Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ဝက်ချဉ်ပေါင်
ဝက်သားနဲ့ချဥ်ပေါင် တစ်ခွက်ချက်
ငပိရည်စပ်စပ်မွှေးမွှေးလေးဖျော်
အသီးအရွက်ပြုတ်ချိုချိုလေးတွေ အတို့လုပ်
အရည်သောက်ပါမှ ဆိုရင်တော့... ပဲဟင်းချိုကျဲကျဲလေး ဒါမှမဟုတ် ဘူးသီးဟင်းခါးလေးပါ ချက်
ဂွယ်ရှယ် နော် 😋😋
ဟင်းချက်နည်းရေးပေးလိုက်ပါတယ်
ဝက်သားသုံးထပ်သား / ပေါင်သား ၂၅ကျပ်သား
ချဉ်ပေါင်ရွက် ၂စည်း
( မျှစ်ထည့်ချင်ရင် အနည်းငယ်ထည့်လို့ရပါတယ်)
ကြက်သွန်နီ ကြီးကြီး ၁လုံး
ကြက်သွန်ဖြူအကြီး ၄မွှာ
ဂျင်းလက် ၁ဆစ်ခန့်
ငရုတ်သီးခွဲကြမ်းမှုန့် လဘက်ရည်ဇွန်း ၂ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် ။ ။ ၂ဇွန်း
နနွင်း အနည်းငယ်
မျှင်ငပိ လဘက်ရည်ဇွန်း ၁ဇွန်းခန့်
ဆီ အကြမ်းပန်းကန်လုံး တစ်ဝက်ခန့်
အချိုမှုန့် ဆား နှစ်သက်သလိုချိန်ဆထည့်ပါ
ဝက်သုံးထပ်သား/ ပေါင်သားကို အနေတော်အရွယ်တုံး အချိုမှုန့် ဆား နနွင်းတို့နဲ့နယ်ထားပါ
ချွေထားတဲ့ ချဉ်ပေါင်ရွက်ကို ဒယ်အိုးထဲထည့် အဖုံးအုပ်ပြီး မီးဖိုပေါ်ခဏတည်ပါ (ရေမထည့်ပါဘူး) အရွက်နွမ်းလာရင် ဇွန်းနဲ့ကြေအောင်မွှေပြီး မီးဖိုပေါ်ကချထားပါ
ကြက်သွန်ဖြူ နီ ဂျင်းတို့ကို နုတ်နုတ်စင်းထားပါ
ဆီအိုးတည်ပါ ကြက်သွန်ဖြူနီဂျင်းဆီသတ်ပါ နနွင်းမှုန့်ထည့်ပါ
ကြက်သွန်အနည်းငယ်ခြောက်ပြီးဝါရောင်သန်းလာရင် ငရုတ်သီးမှုန့်ထည့်ပါ ခဏမွှေပေးပါ
အရသာနယ်ထားတဲ့အသားထည့်ပါ
အသားအနည်းငယ်ကျစ်သွားတဲ့ထိ အထက်အောက်မွှေပေးနေပါ အသားကျစ်သွားပြီဆို ရေနွေးထည့် အဖုံးအုပ်ပြီးအသားနူးအောင်ချက်ပေးပါ အရမ်းမနူးပါစေနဲ့နော်
အသားနူးသွားမှ မျှင်ငပိ ချဉ်ပေါင် မျှစ်တို့ထည့်ပါ
ရေကို အပျစ်အကျဲ ကိုယ်လိုအပ်သလောက်ချိန်ပြီး အနည်းငယ်ထပ်ထည့်ပါ
အပေါ့အငန်အရသာမြည်း လိုသလိုဖြည့်ထည့်ပြီး
ပွက်ပွက်ဆူအောင် တည်ပေးလိုက်ရင် ထမင်းမြိန်စေတဲ့ ဝက်ချဉ်ပေါင်ဟင်းတစ်ခွက်ရပါပြီရှင်
၂၀၁၂ ခုနှစ်တုန်းက Jimmy Zhong ဟာ Silk Road လို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်မှာ Bitcoin တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေတာကို တွေ့ရှိခဲ့ပါတယ် သူဟာ အဲဒီဝက်ဘ်ဆိုဒ်ရဲ့ ငွေပေးချေမှုစနစ်မှာရှိတဲ့ လုံခြုံရေးချို့ယွင်းချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
ဒီအားနည်းချက်ကို အသုံးပြုပြီး သူဟာ ဒီနေ့ခေတ်တန်ဖိုးနဲ့ဆိုရင် ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ Bitcoin ၅၁,၆၈၀ ကို အောင်အောင်မြင်မြင် နဲ့ ခိုးယူနိုင်ခဲ့ပါတယ်
Bitcoin တွေ ခိုးယူပြီးနောက်မှာ Jimmy Zhong ဟာ သဲလွန်စပျောက်အောင် အဆင့်ဆင့် လွှဲပြောင်းခဲ့ပြီး ၁၀ နှစ်နီးပါးတိတိ ပျောက်ဆုံးနေခဲ့ပါတယ် သူဟာ Bitcoin အချို့ကို ဇိမ်ခံပစ္စည်းတွေ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ကားတွေဝယ်ယူကာ ဖြုန်းတီးခဲ့ပြီး အများစုကိုတော့ ဖွက်ထားနိုင်ခဲ့ပါတယ်
၂၀၂၁ ခုနှစ်မှာတော့ FBI အေးဂျင့်တွေဟာ သူ့အိမ်ကို စီးနင်းရှာဖွေခဲ့ပြီး လျှို့ဝှက်ခန်းတစ်ခုထဲမှာ flexible computer စက်တစ်ခုကို တွေ့ရှိခဲ့ပါတယ် ပိုပြီးအံ့ဩစရာကောင်းတာကတော့ အဲဒီစက်လေးကို ပြောင်းဖူးပေါက်ပေါက်ဗူး (popcorn tin) တစ်ခုထဲမှာ ဖွက်ထားတာဖြစ်ပါတယ်
အဲဒီစက်ထဲမှာ သူခိုးယူထားတဲ့ Bitcoin တွေရဲ့ private key တွေကို သိမ်းထားတဲ့ ဖိုင်တွေပါဝင်နေတာကို တွေ့ခဲ့ရပါတယ် ဒီတွေ့ရှိမှုကြောင့် FBI ဟာ သူ့ရဲ့ ခိုးယူထားတဲ့ Bitcoin တွေကို အောင်အောင်မြင်မြင်နဲ့သိမ်းယူနိုင်ခဲ့ပါတယ်
၂၀၂၃ ခုနှစ်မှာတော့ Jimmy Zhong ကို ထောင်ဒဏ်တစ်နှစ်နဲ့ တစ်ရက်သာ ချမှတ်ခဲ့တဲ့အတွက် အများပြည်သူအကြား အံ့ဩစရာဖြစ်ခဲ့ပါတယ် ဒီလိုမျိုး ထောင်ဒဏ်လျော့ပေါ့ခံရတဲ့အကြောင်းရင်းကတော့ သူဟာ သူ ခိုးယူထားတဲ့ Bitcoin အများစုကို အာဏာပိုင်တွေဆီ ပြန်လည်အပ်နှံရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်
Capricorn ♑️, Cancer ♋️, Libra ♎️, Gemini ♊️, Taurus ♉️, Aries ♈️, Aquarius ♒️
ငါတို့ကို crh တော့မယ်ဆိုရင်ငါတို့ကိုလဲလာကြိုက်နေရမယ် ။ဒါပေမဲ့ ငါတို့ကတော့ ပြန်ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူး”)
အေးငါတိုါပြန်မကြိုက်လို့ဆိုပြီး နင်ကငါ့တို့ကိုမကြိုက်တာမျိုးတော့မရှိရဘူး။သူများကိုသွားကြိုက်နေတာမျိုးလဲမဖြစ်ရဘူး။ဒါပေမဲ့ ငါတို့ကတော့ သူများကိုကြိုက်ရင်လဲကြိုက်နေမယ်။ဒါပေမဲ့နင်ကတော့မကြိုက်ရဘူး🥹
မရှင်းရင်တော့ ၂ခါပြန်ဖတ်ကြည့်”)