ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ရောက်ရှိတော့မည်
-----------------------
တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)မှာ အရင်က ထိန်းသိမ်းမွေးမြူ ပြသခဲ့ဖူးတာမရှိတဲ့ ပန်ဒါနီလေးတွေကို မကြာမီ ကာ လအတွင်း မြင်တွေရတော့မှာ ဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)က ထုတ်ပြန်ထားပါတယ်။
MAI လေယာဥ်ခရီးစဉ်နဲ့ ပန်ဒါနီလေးတွေကို မြစ်ကြီးနားကနေ တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ကို ခေါ်ဆောင်လာနေ ပြီဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ကတစ်ဆင့် တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)ကို ဂရုတစိုက် ပြန်လည်ခေါ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပန်ဒါနီလေးတွေဟာ မျိုးသုဥ်းမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါ အဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်တွေမှာ ပန်ဒါနီလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြသထားတာဟာ ပန်ဒါနီ လေးတွေအတွက် မျိုးဆက်ထိန်းသိမ်းတာ၊ သားဖောက်တာနဲ့ မျိုးသုဥ်းတဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပန်ဒါနီလေးတွေဟာ အအေးပိုင်းဒေသကလာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်တဲ့ အကောင်ငယ်လေးတွေ ဖြစ်တဲ့ အတွက် တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)မှာ ထားရှိရာမှာလည်း အဆင်ပြေပြေ၊ သက်သောင့်သက်သာနဲ့ အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် သီးသန့် ပန်ဒါနီအိမ်လေးတွေကို သေသေချာချာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အလွန်ချစ်စဖွယ်ကောင်းတဲ့ ပန်ဒါနီလေးတွေ တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)ကို မကြာမီ ရောက်ရှိမှာ ဖြစ်တာကြောင့် ကိုယ်တိုင်မြင်တွေ့လိုသူတွေအနေနဲ့ တိရစ္တာန်ဥယျာဥ်(ရတနာပုံ)ကို လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။