#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မောင့်လီဝိုတိုဘီလာကီ-လာကီမီးတောင် ပေါက်ကွဲ၊ ချော်ပြာများ မှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်သည် စက်တင်ဘာ ၁၉ ရက်တွင် ပေါက်ကွဲမှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးမီးတောင်ပြာမှုန့်များကို အမြင့် ၂ ဒသမ ၅ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ကြောင်း သိရသည်။
အထက်ပါ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များသည် မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်အတွက် အန္တရာယ်သတိပေးချက်အဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်ခဲ့ရ သည်။
အမြင့် ၁၅၈၄ မီတာရှိသော မောင့်လီဝိုတိုဘီ လာကီ- လာကီမီးတောင်သည် အင်ဒိုနီးရှားအရှေ့ပိုင်းဖလောရပ်စ်ကျွန်းပေါ်၌ တည်ရှိသည်။
အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် ပေါ်ထွက်လာသည့် မီးတောင်ချော်ပြာများသည် လေဆိပ်များ၏ လုပ်ငန်းလည်ပတ်မှုနှင့် လေကြောင်းလမ်းများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင် ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက သတိပေးထားသည်။
ယခုနှစ်ဇူလိုင်လကလည်း မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်ပေါက်ကွဲခဲ့ပြီး မီးတောင်ချော်ပြာများကို အမြင့် ၁၈ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ရာ လေကြောင်းခရီးစဉ် ၂၄ ခု ဖျက်သိမ်းခဲ့ရဖူးသည်။
ရိုက်တာ

image
17 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တာ့ခ်ခရိုင်တွင် ဆိုင်ကယ်များဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၂၀ အဖမ်းခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် ဆိုင်ကယ်လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ဝ ကို စက် တင်ဘာ ၁၈ ရက်ညတွင် နယ်စပ်တပ်ဖွဲ့များကဖမ်းဆီးခဲ့ကြောင်း သိရ သည်။
မဲဆောက်မြို့နယ် ဘန်ဝမ်ကဲရွာအနီးရှိ မြစ်တစ်လျှောက် ရာ့ချ်မာနူ အထူးတပ်ဖွဲ့ကင်းလှည့်စဉ်အတွင်း မြန်မာနိုင်ငံသား ၂ဝ၊ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးကိုးဦးနှင့် ကလေးသုံးဦးအား မော်တော်ဆိုင်ကယ်လေးစီးဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂ဝ ရက်က နရဲစွမ်အထူးတပ်ဖွဲ့ (Naresuan Task Force) က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသား ၂၀ သည် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်း မပါရှိဘဲ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည့်အတွက် ဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်မနက်ကလည်း ကန်ချနဘူရီပြည်နယ် သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - Naresuan Task Force

image

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၄၅ ကျပ်
ဝယ်ဈေး - ၄၁၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၀၀ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၀ ကျပ်
ဝယ်ဈေး - ၄၈၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၈ ကျပ်
ဝယ်ဈေး - ၉၈၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၉၇ ကျပ်
ဝယ်ဈေး - ၅၈၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၆၁ ကျပ်
ဝယ်ဈေး - ၂၈.၀၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၁၉ ကျပ်
ဝယ်ဈေး - ၄၇.၂၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၅ ကျပ်
ဝယ်ဈေး - ၂.၉၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၁၅ ကျပ်
ဝယ်ဈေး - ၅၆၀၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၉၇ ကျပ်
ဝယ်ဈေး - ၂၇၄၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၇၇ ကျပ်
ဝယ်ဈေး - ၃၀၁၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၇ ကျပ်
ဝယ်ဈေး - ၅၃၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၅၆ ကျပ်
ဝယ်ဈေး - ၁၁၃၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့အတွက် plan

image

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၆၈၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၂၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

17 ပတ် - ဘာသာပြန်ပါ။

ကိုယ့်အချစ်က
စံပယ်ပန်းလိုအချစ်မို
မင်းပိုင်ဆိုင်ချိန်မှာ သင်းပျံ့နေမှာပါ။

ကိုယ့်အချစ်က
ခရေပန်းလိုအချစ်မို
မင်းခြွေချခဲ့ရင်တောင် သင်းပျံ့နေမှာပါ။

image
17 ပတ် - ဘာသာပြန်ပါ။

,ကြက်သားငရုတ်ခြောက်ကြော်နည်း🌶️🌶️🌶️
ကြော်နည်းပုံမှာကြည့်ပေးပါရှင့်

image
17 ပတ် - ဘာသာပြန်ပါ။

,ကြက်သားငရုတ်ခြောက်ကြော်နည်း🌶️🌶️🌶️
ကြော်နည်းပုံမှာကြည့်ပေးပါရှင့်

image
17 ပတ် - ဘာသာပြန်ပါ။

,ကြက်သားငရုတ်ခြောက်ကြော်နည်း🌶️🌶️🌶️
ကြော်နည်းပုံမှာကြည့်ပေးပါရှင့်

imageimage
17 ပတ် - ဘာသာပြန်ပါ။

စူပါတိုင်ဖွန်းမုန်တိုင်း - အချင်းမိုင် ၇၃၆ မိုင် အကြွင်းအကျန်များဝင်ရောက်လာချိန် အထူးသတိထားရန်⭕⭕‼️‼️
Weather Station Track အရလည်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအကြွင်းအကျန်လမ်းကြောင်းအောက်ဘက်ကို ကျမှာ သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် -
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်း RAGASA သက်ရောက်မှု အများဆုံးဖြစ်နိုင်မည့်အခြေအနေ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
မုန်တိုင်းတိုက်ရိုက်ဝင်တိုက်နှိုင်မှာမဟုတ်သော်လည်း အနိမ့်ပိုင်းဒေသတွေက ရပ်ကွက်/မြို့နယ်/ခရိုင်တွေမှာ ရုတ်တရက်ရေကြီးခြင်း၊ မြစ်ရေ/ချောင်းရေကြီးနိုင်ခြင်း(River Flood- Flash Flood- Surface Flood) နှင့် တောင်ထူထပ်တဲ့ဒေသတွေမှာ မြေပြို-တောင်ပြိုနိုင်ခြင်း(Landslide) ဖြစ်ပေါ်နိုင်ခြင်းများအပြင်၊
စူပါတိုင်ဖွန်းမုန်တိုင်းအရွယ်အစားက ဒီနေ့ SATCON မှ နောက်ဆုံးရတဲ့အချက်အလက်တွေအရ အချင်းမိုင် ၇၃၆ မိုင်ရှိနေတဲ့အတွက် မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာချိန်မှာ အထူးသတိထားကြရမှာဖြစ်ကြောင်း ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြလိုပါတယ်။
(စက်တင်ဘာလ ၂၁ ရက် - ညနေ ၃ နာရီ ၂၀ မိနစ်)

image