Miss Grand Myanmar 2025
JK Sophia
Timeless Wedding Show Case မှာ
ပါဝင်ခဲ့သူ ✨
အဲ့လို gown နဲ့သူက မလိုက်ဖူးနော်
ပိုပုသွားသလို ထင်ရတယ်🥲
MGI မှာ JK အတွက်
Preliminary & final gown တွေ
သေချာပြင်ဆင်ထားနိုင်ပါစေ🤍
#missgrandinternational2025
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Miss Grand Myanmar 2025
JK Sophia
Timeless Wedding Show Case မှာ
ပါဝင်ခဲ့သူ ✨
အဲ့လို gown နဲ့သူက မလိုက်ဖူးနော်
ပိုပုသွားသလို ထင်ရတယ်🥲
MGI မှာ JK အတွက်
Preliminary & final gown တွေ
သေချာပြင်ဆင်ထားနိုင်ပါစေ🤍
#missgrandinternational2025
Miss Grand Myanmar 2025
JK Sophia
Timeless Wedding Show Case မှာ
ပါဝင်ခဲ့သူ ✨
အဲ့လို gown နဲ့သူက မလိုက်ဖူးနော်
ပိုပုသွားသလို ထင်ရတယ်🥲
MGI မှာ JK အတွက်
Preliminary & final gown တွေ
သေချာပြင်ဆင်ထားနိုင်ပါစေ🤍
#missgrandinternational2025





⚛ အိုသောသူများ အခါးစားပါ ⚛
လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ် ဖြစ်ပြီး လေသည် ဝါယောဓာတ် ဖြစ်သည်။
ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့်ကျင်ဘက် နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက် ရှိပေသည်။ ဆန့်ကျင်ဘက် နှစ်ခု ပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ် တွင်းက သက်သေပြလျက် ရှိပေသည်။အသက်ကြီး လာသောအခါ သွေးအား ယုတ်လာသည် ဟု ပြောစမှတ် ပြုကြသည်။
အမှန်က သွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိ လျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ် က အားယုတ် လာခြင်းကြောင့် အားနည်း လာခြင်း ဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန်အဖျား နေရာများမှ ပြသည်။ ဦးခေါင်းငယ် ထိပ်တွင် ဆံပင်များ ကျွတ်ပြီး ပြန်မပေါက် တော့သောကြောင့် ထိပ်ပြောင် လာသည်။
ခြေထောက်ရှိ ခြေသန်း၊ ခြေသူကြွယ် ခြေချောင်း ကလေးများတွင် ခြေသည်းများ အက်ကွဲ လာသည်။ ဖနောင့် အရေပြား များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာသည်ကို တွေ့ရမည် ဖြစ်သည်။ လယ်များတွင် ပပ်ကြားအက် သကဲ့သို့ ကိုယ်ခန္ဓာ အရေပြားတွင် အက်ကွဲရာများ ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။အသက်ကြီး လာလျှင် လေဆက် စေရန် အခါး စားပေးရမည် ဟု ရှေးလူကြီး များက ဆိုသည်။ အခါး ဟူရာတွင်လည်း နှစ်မျိုးရှိသည်။
”ပူခါး” နှင့် ”အေးခါး” ဟူ၍ အာယုဗေဒ ဆေးကျမ်း များတွင် တမာအခါး ကို လည်းကောင်း၊ မုရားကြီးရွက် အခါးကို လည်းကောင်း၊ တောင်မရိုး အခါး ကိုလည်းကောင်း ဝါး၍လျှာဖြင့် စမ်းသပ် ကြည့်သော အခါ ”အပူခါး” အရသာကို တွေ့ရမည် ဖြစ်သည်။ တမာအခါး ကား ပိုးကို နိုင်သည်။ တောင်မရိုး အခါးကား အဖျားကို နိုင်သည်။ မုရားကြီးရွက် အခါးကား ပန်းနာချောင်းဆိုး နှင့် အဆုတ်နာ ရောဂါအမျိုးမျိုး တို့ကို နိုင်သည် ဟု ကျမ်းက ဆိုသည်။
ခွေးတောက်ရွက် သည်လည်း ပူခါးမျိုး ဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများ သည့် ပါဒရက်ရောဂါ အမျိုးမျိုးကို နိုင်သဖြင့် ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့် ချက်၍ ရှေးက ဆရာကြီးများ က ဓာတ်စာ ပေးသည်ကို တွေ့ရဖူးသည်။ စာရေးသူတို့ မိဘများသည် ကျေးဇူးရှင် ဗန်းမော် ဆရာတော်ကြီး စာဝါချ၍ အညောင်း အကိုက် များသည့် အခါတိုင်း ချက်၍ ဆက်ကပ် ရသည်ကို အမှတ်ရ ဖူးသည်။
ရှေးကလူကြီး များသည် လက်ဖက် စစ်စစ်ကို နှမ်းဆီဖြင့် စိမ်ပြီး နေ့လယ် ထမင်းစားပြီး တိုင်း နည်းနည်းစီ စားပေး ကြသည်။ လူကြီးများ အတွက် လေဆက်ပြီး အသက်ရှည် စေသော ဆေးဖြစ်သည် ဟု ဆိုသည်။ လက်ဖက်သည် အေးခါး အရသာ ဖြစ်သဖြင့် ပူခါး အရသာ ဖြစ်သွားအောင် နှမ်းဆီဖြင့် စိမ်စားခြင်း ဖြစ်သည်။ အသက် ရာကျော် ရှည်သော ဘိုးဘွားများသည် ဤ ဓာတ်စာကို စားခဲ့ကြ သည်ဟု မှတ်သားရ ဖူးသည်။
”လေမသက် အနေခက်၊ လေမစုန်ငွေကုန်” ဟု ရှေးလူကြီးများ ပြောကြသည်။ လူကြီးများ အတွက် ကျန်းမာရေး မှာ လေ က အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟု ယူဆ ကြ သော်လည်း လေလည် နေသည့် လူကြီးများမှာ ကျန်းမာ နေသည်ကို တွေ့ရပေသည်။ ဆေးပညာ အရလည်း အသက် (၆၅) နှစ်ကျော်လျှင် လေအရွယ် ရောက်ပြီ ဖြစ်သဖြင့် လေဆက်မည့် ဓာတ်စာများ စားပေး သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။
ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ ၃၀ ရက်မှစတင်ကာကျင်းပသွားမည်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် စက်တင်ဘာ ၃၀ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အစရက်ဖြစ်သော စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိအား မဟာပဋ္ဌာန်း ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ဆွမ်းအိုးမျှောပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနားတို့ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုဖျော်ဖြေမှုများ၊ ဇာတ်သဘင်ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ၊ ဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ ၃၀ ရက်မှစတင်ကာကျင်းပသွားမည်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် စက်တင်ဘာ ၃၀ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အစရက်ဖြစ်သော စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိအား မဟာပဋ္ဌာန်း ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ဆွမ်းအိုးမျှောပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနားတို့ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုဖျော်ဖြေမှုများ၊ ဇာတ်သဘင်ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ၊ ဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။