29 w - Translate

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံ ခြောက်ခု ရေပြည့်မှတ်နီးပါး ရောက်ရှိနေ
အောက်တိုဘာ ၁ - ၂၀၂၅

အခုနှစ် မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှု များပြားလျက်ရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းက ရေလှောင်တမံ ခြောက်ခု ရေပြည့်မှတ်နီးပါး ရောက်ရှိနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ အသိပေးထားပါတယ်။
လက်ရှိမှာ လှည်းကူးမြို့နယ် အတွင်းက ငမိုးရိပ်ရေလှောင်တမံ အပါအဝင် ပေါင်းလင်း၊ မဟူရာ၊ လဂွမ်းပြင်၊ ကလီထော်၊ တောင်လုံးမြောင် အစရှိတဲ့ ရေလှောင်တမံတွေ ရေပြည့်မှတ် နီးပါး ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“မိုးကတော့ ဒီမနက်ပိုင်း တောက်လျှောက် ကောင်းနေတယ်။ ရေလှောင်တမံတွေကတော့ လက်ရှိ ရောက်နေတဲ့ ရေမှတ်ကနေ သိသိသာသာတော့ မတိုးသေးပါဘူး။ လောလောဆယ်တော့ ရေကျော်မယ့် အလားအလာ မတွေ့ရသေးပါဘူး” လို့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ ငမိုးရိပ်ရေလှောင်တမံဟာ ‌ဒီကနေ့ အောက်တိုဘာ ၁ ရက်၊ မနက် ၆ နာရီအချိန်မှာ ရေပြည့်မှတ် ရောက်ဖို့အတွက် ၀ ဒသမ ၁၀ ပေလောက်သာ လိုတော့တယ်လို့ သိရပါတယ်။
ငမိုးရိပ်ရေလှောင်တမံရဲ့ ရေပြည့်မှတ်ဟာ ၁၀၇ ပေ ဖြစ်ပြီး လက်ရှိမှာတော့ ရေအမှတ် ၁၀၆ ဒသမ ၉၀ ပေကို ရောက်ရှိနေတာဖြစ်ကာ မိုးရေချိန်ကတော့ ၀ ဒသမ ၄၃ လက်မ ရှိနေတယ်လို့ သိရပါတယ်။
ငမိုးရိပ် ရေလှောင်တမံမှာ နှစ်စဥ်ပျှမ်းမျှ မိုးရေချိန် ၁၀၀ ဒသမ ၀၀ လက်မ လက်ခံရရှိနေပြီး အခုနှစ် အတွင်းမှာတော့ မိုးရေချိန်မှာ ၉၁ ဒသမ ၃၇ လက်မအထိ လက်ခံ ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“အခုရက်ပိုင်းက မုန်တိုင်းအရှိန်ကလည်း ရှိနေတော့ မိုး‌ကတော့ ကောင်းနေဦးမယ်။ အရင်ကတော့ ရာဂါဆာမုန်တိုင်း၊ အခုကတော့ ဘူအလွိုင် မုန်တိုင်းပေါ့။ မုန်တိုင်းတွေသာ မရှိရင်တော့ Shutter တွေ ပိတ်ရမှာ။ လက်ရှိကတော့ အခြေအနေ ဘာမှန်းမသိသေးဘူး။ မိုးရွာသွန်းမှု အနည်းအများကိုပဲ စောင့်ကြည့်ရမှာပဲ” လို့ သူက ပြောပါတယ်။
ဒါအပြင် ရေပြည့်မှတ် ၁၉၀ ပေ ရှိတဲ့ ပေါင်းလင်းဆည်ဟာလည်း လက်ရှိမှာ ရေအမှတ် ၁၇၉ ဒသမ ၈၀ ပေကို ရောက်ရှိနေပြီး မိုးရေချိန် ၀ ဒသမ ၉၈ လက်မ ရှိနေတယ်လို့ သိရပါတယ်။
ရေပြည့်မှတ် ၂၁၆ ပေ ရှိတဲ့ မဟူရာ (ငမိုးရိပ်) ရေကူရေလှောင်တမံဟာလည်း လက်ရှိမှာ ရေအမှတ် ၂၁၄ ဒသမ ၉၀ ပေကို ရောက်ရှိနေပြီး မိုးရေချိန် ၀ ဒသမ ၇၈ လက်မ ရှိနေတယ်လို့ သိရပါတယ်။
လဂွမ်းပြင် ရေလှောင်တမံ‌ကတော့ ရေပြည့်မှတ် ၈၂ ပေရှိပြီး လက်ရှိမှာ ရေမှတ် ၇၇ ဒသမ ၄၀ ပေကို ရောက်ရှိနေကာ မိုးရေချိန် ၁ ဒသမ ၁၇ လက်မ ရှိနေတယ်လို့ သိရပါတယ်။
ကလီထော်ဆည်ကတော့ ရေပြည့်မှတ် ၁၃၅ ပေရှိပြီး လက်ရှိမှာ ရေမှတ် ၁၃၂ ဒသမ ၃ ပေကို ရောက်ရှိနေကာ မိုးရေချိန် ၁ ဒသမ ၈၅ လက်မ ရှိနေပြီး မိုးရေချိန် ၀ ဒသမ ၇၈ လက်မ ရှိနေသလို ရေပြည့်မှတ် ပေ ၈၀ ရှိတဲ့ တောင်လုံးမြောင် ရေလှောင်တမံကတော့ လက်ရှိမှာ ရေအမှတ် ၇၄ ဒသမ ၀၀ ပေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“အရင်ရက်တွေက မိုးက ရွာလိုက်တိတ်လိုက်ဆိုတော့ ရေက ထင်သလောက် မတိုးလာဘူး။ မိုးဆက်တိုက် ရွာလို့ တမံကနေ ရေလျှံလာမယ် ဆိုရင်တော့ ရေပိုလွှဲကနေ ချောင်းတွေထဲ ရေစီးဝင်နိုင်တယ်။ အနိမ့်ပိုင်း ရပ်ကွက်တွေ၊ ချောင်းနံဘေးက နေရာတွေ သတိထားရမှာပေါ့” လို့ ဆည်မြောင်း ဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ အခြေအနေတွေနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်းလာနေပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်ကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ မုန်တိုင်းငယ်အဖြစ် ပိုမို အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။
အဲဒီနောက် အောက်တိုဘာ ၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်း - အင်ဒရာ ပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁ ရက်၊ ညနေပိုင်းအထိ မိုးရွာသွန်းမှု အခြေအနေတွေကတော့ ချင်းပြည်နယ်မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကချင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

image

imageimage

လူကြိုက်များလှတဲ့ အုပ်စုဖွဲ့နေထိုင်ပြီး အပင်ကန်မှာ ထည့်မွေးလို့အရမ်းမိုက်တဲ့ Tiger လေးတွေအထီးအမခွဲနည်းလေးရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

🌿 မောပန်းလွယ်ခြင်း၊ ကိုယ်ခန္ဓာဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဘာအကြောင်းမှမရှိဘဲ အားအင်ကုန်ခမ်းနေသလို ခံစားရခြင်းများ ရှိပါသလား...?
​ဒါဟာ အိပ်ရေးပျက်ရုံသက်သက် မဟုတ်ဘဲ “အသည်းအဆီဖုံးခြင်း” က တိတ်တဆိတ် ကပ်ပါလာတာ ဖြစ်နိုင်ပါတယ်။ “ဒီလိုလက္ခဏာတွေ ရှိနေကြသူတွေ အများကြီးပဲ၊ ဒါပေမဲ့ သူတို့ကိုယ်တိုင် မသိကြဘူး။ သိတဲ့အခါကျတော့ နောက်ကျနေပြီ!”
​ကိုယ်တွေ့အကြောင်းလေးတစ်ခု ပြောပြမယ်
​👵🏻 အိမ်နားက ဦးလေးတစ်ယောက်ရဲ့ ပြောပြချက်အရဆိုရင်...
​“အရင်တုန်းက မကြာခဏဆိုသလို ပင်ပန်းလွယ်တယ်၊ ညောင်းညာပြီး အားအင်ကုန်ခမ်းနေတယ်။ ဆရာဝန်စစ်ဆေးကြည့်တော့ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ အဆီတွေ ဖုံးနေတယ်လို့ ပြောတယ်။ ဒါနဲ့ ဦးလေးက (မန်ကျည်းရွက်) ကို ပြုတ်ပြီး သောက်လိုက်တယ်”
​ဦးလေးက ရက်အနည်းငယ်ပဲ ပြုတ်သောက်လိုက်တာ ကိုယ်ခန္ဓာ ပေါ့ပါးလာတယ်၊ ဗိုက်ထဲမှာ လေအောင့်တာတွေ သက်သာသွားပြီး ဝမ်းဗိုက်လည်း သက်သောင့်သက်သာ ဖြစ်လာတယ်လို့ ပြောတယ်။ အခုထိလည်း ကြားထဲမှာ နားပြီး တစ်ခါတစ်ရံ ပြုတ်သောက်နေဆဲပဲတဲ့။
​“မန်ကျည်းရွက်နုနု” ရဲ့ အကျိုးကျေးဇူးများ.......
​🧉 “မန်ကျည်းရွက်နုနု” ရဲ့ ထူးခြားတဲ့ အစွမ်းသတ္တိများ
​သွေးကို သန့်စင်စေပြီး သွေးလည်ပတ်မှုကောင်းစေခြင်း
​အူလမ်းကြောင်းမှ လေကို ထုတ်ပေးခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းကို သက်သာစေခြင်း
​စုဆောင်းနေသော အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အစာခြေစနစ်ကို သန့်စင်ပေးခြင်း
​အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းကိုလည်း ကုသပေးနိုင်သေးတယ်။
​🍵 ပြုလုပ်နည်း အလွန်လွယ်ကူပါတယ်
* ​မန်ကျည်းရွက်နုနု လက်တစ်ဆုပ်စာ
* ​ရေ ၁ လီတာ
* ​၁၅ မိနစ်ခန့် ဆူအောင် တည်ပါ
​မနက်စာနဲ့ ညစာ စားပြီးနောက် တစ်နေ့ နှစ်ကြိမ် နွေးနွေးလေး သောက်ပါ။
​၃ ရက်မှ ၅ ရက်အထိ ဆက်တိုက်သောက်ပြီးနောက် ၅ ရက်ခန့် နားပါ။ ပြီးမှ ပြန်စသောက်ပါ။
​ကိုယ်ခန္ဓာလေးလံနေခြင်း၊ အားအင်ကုန်ခမ်း မောပန်းခြင်း၊ အားမရှိခြင်း၊ သို့မဟုတ် အသည်းနှင့်ပတ်သက်သော ရောဂါလက္ခဏာများ (မျက်လုံးဝါခြင်း၊ ကိုယ်ခန္ဓာဝါခြင်း) ရှိသူများအတွက် သင့်တော်ပါတယ်။

image

မလေးရှားသို့ အလုပ်သွားလုပ်မည့် တရားမဝင် မြန်မာ ၉၀ ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းမိ

အောက်တိုဘာ ၁

မလေးရှားသို့ အလုပ်သွားလုပ်မည့် တရားမဝင် မြန်မာ ၉၀ ဦးကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက် ည သန်းခေါင်ကျော်(စက်တင်ဘာလ ၃၀ ရက် ယနေ့ နံနက်)ပိုင်းက ဖမ်းမိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကားများဖြင့်တင်ဆောင်လာကြောင်း သတင်းအရ အထက်ပါအတိုင်း ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးစဉ် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ကား (၆) စီးအနက် ကား (၄) စီးဖမ်းမိခဲ့ရာ ကားပေါ် လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား (၉၀) ဦးနှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် ကား (၂) စီးနှင့် ယာဉ်မောင်းနှစ်ဦးတို့မှာ ထွက်ပြေးလွတ်မြောက် သွားသဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်း ထွက်ပြေးလွတ်မြောက်သွားသူများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အဖမ်းခံရသူများက ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ကန်ချနဘူရီခရိုင်ကတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် နေရာအနီးအဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ပွဲစားခ ဘတ် ၃၀၀၀၀ မှ ၆၀၀၀၀ အထိပေးချေခဲ့ရကြောင်း ထွက်ဆိုထားသည်။

ယခုအခါ အဖမ်းခံရသည့် မြန်မာနိုင်ငံသားများအား ထိန်းသိမ်းထားပြီး၊ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

မင်္ဂလာပါ---
၁-၁၀-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ပဲ ဖြစ်ပါတယ်------

image