အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်း ဂိုးပြတ်ရှုံးနိမ့်
၂၀၂၅-၂၆ ဘောလုံးရာသီ အာရှအမျိုးသမီး
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်းဟာ တောင်ကိုရီးယားကလပ် ဆူဝမ် FC အသင်းကို ဝ-၅ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
ISPE အသင်းဟာ အုပ်စု C မှာ ဆူဝမ် FC အသင်းအပြင် ဂျပန်ကလပ် တိုကျိုဗာဒီဘယ်လေဇာ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ အတူကျရောက်နေတာပါ။
အုပ်စု C ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပနေပြီး သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်တယ်။
ISPE အနေနဲ့ အုပ်စုကျပ်ထဲ ကျရောက်နေလို့
ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးနေတာပါ။
ISPE အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် တိုကျိုဗာဒီဘယ်လေဇာအသင်းနဲ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။
ပြိုင်ပွဲဝင် ၁၂ သင်းကို လေးသင်း သုံးအုပ်စု ခွဲထားပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီအပြင် အကောင်းဆုံး အုပ်စုတတိယနှစ်သင်းပါ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
