အမြန်လမ်းတွင် အိမ်စီးကားရှေ့ဘီးပေါက်ပြီး Guard Rail တန်းကိုဝင်တို-က် ကလေးငယ်(၁)ဦး ‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၇ နာရီခန့်က အိမ်စီးကား (၁) စီးယာဥ်မ တော်တဆမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော SUZUKI ERTIGA ကားသည် မိုင်တိုင်အမှတ် မိုင်တိုင်အမှတ် ၁၀၁/၇ နှင့် ၁၀၂/၀ ကြားအရောက် ရှေ့ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကာရံထားသော Guard Rail တန်းအားဝင်တို-က်မိခဲ့သဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် ကလေးငယ် (၁) ဦးမှာ ထိခိုက်ဒ-ဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး (၅) ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ‌ေ-သဆုံးကလေးငယ်၏ ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူများအား (၁၁၅) မိုင် ကြက်ခြေနီအ သင်းက ဖြူးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
​ယာဉ်မတော်တဆမှုများလျော့ကျစေရန် အမြန်လမ်းမပေါ်တွင် ယာဉ်မောင်းသူများအနေဖြင့် မောင်းနှင်မှုအရှိန်ကို သတ်မှတ်ချက်အတိုင်းထိန်းချုပ်မောင်းနှင်ရန်၊ ယာဉ်တာယာနှင့် စက်ပစ္စည်းများကို မထွက်ခွာမှီသေချာစွာစစ်ဆေးရန်နှင့် အထူးသတိဖြင့်မောင်းနှင်ကြရန် သက်ဆိုင်ရာဌာနများကသတိပေးနှိုးဆော်ထားသည်။

image