားထိုး အသုံးပြုနိုင်ပါတယ်။

အာဆင်နယ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဝက်စ်ဟမ်းနှင့်ပွဲတွင် ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ် ကျောဒဏ်ရာရရှိခဲ့တာပါ။ လက်ရှိအချိန်မှာ အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အတွက် အမှုထမ်းနေရာ ၂၀ ခေါ်ယူစာ

#govjob

imageimage
36 w - Translate

အောက်တိုဘာ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#democracynowmm

image

အောက်တိုဘာ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

အောက်တိုဘာ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
36 w - Translate

စစ်ဘေးရှောက် ကျောက်မဲသားများ ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်
Crd ကိုခိုင်ဇော်

36 w - Translate

ကျောက်မဲမြို့ စစ်ဘေးရှောင်တွေ ပြန်ဝင်ရောက်လာ
Crd ကိုခိုင်ဇော်