36 ပတ် - ဘာသာပြန်ပါ။

🌱ပဲပင်ပုံစံ ရေဆင်းပိတ်အဖုံး🚿 Bean Sprout Drain Cover🌿✨
စျေးနုန်း ၂၀၀၀ကျပ်။
✅ Soft & Durable Silicone – နူးညံ့ပြီး ခိုင်ခံ့တဲ့ Silikon ပစ္စည်းဖြင့် ပြုလုပ်ထားပြီး မကြာခဏအသုံးပြုနိုင်ပါတယ်။
🚿 Odor & Insect Barrier – ရေစီးကြောင်းမှ အနံ့ဆိုးများ၊ ပိုးမွှားများကို တားဆီးပေးနိုင်ပါတယ်။
🌬️ Non-slip Grip – ရေထဲမှာတောင် မလွတ်ပဲ တည်ငြိမ်စွာတပ်ဆင်နိုင်ပါတယ်။
🌱 Cute Bean Sprout Design – လှပပြီး အသုံးပြုရလွယ်ကူတဲ့ ဒီဇိုင်း၊ လက်မစိုဘဲ လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ပါတယ်။
🛁 Universal Fit – မီးဖိုချောင်၊ ရေချိုးခန်း၊ လေဆာခန်း စသည်ဖြင့် မည်သည့် Drain မဆို အသုံးပြုနိုင်ပါတယ်။
🧼 Easy to Clean – ရေဖြင့် ဆေးလျှော်လို့ရတဲ့ အလွယ်တကူ သန့်ရှင်းနိုင်တဲ့ ဒီဇိုင်း
🎨 Colorful Options – ထင်ပေါ်တဲ့အဝါရောင် မိမိအိမ်အလှအပနှင့် ကိုက်ညီစေပါတယ်။
Size : 15x15cm
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔖
#drainprotector #beansproutdraincover #bathroomessentials #homecare #sinkstrainer #odorbarrier #insectblocker #cutedesign #apartmentliving #silikondrainmat #မြန်မာအိမ်သုံးပစ္စည်း #အိမ်သုံးအဆင်ပြေ #အိမ်သန့်ရှင်းရေး

image
image
image
image
36 ပတ် - ဘာသာပြန်ပါ။

drain cover
🌱ပဲပင်ပုံစံ ရေဆင်းပိတ်အဖုံး🚿 Bean Sprout Drain Cover🌿✨
စျေးနုန်း ၂၀၀၀ကျပ်။
✅ Soft & Durable Silicone – နူးညံ့ပြီး ခိုင်ခံ့တဲ့ Silikon ပစ္စည်းဖြင့် ပြုလုပ်ထားပြီး မကြာခဏအသုံးပြုနိုင်ပါတယ်။
🚿 Odor & Insect Barrier – ရေစီးကြောင်းမှ အနံ့ဆိုးများ၊ ပိုးမွှားများကို တားဆီးပေးနိုင်ပါတယ်။
🌬️ Non-slip Grip – ရေထဲမှာတောင် မလွတ်ပဲ တည်ငြိမ်စွာတပ်ဆင်နိုင်ပါတယ်။
🌱 Cute Bean Sprout Design – လှပပြီး အသုံးပြုရလွယ်ကူတဲ့ ဒီဇိုင်း၊ လက်မစိုဘဲ လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ပါတယ်။
🛁 Universal Fit – မီးဖိုချောင်၊ ရေချိုးခန်း၊ လေဆာခန်း စသည်ဖြင့် မည်သည့် Drain မဆို အသုံးပြုနိုင်ပါတယ်။
🧼 Easy to Clean – ရေဖြင့် ဆေးလျှော်လို့ရတဲ့ အလွယ်တကူ သန့်ရှင်းနိုင်တဲ့ ဒီဇိုင်း
🎨 Colorful Options – ထင်ပေါ်တဲ့အဝါရောင် မိမိအိမ်အလှအပနှင့် ကိုက်ညီစေပါတယ်။
Size : 15x15cm
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔖
#drainprotector #beansproutdraincover #bathroomessentials #homecare #sinkstrainer #odorbarrier #insectblocker #cutedesign #apartmentliving #silikondrainmat #မြန်မာအိမ်သုံးပစ္စည်း #အိမ်သုံးအဆင်ပြေ #အိမ်သန့်ရှင်းရေး

36 ပတ် - ဘာသာပြန်ပါ။

ဘန်တန်ကော်ကို စာချုပ်သစ်ချုပ်ဆိုလာတဲ့ စပါးစ်

အောက်တိုဘာ ၄

စပါးစ်ဟာ ကွင်းလယ်အဖျက်ကစားသမားရိုဒရီဂိုဘန်တန်ကော်ကို စာချုပ်သစ်ချုပ်ဆိုလာပါတယ်။

ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ခုနှစ်တွင် ဂျူဗင်တပ်မှ ပြောင်းရွှေ့လာပြီးနောက် စပါးစ်အတွက် ၁၂၂ ပွဲ ကစားထားသူလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ရရှိကာ ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်မှုအား အဆုံးသတ်ရာတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ ဘန်တန်ကော်အား သက်တမ်း ဘယ်လောက်ရှိ စာချုပ်သစ်ချုပ်ဆိုသလဲဆိုတာ ကြေညာသွားခြင်း မရှိဘဲ နှစ်ရှည်စာချုပ်သစ်လို့သာ ကြေညာထားပါတယ်။

#ဘောလုံးသတင်းစုံ

image
36 ပတ် - ဘာသာပြန်ပါ။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ် အပေါ့စွန့်ခဲ့သည့် ဝက်နီဆိုသူကို ဖမ်းဆီးရမိ

အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ အမျိုးသားတစ်ဦးအား စစ်ဆေးဖော်ထုတ်ပြီးနောက် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက်က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြား၌ အမျိုးသားတစ်ဦး အပေါ့သွားနေသည့် ဗီဒီယိုအား လူမှုကွန်ရက်၌ ပျံ့နှံ့လာမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းအတည်ပြုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ တင်မျိုးဝင်း(ခ) ဝက်နီ(၂၉)နှစ်သည် စက်တင်ဘာ ၂၁ ရက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ဘုရားပေါ်မှ ပြန်ဆင်းစဉ် အင်္ဂါထောင့်မြေစိုက်စေတီအမှတ်-၄၈နှင့် အုတ်ဂူစေတီ အမှတ်-၁၁၈ ကြား၌ အပေါ့သွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည်။

ထိုသို့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီ အား ဒဂုံမြို့မရဲစခန်း၌ ရဲရေးမပိုင်သောပြစ်မှုများ မှတ်ပုံတင် အမှတ်စဉ် (၄/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

image

ကျောက်မဲမှာ ဆက်သွယ်ရေးလိုင်း ပြန်ရ၊ မြို့ပြင်က လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေ

အောက်တိုဘာ ၄

နလအ တပ်ဖွဲ့ ပြည်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြန်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေပြီး အောက်တိုဘာဘာ ၃ ရက်နေ့က လက်နက်ကျည် ကျတာရှိတယ်လို့ ဆိုပါတယ်။

"ကျောက်မဲ မြို့ထဲ လက်နက်ကျည်တွေ ကျတာ ဟုတ်တယ်။ မြို့ပြင် အပေါ်ကနေ လှမ်းပစ်ပုံရတယ်။" လို့ ဒေသခံ တယောက်က ပြောပါတယ်။

ကျောက်မဲ ဓမ္မမေဒနီ ရွှေကျင်ကျောင်းမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်ခန့်က လက်နက်ကြီးကျည်တွေ ကျပြီး အဆောက်အဦးထိခိုက်မှုရှိပေမယ့် သံဃာတော်တွေအားလုံး ဘေးကင်းတယ်လို့ သိရပြီး အုတ်ကျင်း၊ ခဲအင်း၊ တိလင် တွေဘက်မှာလည်း ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့က လက်နက်ကျည်တွေ ကျတာရှိတယ်လို့ ဆိုပါတယ်။

ကျောက်မဲ - နောင်ချို ကားလမ်းမကြီးကိုတော့ ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့ကစ ပုံမှန် သွားလာလို့ ရပြီ ဖြစ်ပြီး မိုင်းတင်း လမ်းဘက်ကနေတော့ ကျောက်မဲဘက် ဝင်လို့မရသေးဘူးလို့ ကြားသိရကာ ကျောက်မဲ - သီပေါ လမ်းမကြီးကို ကား အသွားအလာ ကန့်သတ်ထားတာရှိပြီး လားရှိုး ကနေ ကျောက်မဲကို ဗူးခါး - ခဲမွန် လမ်းကနေ လာလို့ ရကြောင်း ယာဉ်မောင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"ကျောက်မဲမှာ မိုင်တဲ ဖုန်းလိုင်းပြန်ရပြီ။ နေရာတော့ ရွေးရမယ်တယ်။ တမြို့လုံးရမရ မသိသေးဘူး။ လိုင်းတော့ ထစ်တယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

မိုင်တဲ တာဝါတိုင် ၁ တိုင် ပြန်ဖွင့်နိုင်တာလို့ သိရပြီး MPT နဲ့ Mytel တို့ ဆက်သွယ်ရေးစနစ် ပြန်လည်ပြင်ဆင်နေ ဒီ သုံး‌၊ လေး ရက်အတွင်း ကျောက်မဲ မြို့နယ်အတွင်းရှိ ဖုန်း တာဝါတိုင်အားလုံး ပြန်ဖွင့်နိုင်မယ်လို့ ကြားသိရပြီး တယ်လီနော နဲ့ အော်ရီဒူး လိုင်းက ပြင်ဆင်မှု အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။

အထက ၁ ကျောင်းမှာ သန့်ရှင်းရေး တွေ လုပ်နေတာ တွေ့ရပြီး ဌာနဆိုင်ရာ ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်‌ဆင်နေတာတွေ့ တွေ့မြင်နေရပြီ ဖြစ်ပြီး စစ်ရှောင် ဒေသခံ တချို့လည်း ပြန်‌‌ပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့ကို နလအ တပ်ဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က အလုံးစုံ ပြန်လည် သိမ်းယူခဲ့ပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Photo crd# ဒေသခံ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာ့စီးပွားရေးဘဏ်များအတွက် ငွေကိုင်နှင့်အငယ်တန်းစာရေး ၁၇၀ ဦး ခန့်ထားရန် လျှောက်လွှာခေါ်ယူထား

#govjob

imageimage
36 ပတ် - ဘာသာပြန်ပါ။

တမ်ဘားကို စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ် ‌ဆွေးနွေးနေ

အောက်တိုဘာ ၄

အာဆင်နယ်ဟာ နောက်ခံလူဂျူရီယန်တမ်ဘားကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မီခေးလ်အာတီတာလက်အောက်တွင် အရေးပါတဲ့ နောက်ခံလူအဖြစ် ကစားနေတဲ့ နယ်သာလန်လက်ရွေးစင်ကစားသမားကို လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုလိုနေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်နှင့် တမ်ဘားရဲ့အေးဂျင့်အကြား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုမှာ အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်လုံးက စာချုပ်သက်တမ်းတိုးချုပ်ဆိုရေး ဆန္ဒပြင်းပြနေမှုနှင့်အတူ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမယ့် လက်ရှိ စာချုပ်အား သက်တမ်းတိုးလာဖို့ သေချာသလောက် ရှိနေပါတယ်။

အသက် ၂၄ နှစ်ရှိ နောက်ခံလူဟာ ၂၀၂၃ ခုနှစ်နွေရာသီတွင် အေဂျက်စ်မှ ပေါင် ၃၄.၄ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိကာ ကာလရှည်ကြာ အနားယူခဲ့ရကာ တစ်ရာသီလုံးတွင် တစ်ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ၂၀၂၄-၂၅ ရာသီမှာတော့ ၅၁ ပွဲအထိ ကစားနိုင်ခဲ့သလို ယခုရာသီတွင်လည်း အဓိကညာနောက်ခံလူအဖြစ် ပုံမှန်ပွဲထွက်ကစားခွင့် ရနေပါတယ်။

အာဆင်နယ်ဟာ အဓိကနောက်ခံလူဝီလီယမ်ဆာလီဘာကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုထားပြီး ဖြစ်သလို ဘူကာယိုဆာကာကိုလည်း စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးနေပါတယ်။

#ဘောလုံးသတင်းစုံ

image
36 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံ ပြည်ပခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျ

ဘန်ကောက်၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ပထမ ၉ လတာ ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ၂၄,၁၁၅,၃၂၈ ဦး ရောက်ရှိခဲ့ပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းတွင် ပြည်ပခရီးသွားများထံမှ ဘတ် ၁,၁၁၃,၇၅၅ သန်း ရရှိခဲ့သော်လည်း ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှု အများဆုံး ထိပ်သီး ၁၀ နိုင်ငံမှ ပြည်ပခရီးသွား များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံ တို့မှ ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားသော်လည်း ခရီးစဉ်တစ်ခုလျှင် ခရီးသွားများ၏ ပျမ်းမျှ အသုံးစရိတ်သည် တိုးလာခဲ့သည်။

ယခုနှစ်အတွင်း ခရီးစဉ် တစ်ခုချင်းစီတွင် လူတစ်ဦးအလိုက် ပျမ်းမျှ အသုံးစရိတ်မှာ ဘတ်ငွေ ၄၆,၀၀၀ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်။

ပြည်ပခရီးသွား လုပ်ငန်းအပြင် ပြည်တွင်းခရီးသွား လုပ်ငန်းမှာမူ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ပြည်တွင်းခရီးသွား ၁၄၈ ဒသမ ၇ သန်း ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူက ပြည်တွင်းခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဘတ် ၈၅၄,၃၅၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၃၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: The Nation

ပုံ - ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်

#centralnewsnaypyitaw

image

နမ့်တစ်မြို့က ရွှေဆိုင်ကို မြေအောက်လှိုဏ်ခေါင်းတူးပြီး ဖောက်ထွင်းသွားတဲ့ တရားခံ ဖမ်းမိ

အောက်တိုဘာ ၄

နမ့်တစ်မြို့ရှိ တရုတ်ရွှေဆိုင် တဆိုင်ကို မြေအောက်ကနေ ၉ ရက်ကြာ ဥမင်လှိုဏ်ခေါင်းတူးပြီး ဖောက်ထွင်းသွားတဲ့ တရားခံကို အောက်တိုဘာလ ၁ ရက်နေ့က UWSA ရဲ တပ်ဖွဲ့က ဖမ်းမိပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဖောက်ထွင်း ခိုးယူသူက ကိုးကန့်နယ်ခံပါ။ အောက်တိုဘာလ ၁ ရက်နေ့က ဝ အဖွဲ့ ဖမ်းမိတာပါ။ တည်းခိုခန်းမှာ မိတာပါ" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူက အသက် ၂၇ နှစ် အရွယ် အားချိန်း ဆိုသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"ရွှေဈေးတက်လာတာကို တွေ့ခဲ့ရပြီး အိမ်ဆောက်ချင်တာကြောင့် ရွှေခိုးခဲ့တာ" လို့ ဖောက်ထွင်း ခိုးယူခဲ့သူ တရားခံကို စစ်ဆေးမှု မှတ်တမ်း အရ သိရပါတယ်။

‌ဆိုင်အနီး လူသွား စင်္ကြံအောက်ကနေ ဥမင်လှိုဏ်ခေါင်း တူးဖို့အကြံရခဲ့ပြီး လိုအပ်တဲ့ ကိရိယာတွေကို အွန်လိုင်းကနေ မှာယူခဲ့ကာ ဥမင်လှိုဏ်ခေါင်း တူးချိန် ၉ ရက်ကြာခဲ့တယ်လို့လည်း မှတ်တမ်းအရ သိရပါတယ်။

ခိုးယူခဲ့တဲ့ ရွှေ အချိန်အဆ မသိရှိပေမယ့် မိုင်းလားမှာ တရုတ် Kuaishou App ကနေ ရွှေဝယ်သူ တယောက်ကို ဆက်သွယ်ပြီး ရွှေ ၅၅၁ ဂရမ်ကို တစ်ဂရမ် ယွမ် ၈၄၀ နှုန်း၊ ယွမ် ၄၆၃,၀၀၀ (သိန်း ၂၇၀၀ ကျပ် ဝန်းကျင်ခန့်) နဲ့ ရောင်းချခဲ့ပြီး ရွှေတချို့ ချန်ထားခဲ့ကာ ဖုန်း ယွမ် ၂၀၀၀ တန် တလုံးဝယ်ခဲ့တယ်လို့ ထွက်ဆိုထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၉ နာရီခွဲလောက်မှာ တရားခံ အိမ်ပြန်ဖို့ ပြန်လာချိန် ဟိုပန် တံတားကို ဟိုပန်က UWSA ရဲ တွေဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

UWSA ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ တရုတ်လူမျိုးပိုင် "ဟောင်ကောင်" အမည်ရှိ ရွှေဆိုင်တဆိုင်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက် နေ့ တရုတ်စံတော်ချိန် မနက် ၅ နာရီ ခန့်က တိုက်အောက်ကနေ လှိုဏ်ခေါင်း ဖောက်ပြီး ဆိုင်ထဲကရွှေတွေ ခိုးယူမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
36 ပတ် - ဘာသာပြန်ပါ။

ဆာဗင်ဟိုကို ၂၀၃၁ ခုနှစ်အထိ မန်စီးတီး စာချုပ်သစ်ချုပ်ဆိုလာ

အောက်တိုဘာ ၄

မန်စီးတီးဟာ တောင်ပံကစားသမားဆာဗင်ဟိုကို ကလပ်တွင် ၂၀၃၁ ခုနှစ်အထိ ထိန်းထားနိုင်မယ့် ၂ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလာပါတယ်။

အသက် ၂၁ နှစ်ရှိ ဘရာဇီးတောင်ပံကစားသမားဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ထရိုယက်စ်မှ ပေါင် ၃၀.၈ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်စီးတီးတွင် ဒုတိယမြောက် ရာသီ ကစားနေတာပါ။

သူဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးအတွက် ၅၄ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းကာ ၁၂ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

သူဟာ နွေရာသီတုန်းက စပါးစ်ရဲ့ ခေါ်ယူရေး ကြိုးပမ်းခြင်းခံခဲ့ရပေမယ့် မန်စီးတီးဘက်က ရောင်းချရန် ပယ်ချခဲ့ပါတယ်။

မန်စီးတီးဟာ အလယ်တန်းကစားသမားနီကိုအိုရိုင်လီနှင့် နောက်တန်းအစွန်လူရီကိုလီဝစ်တို့အား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက် ဆာဗင်ဟိုအား စာချုပ်သစ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image