ရက်ဖို့ဒ် ပထမဆုံးလာလီဂါဂိုး သွင်းနိုင်ခဲ့ပေမယ့် ၁၉၅၁ ခုနှစ်နောက်ပိုင်း ဆီဗီလာကို အကြီးမားဆုံးရှုံးပွဲ ကြုံတွေ့လာတဲ့ ဘာစီလိုနာ

အောက်တိုဘာ ၆

ဘာစီလိုနာဟာ ဆီဗီလာအား အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်မယ့် အခွင့်အရေး လက်လွှတ်လိုက်ရပါတယ်။

လာလီဂါထိပ်ဆုံးနေရာကို ရယူရေး အနိုင်ရဖို့ လိုနေတဲ့ ဘာစီလိုနာဟာ ဆီဗီလာကို ၄-၁ ဖြင့် ရှုံးနိမ့်ကာ ၁၉၅၁ ခုနှစ်တုန်းက ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အကြီးမားဆုံးဆီဗီလာရှုံးပွဲကြုံတွေ့လာရတာလည်း ဖြစ်ပါတယ်။

အိမ်ရှင်ဆီဗီလာဟာ ပွဲအစ ၁၃ မိနစ်မှာ ဆန်းချက်ဇ်ရဲ့ ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုး ရရှိခဲ့ပြီး ၃၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အိုဆစ်ရိုမီယိုရဲ့ ဂိုးဖြင့် ဘာစီလိုနာအား ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းနာကျင်အချိန်ပိုမှာ မားကပ်စ်ရက်ဖို့ဒ်က ပီဒရိုရဲ့ ပေးပို့မှုကနေ မြေမကျဘောကန်သွင်းခဲ့ ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးက မားကပ်စ်ရက်ဖို့ဒ်အတွက် ပထမဆုံးလာလီဂါဂိုးလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဆီဗီလာတို့ ခံစစ်အား ကျစ်ကျစ်လစ်လစ် ကစားနိုင်မှုနှင့်အတူ ဘာစီလိုနာတို့ ထိုးဖောက်ရခက်ခဲခဲ့ပေမယ့်လည်း ဘယ်ဒီကို ဂျာနူဇာက ပြစ်ဒဏ်ဘောကျူးလွန်မှုကြောင့် ဘာစီလိုနာတို့ ပင်နယ်တီ ရရှိလာခဲ့ပါတယ်။

ယင်းပင်နယ်တီကို ရောဘတ်လီဝန်ဒေါ့စကီး ကန်ရာမှာ လွဲချော်သွားခဲ့လို့ ဘာစီလိုနာတို့ ချေပဂိုးရမယ့် အခွင့်အရေး လက်လွှတ်လိုက်ရပါတယ်။

ယင်းနောက်မှာတော့ ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပို ၉၆ မိနစ်တို့မှာ ကာမိုနာနှင့် အဒမ်တို့က ဆီဗီလာအတွက် အနိုင်သေချာစေမယ့် ဂိုးတွေကို ထပ်မံ သွင်းယူလာကြပါတယ်။

ဘာစီလိုနာဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးမှ ရီးရဲလ်မက်ဒရစ်နှင့် ရမှတ် ၂ မှတ်ကွာဟနေပါတယ်။ ဘာစီလိုနာဟာ ကြားရက်တုန်းက ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီးနောက် နှစ်ပွဲဆက် အရှုံးနှင့် ကြုံတွေ့လာရတာလည်း ဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image

အရက်အတူသောက်သည့် မြန်မာနိုင်ငံသားနှစ်ဦး အမူးလွန်စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား

အောက်တိုဘာ ၆

ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းရှိ ပထုန်မြို့တွင်​အောက်တိုဘာ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတစ်ခုအတွင်း မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

ပထုန်ရဲတပ်ဖွဲ့ထံသို့ ည ၇ နာရီ ၂ မိနစ်တွင် ရတ်ချာပတ်သ်နုဆွန်လမ်းမပေါ်ရှိ ဆွိုင် ခလောင်ဘန်၀က်လမ်းကြား၌ ငှားရမ်းနေထိုင်သည့် အခန်းတစ်ခု၌ ဓားထိုးမှု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက် ရောက်ရှိလာခဲ့သည်။

အခင်းဖြစ်ရာသို့ ထိုင်း​ရဲများ ရောက်ရှိချိန်တွင် အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းဝင်း သည် ၎င်းနေထိုင်ရာ အခန်းအပြင်ဘက်၌ ပြင်းထန်သော ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲလျက် တွေ့ရှိခဲ့ရသည်။

လူနာကို ကူလ်ဆိုဒမ်ဖူးခတ်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သားများက အရေးပေါ် အသက်ကယ် ကုသမှုများ ပြုလုပ်ကာ ပထုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

​အင်္ကျီမပါဘဲ ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားသည့် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများစွာ တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ၂၂ စင်တီမီတာ (၉ လက်မနီးပါး) ရှိ ဓားတစ်ချောင်းကိုလည်း အခင်းဖြစ်ပွားရာနေရာမှ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။

​မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ တရားခံသည်လည်း မြန်မာနိုင်ငံသားဖြစ်ပြီး ကိုဇော်မင်းဝင်းနှင့် ရင်းနှီးသူ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြသည်။ ​ထိုရန်ပွဲသည် အလျင်အမြန်ပင် အကြမ်းဖက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားထိုးမှုကြောင့် သေဆုံးသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။ တရားခံသည် တိုက်ခိုက်မှုအပြီးတွင် နေရာမှ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့သလို ဒေသခံများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

​ရဲတပ်ဖွဲ့သည် တရားခံအား လိုက်လံရှာဖွေနေပြီး ၎င်း၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်ရန် ထိုနေရာတစ်ဝိုက်ရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေသည်။ အာဏာပိုင်များက အဆိုပါဓားထိုးမှုသည် အရက်ကြောင့် ဖြစ်ပေါ်လာသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခကြောင့်ဟု ယူဆထားသည်။

ပထုန်ရဲတပ်ဖွဲ့က ဓားထိုးသူ၏ ပုံပန်းသဏ္ဍာန်ကို ရရှိထားပြီး တရားခံကို ဖမ်းဆီးနိုင်ရန် တက်ကြွစွာ လုပ်ဆောင်နေကြောင်း Phuket သတင်းဌာနသို့ အာမခံပြောကြားခဲ့သည်။ ရဲအရာရှိများက သေဆုံးသူအတွက် တရားမျှတမှုရရှိစေရန် စုံစမ်းစစ်ဆေးမှု အပြည့်အစုံ ဆောင်ရွက်နေကြောင်းလည်း အာမခံထားသည်။

Ref, The Thaiger

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

သီတင်းကျွတ်ပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း (Photo News)

အောက်တိုဘာ ၆

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါသမယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးသူများ၊ ကုသိုလ်ပြုသူများဖြင့် လူတိုးမပေါက်အောင် စည်ကားများပြားနေတွေ့မြင်ရသည်။
ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ ဘုရားဖူးများ အလွန်များပြားခဲ့ခြင်းဖြစ်သည်။

Credit - NP News Agency

#centralnewsnaypyitaw

imageimage
+8
36 w - Translate

လပြည့်နေ့ ရန်အောင်မြင်ဘုရားရောက်
ငလျင်ဒဏ် ပြုပြင်ဆဲ

image
36 w - Translate

လပြည့်နေ့ နေပြည်တော်ရန်အောင်မြင်ဘုရားရောက်
ငလျင်ဒဏ် ပြုပြင်ဆဲ

imageimage

နာပိုလီကို စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်လာတဲ့ ဟွိုင်းလန်း

အောက်တိုဘာ ၆

ရာစမပ်ဟွိုင်းလန်းဟာ ဂျီနိုအာအား နောက်က လိုက်ကစားရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူပေးပြီး စီးရီးအေချန်ပီယံ နာပိုလီအား အမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်လာပါတယ်။

နာပိုလီဟာ အဲဟာတိုရဲ့ ၃၃ မိနစ် လှပတဲ့ နောက်ပေါက်သွင်းဂိုးကြောင့် ဧည့်သည် ဂျီနိုအာအား နောက်ကလိုက်ကစားခဲ့ရပါတယ်။

ဒုတိယပိုင်း ၅၇ မိနစ်မှာ အန်ဂူဆာက နာပိုလီအတွက် ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာတော့ ဟွိုင်းလန်းက အန်ဂူဆာရဲ့ ကန်ချက်ကို ဂိုးသမားပုတ်ထုတ်လိုက်မှုကနေ ပိတ်သွင်းပြီး နာပိုလီအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဟွိုင်းလန်းဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ယူနိုက်တက်မှ အငှားဖြင့် ပြောင်းလာပြီးနောက် နာပိုလီအတွက် ၄ ဂိုးသွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

ကွန်တီရဲ့ နာပိုလီဟာ အခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရရှိထားခဲ့ပေမယ့်လည်း ကျစ်လစ်တဲ့ ဂျီနိုအာခံစစ်ကို ဖြိုခွဲရ ခက်ခဲခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် နာပိုလီဟာ ရမှတ် ၁၅ မှတ်ဖြင့် ရိုးမားနှင့်ရမှတ်တူနေပေမယ့်လည်း ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လာပါတယ်။

ပက်ထရစ်ဗီအဲရာရဲ့ ဂျီနိုအာကတော့ နာပိုလီရှုံးပွဲကြောင့် အဖွင့်ပွဲ ၆ ပွဲမှာ နိုင်ပွဲမရသေးဘဲ ရမှတ် ၂ မှတ်ဖြင့် တန်းဆင်းဇုန်မှာ ဆက်ရှိနေပါတယ်။

နာပိုလီဟာ နိုင်ငံတကာပွဲစဉ်များအပြီးမှာ တူရင်သို့ သွားရောက်ပြီး တိုရီနိုနှင့် ရင်ဆိုင်ရမှာ ဖြစ်သလို ဂျီနိုအာက ပါးမားကို ဧည့်ခံကစားရပါမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

စစ်တွေမြို့နေ အမျိုးသမီး(၈)ဦးကို လူကုန်ကူးခဲ့သူများအား အလုပ်နှင့်ထောင်ဒဏ် ချမှတ်

အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အမျိုးသမီး (၈)ဦးကို လူကုန်ကူးခဲ့သူ (၃)ဦးအား အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်နေ စောသန်းမေ၊ အောင်အောင်နှင့် သန်းလှိုင်တို့က အဆိုပါမြို့နေ အမျိုးသမီးရှစ်ဦးတို့ကို တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၄၀ ရမည်ဖြစ်၍ တစ်နှစ်ပေါင်းသင်းနေထိုင်ရမည်ဖြစ်ပြီး ငွေများအား တရုတ်နိုင်ငံသို့ရောက်ရှိပါကပေးမည့်အပြင် ခရီးစရိတ်အကုန်ကျခံပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၄၉)ရပ်ကွက်နေ ဒေါ်ခင်ကြည်နှင့် သမီးဖြစ်သူ ဝဿန်မိုမိုတို့ထံ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့က အမျိုးသမီး ရှစ်ဦးကို မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ အောင်အောင်၊ သန်းလှိုင်နှင့် ဝဿန်မိုမိုတို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိမ်းရှောင်တရားခံ ဒေါ်ခင်ကြည်နှင့် စောသန်းမေ တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၆

#ရွှေဈေး

-ကမ်ဘာ့ရွှေဈေး
တအောင်စ ၃၉၂၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေဈေးကွက် အဖွင့်ဈေးနှုန်း

- အကယ္ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၆၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၄၀၀၀၀ ကျပ်

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်ဈေး

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၃၉၇၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၇၅ ကျပ်
ဝယ်ဈေး - ၄၆၅၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၅ ကျပ်
ဝယ်ဈေး - ၉၄၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၁၅ ကျပ်
ဝယ်ဈေး - ၂၆.၄၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၅ ကျပ်
ဝယ်ဈေး - ၄၄.၇၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၈ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၇၅ ကျပ်
ဝယ်ဈေး - ၅၃၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၈ ကျပ်
ဝယ်ဈေး - ၂၆၂၂ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၅ ကျပ်
ဝယ်ဈေး - ၂၈၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၅ ကျပ်
ဝယ်ဈေး - ၅၁၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၀၈ ကျပ်
ဝယ်ဈေး - ၁၀၈၁ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ ရရှိလာပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်နှင့် ဝင်းဂါးတို့အား ညစာဖိတ်ကျွေးမယ်လို့ ဂွါဒီယိုလာ ပြောကြားလာ

အောက်တိုဘာ ၆

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အား အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးတဲ့နောက် အထူးစပါယ်ရှယ်အောင်ပွဲခံရန် စီစဉ်နေပါတယ်။

ဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် နိုင်ပွဲ ၂၅၀ ရယူနိုင်တဲ့ ၁၆ ဦးမြောက်နည်းပြဖြစ်လာပါတယ်။

ယခင်တုန်းက ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အမြန်ဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် ဆာအဲလက်စ်ဖာဂူဆန်က ၄၀၄ ပွဲဖြင့် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာဟာ ပွဲ ၃၄၉ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၂၅၀ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ယင်းမှတ်တမ်းအား အမြန်ဆုံး ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက "ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နဲ့ အတူ မှတ်တမ်းရေးထိုးနိုင်လို့ ဂုဏ်ယူတယ်။ သူတို့ကို ကောင်းမွန်တဲ့ညစာစားဖို့ ဖိတ်သွားမယ်။ ပရီးမီးယားလိဂ်သမိုင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ အရမ်းကျေနပ်တယ်။ အရမ်းကျေနပ်တယ်။ အခု ပွဲ ၂၅၀ ကျော်နိုင်ပွဲတွေဆီသို့ သွားကြစို့"လို့ ပြောကြားလာပါတယ်။

မန်စီးတီးကို ၁၀ ရာသီမြောက် ကိုင်တွယ်နေတဲ့ ဂွါဒီယိုလာဟာ ၂၀၁၆ တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် ရယူပေးထားသလို ၂၀၂၃ ခုနှစ်တုန်းက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၇-၁၈ ရာသီတုန်းက ပရီးမီးယားလိဂ် ၃၈ ပွဲတွင် နိုင်ပွဲ ၃၂ ပွဲအထိ ရယူကာ သမိုင်းတွင် တစ်ရာသီတည်း ရမှတ် ၁၀၀ အထိ ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သလို ပရီးမီးယားလိဂ်ဖလား ၄ ရာသီဆက် ရယူထားနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ၁၆ ဦး ဒဏ်ရာရ

အောက်တိုဘာ ၆

ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ ဘုရားဖူးလာရောက်သည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ဘုရားဖူးခရီးသည် ၁၆ ဦး ဒဏ်ရာရမှု အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ကျိုက်ထိုမြို့မှ ရန်ကုန်သို့ ဘုရားဖူးရန်လာသော ခရီးသည်တင် Mini Bus ကားတစ်စီးသည် လှည်းကူး Max တိုးဂိတ်အနီး ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်အခြမ်းဘက်ရှိ ပလက်ဖောင်းနှင့် အကာအရံများအားကျော်၍ လမ်းဘေးသို့ရောက်ရှိ တိမ်းမှောက်သွားကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် လူ ၁၆ ဦးတွင် အဝါရောင်အဆင့် ၂ ဦးနှင့် အစိမ်းရောင်အဆင့် လူနာ ၁၄ ဦးအား လှည်းကူးပရဟိတကွန်ရက်မှ ကြက်ခြေနီများအပါအဝင် လူနာတင်ယာဥ် ၅ စီး၊ ထောက်ကြံ့ကွန်ရက်မှ လူနာတင်ယာဥ် ၂ စီး၊ YRO ရှာ/ကယ် အတွင်းရေးမှူး (မိုးပျံ)နှင့် "01" အဖွဲ့တို့မှ လူနာတင်ယာဥ် ၄ စီး တို့ဖြင့် သွားရောက်ကူညီကာ လူနာများအား လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - YRO & ရှင်သန်ရေးကူညီမှုအသင်း

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image