ပိစပ်ရွက်ရဲ့ အစွမ်းသတ္တိ ..🌿
ပိစပ်ရွက်(ဘီးစပ်ရွက်/ ဇာမဏီရွက် / တောရှုပ်ရွက် / နတ်ဆေးရွက်) ဒေသအလိုက်နာမည်ခေါ်မတူပါ။
ပိစပ်ရွက်ကို ပြုတ်ပြီး တို့စားစရာ ဟင်းအဖြစ် လည်းကောင သားငါးများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ စားသုံးပါက ၀မ်းမီးကို တောက်စေ၍ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ခြင်းကို ပျောက်ကင်း စေပါသည်။ နာတာရှည် ၀မ်းပျက်ခြင်း အတွက် အထူး သင့်လျော်သော ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါသည်။ ပိစပ်ရွက်ကို သင့်တော်သော အတိုင်းအတာ အထိ သုံးပါက ဆီးရွှင်စေပြီး၊ ချွေးထွက် စေပါသည်။
ပိစပ်ကို အလွန်အကဲ ဆေး၌ အသုံးပြုပါက အန်တက်သည်။ ပိစပ်သည် ကိုယ်ရေဝါ ရောဂါ၊ သွေးအန် သွေးကျ ရောဂါ၊ အနာပျက် ရောဂါ၊ ရောင်တင်းခြင်း တို့၌ အသုံးပြု နိုင်သည်။ ပိစပ်ရွက်သည် သွေးကို ကြွစေ၊ သက်စေ တက်သဖြင့် မီးယပ် သွေးငုပ်သူများနှင့် သင့်တော် ပါသည်။ ပိစပ်ရွက် သတ္တုရည်ကို အောင်စ၀က်ခန့် တိုက်ကျွေးပေးခြင်းဖြင့် ငှက်ဖျား ရောဂါနှင့် အဆိပ်ရှိ သတ္တဝါများ ကိုက်ခဲခြင်းကို ပျောက်စေနိုင်သည်။ အအေးမိ ရောဂါနှင့် တုပ်ကွေး ရောဂါ များတွင် ပိစပ်ရွက် ပဉ္စငါးပါးကို ကွမ်းရွက်နှင့် ပြုတ်၍ အောင်စ ၀က်ခန့် တိုက်ကျွေးပါက သက်သာ စေသည်။ ပိစပ်ရွက်သည် တုတ်နှင့် သန်ကို ကျစေ နိုင်သော အစွမ်းရှိသည်။
ပိစပ်ရွက် သတ္တုရည် အောင်စ၀က် ခန့်ကို သိန္ဒောဆားနှင့် တိုက်ပေးပါက သလိပ်ကို ကြေစေပြီး၊ သလိပ်ကို ရွှင်စေသည်။ ပိစပ်ကို ရိုးကိုက်ဖျားခေါ် ကြွက်သား ရိုးဆက်များ ပြင်းထန်စွာ ကိုက်ခဲ၍ ဖျားနာခြင်းကို ကုသရာတွင် သုံးသည်။ ပိစပ် သတ္တုရည်ကို အစာ မကြေသော ရောဂါများတွင် သုံးသည်။ ပိစပ် (တော) ၅၀ကျပ်သားကို ရေစင်အောင် ဆေး၍ ထောင်းထုပြီး အရွက်ဦးရည် (သို့) အရက်ပျံ ၁၀၀၀ စီစီတွင် သုံးရက်ကြာ စိမ်ထားပါ။ ၎င်း ဆေးရည်ကို ထိခိုက်ရှနာ ၊ ဒဏ်ရာ၊ အဆစ် အမြစ် ကိုက်ခဲနာ၊ အဖော အရောင်နှင့် အနာပေါက် ရောဂါ များတွင် ထည့်ပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပါက အဆိုပါ အနာ ရောဂါများ လျင်မြန်စွာ သက်သာ ပျောက်ကင်း နိုင်သည်။
ပိစပ်ရွက် သတ္တုရည် (သို့) အဆိုပါ အရည်သည် အထူး အားဖြင့် ထိခိုက် ရှနာနှင့် ဒဏ်ရာများ အတွက် အထူး အစွမ်း ထက်သော ဆေးဖြစ်သည်။ ပိစပ် (တော) ပဉ္စငါးပါး ပြုတ်ရည်ကို အနှစ် ရအောင် ကျိုပြီး ပျားရည်နှင့် ရောစပ် သောက်သုံးပါက အာယု၀ဎုန ဆေးအဖြစ် အသက်ကို ရှည်စေသည်။
🌺အဆုတ်မှာအနာပေါက်ပြီးပြည်တည်သော ရောဂါ
ရောဂါလက္ခဏာမှာ
ချောင်းဆိုးလိုက်ပါက..လည်ချောင်းအတွင်းမှအဆုတ်အပိုင်းအစများ..ပြည်များ..ထွက်ကျလာတတ်ပါတယ်..
အချိန်ကြာကြာ ရေချိုးရာမှ…အဆုတ်အအေးပတ်ပြီး ဖြစ်သော ရောဂါ ဖြစ်ပါတယ်…
“ဆေးနည်းကတော့လွယ်ပါတယ်”
လွယ်တယ်ဆိုပြီး အထင်မသေးစေချင်ပါဘူး လက်တွေ့ ပျောက်သွားတဲ့သူတွေရဲ့ဆေးနည်းဖြစ်ပါတယ်…
ဘိစပ်ရွက် ကြိတ်ရည် အကြမ်းပုဂံ ၁ လုံးခန့်
မနက်အ်ိပ်ရာထ ၁ ကြိမ်..ညအိပ်ရာဝင် ၁ ကြိမ်… အစားနဲ့ဝေးဝေး သောက်ပေးပါ..
နေ့စဉ် ပုံမှန် သောက်ပေးပါ..သောက်နေရင်းနဲ့ ထူးခြားလာပါလိမ့်မယ်..သက်သာတဲ့အထိ သောက်ပေးပါ..
🌺နတ်ဆေးရွက်ခေါ် ပိစပ်ရွက်သည်အင်မတန်အစွမ်း ထက်ပါသည် ထိခိုက်ရှနာများ ဘယ်လောက်ကြီးကြီး အရိုးမထိ အကျောမပြတ်ရင် ၎င်းပိစပ်ရွက်ကိုချေပြီး အရည်ညှစ်၍အနာကိုထဲ့ပါ ချေထားသောအရွက်ကိုအနာ ပေါ်အုပ်ပြီး အဝတ်သန့်သန့်ဖြင့်စည်းထားပါ။ အနာအနေအထားပေါ်ကြည့်ပြီး နောက်နေ့တွေလည်း ဆက်ပြီးထည့်ပေးပါ။
အနာလုံးဝ ယင်းခြင်း ယောင်ခြင်း ကိုက်ခဲခြင်း မရှိပါ။ အနာသေးလျှင်တစ်ရက် နှစ်ရက်နှင့်ပျောက်ပါသည်။
အနာကြီးလျှင်စိတ်ရှည်စွာဖြင့်ဆက်ထဲ့ပါ။ လုံးဝပျောက်ကင်းသွားပါ လိမ့်မည်။
ပိစပ်ပင်အရွက်ဟာအပြင်ပိုင်းထိခိုက်ရှနာဖြစ်လည်းပဲ အရွက်ကိုကြိတ်ပြီးအရည်ကိုအနာပေါ်ညှစ်အုံပါ။
ပွေး ဝဲ နှင်း အကုန်ပျောက်ပါတယ်။အုံတာကနာရီ၀က်ခန့်အုံပါ။
🌺(ပိစပ်ပင်အရွက် ဆေးဖက်ဝင်ပုံ)ပျောက်ကင်းသောရောဂါများ အတွက်
(၁) ချောင်းဆိုးရင်ပိစပ်ပင်အရွက်ညှစ်ပြီးသောက်ပါ။
(၂) အနာစိမ်းပေါက်ရင် ပိစပ်ပင်အရွက်ကိုလက်ဝါနှစ်ဖက်ပွက်ပြီး ရင်အနားစိမ်ကိုအုံလိုက်ပါ။
( ၃ ) သွေးဆုံမီးယပ်အမျိုးသမီးများအတွက် ပိစပ်ပင်အရွက်ကိုအညာထန်းလျက်နဲ့ သုံးခွက်တစ်ခွက်တင်ပြုတ် သောက်ပါ။
( ၄ )ချောင်ဆိုး/ အဆုတ်ပြွန်ယောင် / လည်ချောင်နား ကိုယ်ပူ ကျစေမယ်။
ဆေးနည်း.......
ပိစပ်ပင်အရွက်ကိုထောင်းပြီးအရည်ညှစ်ယူပြီး ဆားနဲ့ရောပြီးမနက်တစ်ကြိမ် / နေ့လည်တစ်ကြိမ်/ ညနေတစ်ကြိမ် သောက်ပေးပါ။
သုံးရက်ဆက်တိုက်သောက်ပါ ။ ချက်ခြင်းရောဂါပျောက်ကင်းပါသည်။
( ၅ ) ထိခိုက်ရှာနာများ
အရွက်ကိုချေ၍ နာနာသိပ်ဖိပါ ပြီးရင်သေခြာ ပတ်တီးစီးအုံပေးထားပါက အသားနုအမြန်တက်ပြီးပျောက်ကင်းစေပါသည်။
( ၆ ) လိပ်ခေါပိစပ်ရွက်ကိုကြိုချက်ပါရေကိုပွတ်ပွက်ဆူအောင်ကြို အရွက်များလျှင်ရေကိုပိုထည့်ပါ။
ရေသန့်ဗူးနှစ်ဗူးတွက်လောက်ခန့်မှန်းကြိုပါ။အရွက်ကိုလည်းရေသန့်ဗူးနှစ်ဗူးနဲ့ညီမျှအောင်အာနိသင်ရှိအောင်ခန့်မှန်းပြီးထည့်ပါ။
ကြိုချက်ပြီးပါက အအေးခံပြီးရေစစ်ဖြင့်စစ်ပါ။ အေးပြီးဆိုလျှင်ရေသန့်ဗူးထဲထည့်ထားပါ မနက် နေ့လည် ည သုံးကြိမ်သောက်ပါ။(သောက်ရန်ခွက် တစ်ကြိမ်လျှင်လက်ဖက်ရည်ခွက်တစ်ခွက်ပါ)
အစပိုိင်းသောက်တဲ့ချိန်မှာ ခါးသက်သက်ရှိမှာပါ။အနံကလည်းရှိတာမို့ သောက်ရတာအဆင်မပြေတာတွေရှိမယ်။
ခါးသက်သက်ဖြစ်လို့သောက်ရခက်နေရင် သကြားအနည်းငယ်ထည့်ပြီးသောက်သုံးနိုင်ပါတယ်။ ဆေးသောက်ပြီးလို့နှစ်ရက်လောက်ဆိုရင် သက်သာလာပါလိမ့်မယ်။
တစ်ခါတစ်လေ ကျင်ကြီးသွားတဲ့ချိန် သွေးပါတာတွေလဲ သက်သာလာပါလိမ့်မယ်။
ရောဂါအခြေနေကြည့် ချင့်ချိန်၍ အသုံးပြုပါသက်သာမှုရှိရင်၁၅ရက်မှ တစ်လခန့်ထိ စွဲသုံးသင့်သည်။(မိမိနှင့်သင့်လျှော်သလောက်အသုံးပြုပါ)
ဆေးရုံဆေးခန်း ကုသဖို့အခက်ခဲရှိနေသူများဆေးပတ်လည်အောင် ကုသကြည့်သင့်ပါတယ်

image