အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသူ (၃) ဦးကို ပြန်လည်ပို့ဆောင်ပေး
ဆော်ဒီအာရေဗျနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသူ (၃) ဦးကို ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
၎င်းတို့အား မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ နိုဝင်ဘာ ၈ ရက်ညပိုင်းတွင် ရီရတ်ဒ်-ဘန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။